စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဘက်ထရီ စံချိန်တင် သော Apple နောက်ဆုံးထုတ် MacBook Air



ဝါရှင်တန်၊ ဇူလိုင် ၇

ကွန်ပျူတာ ဒီဇိုင်းဆန်းများ ထုတ်လုပ်ရာတွင် နာမည်ကျော်သည့် Apple ကုမ္ပဏီသည် လွန်ခဲ့သည့် ၂ နှစ်ခွဲခန့်ကတည်းက ထုတ်ခဲ့သည့် MacBook Air ကို ၂၀၁၃ ခုနှစ်တွင် version အသစ်အနေနှင့် ထပ်မံ ထုတ်ဝေခဲ့ရာ ဘက်ထရီသုံးချိန် စံချိန်တင်ခဲ့ကြောင်း CNET သတင်းတွင် ဖော်ပြထားသည်။

ယခင်ထုတ်ဝေခဲ့သည့် MacBook Air မြင်ကွင်း ၁၃ လက်မတွင် ဗီဒီယို ရုပ်ရှင်ကားများကို ဆက်တိုက် ဖွင့်ရာ အချိန် ၇ နာရီ ၂၇ မိနစ် ဖွင့်နိုင်ခဲ့သည်။ ယခုနှစ်ထုတ် version အသစ် MacBook Air တွင် ဗီဒီယို ရုပ်ရှင် ဖွင့်ကြည့်ချိန် စုစုပေါင်း ၁၄ နာရီ ၂၅ မိနစ်တိတိ ရရှိခဲ့သဖြင့် အချိန် နှစ်ဆခန့် တိုးမြှင့် ရရှိလာသည်ဟု ဆိုနိုင်သည်။

ယခုနှစ်ထုတ် MacBook Air သည် မြင်ကွင်း ၁၃ ဒသမ ၃ လက်မရှိပြီး ယခင်နှစ်များက ထုတ်ခဲ့သည့် version နှင့် ဘက်ထရီ နည်းပညာကလွဲပြီး ထူးခြားမှု မရှိကြောင်း ယင်းသတင်းတွင် ဖော်ပြထား သည်။

နောက်ပိုင်းထုတ် Laptop များသည် အပါးလွန် ပြိုင်ကြသဖြင့် ဘက်ထရီ သုံးနိုင်စွမ်း နိမ့်ခဲ့သော်လည်း Apple ၏ နည်းပညာသစ်ကြောင့် သာမန် သုံးလျှင် ဘက်ထရီ တစ်နေ့လုံး ခံနိုင်သည်အထိ တိုးတက် မြင့်မား လာခဲ့ပြီ ဖြစ်သည်။

ထိုကဲ့သို့ ဘက်ထရီ ကြာရှည်စွာ အသုံးပြုနိုင်ခြင်းမှာ Intel ကုမ္ပဏီ၏ Haswell စတုတ္ထမျိုးဆက် chip များကို သုံးထားသောကြောင့် ဖြစ်သည်ဟု ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

The Voice Weekly

 https://www.facebook.com/photo.php?fbid=440252262739277&set=a.351047714993

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...