စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြတ်ဗုဒ္ဓနှင့် ဗာရာဏသီ။




•••••••••••••••••••••
ဗုဒ္ဓမြတ်စွာလက်ထက်က ဤဗာရာဏသီမှ တရားထူးရသူ အများအပြားရှိသည်။

ဘုရားရှင် မိဂဒါဝုန်၌ ပထမ၀ါဆိုတော်မူစဉ်ကပင် ဧဟိဘိက္ခု-လက်ယာတော်ရံ ရဟန္တာများ ဖြစ်ကြသည့် အရှင်ယသ, အရှင်ဝိမလ, အရှင်သုဗာဟု, အရှင်ပုဏ္ဏဇိ, အရှင်ဂ၀မ္ပတိ တို့သည် ထင်ရှားသော ဗာရာဏသီ သူဌေးသားများ ဖြစ်ကြသည်။

အရှင်ယသ၏ ခမည်းတော်ဖြစ်သော အဦးဆုံး တေ၀ါစိက (ဗုဒ္ဓ, ဓမ္မ, သံဃ စကားသုံးခွန်းဖြင့်) သရဏဂုံတည်သူ အရိယာဥပါသကာနှင့်ဂိလာန (သူနာ) ပြုစုမှုတွင် အသာဆုံး ဧတဒဂ်ဆုရ သုပ္ပိယာ ဥပါသိကာမတို့လည်း ဗာရာဏသီဇာတိပင် ဖြစ်ကြသည်။

ဤဗာရာဏသီသည် အနာဂတ်ကာလ၌ ကေတုမတီ-နာမည်ဖြင့် ထင်ရှား၍ အရိမေတ္တေယျ ဘုရားရှင်ပွင့်တော်မူရာမြို့ ဖြစ်လိမ့်မည်-ဟု ဆိုသည်။

( အရှင်ပဏ္ဍိတာဘိဝံသ )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...