ဖွံ့ဖြိုးပြီး နိုင်ငံတွေတိုင်းမှာ အင်တာနက် သုံးရတာ မြန်ဆန်ပါတယ်။ အလုပ်ပြီးမြောက်မှုက အံ့မခန်းပဲ။ အချိန်တို အတွင်း အလုပ်ပြီးမြောက်အောင် မြန်ဆန်တဲ့ အင်တာနက် ဆက်သွယ်ရေး ကွန်ရက်မှာ အလုပ်လုပ် နိုင်ကြ ပါတယ်။
မြန်မာပြည်ရဲ့  အိုင်တီလောကဟာ နှေးကွေးလှတဲ့ အင်တာနက်က ဆက်သွယ်ရေး စနစ်ကို မှီခိုနေရဆဲပါ။ နိုင်ငံခြားမှ ပညာရှင် မိတ်ဆွေတစ်ဦးက ဒီလိုပြောတယ်။ “ငါတို့ နိုင်ငံသားနဲ့ မင်းတို့ မြန်မာနိုင်ငံသား ဥာဏ်ရည်လည်း အတူတူပဲ။ ပညာလည်း အတူတူပဲ။ သို့ပေမယ့် မင်းတို့က ငါတို့လောက် မတိုးတက်ဘူး။ အကြောင်းအရင်း ကတော့ Isolated ဖြစ်နေလို့ပဲ”
မှန်ပါတယ်။ ယခု နှေးကွေးလှတဲ့ အင်တာနက်လိုင်းကို အသုံးပြုရတာ ဘာနဲ့ တူသလဲဆို လူ တစ်ကိုယ်စာ မရှိတဲ့ တိုးလျှိုပေါက်ထဲကို အားလုံး ဝိုင်းတိုးနေရသလိုပါပဲ။ Bandwidth နည်းလှတဲ့ အင်တာနက် မြန်နှုန်းအပေါ်မှာ ဝန်အား မမျှတဲ့မြန်မာပြည်က User များ ပြေးလွှားနေရပါတယ်။ ဒါတောင် လူဦးရေ သန်း ၆၀ လုံး အင်တာနက် အသုံးပြုနေခြင်း မဟုတ်သေးပါဘူး။ အင်တာနက် တကယ် အသုံးပြုသူ အရေအတွက်က ရန်ကုန်မှာ တစ်ကွက်ထဲ ကွက်များပြီး အခြား အနယ်နယ်၊ အရပ်ရပ်တွေမှာ လိုအပ်နေဆဲ ဖြစ်ပါတယ်။
ခပ်ကျယ်ကျယ်တူးထားတဲ့ မြောင်းထဲမှာ ရေဆီးတဲ့ ပမာဏ များပြီး ခပ်ကျင်းကျင်း တူးမြောင်းထဲမှာတော့ ရေဆီးတဲ့ ပမာဏ နည်းပါတယ်။ ဒီလိုပါပဲ အိုင်တီ လုပ်သားတို့ ဖန်တီးမှုရလဒ်ကလည်း အကန့်အသတ် တစ်ခုအထိ ရှိနေရခြင်း ဖြစ်ပါတယ်။ နိုင်ငံတကာ အိုင်တီသမားများနဲ့ တန်းတူယှဉ်နိုင်ဖို့ အမြဲ Update ဖြစ်ဖို့ မြန်ဆန်ဖို့လိုပါတယ်။ Microsoft , Linux, Java, PHP , Uniz တို့လို နေ့စဉ်နဲ့အမျှ တိုးတက်နေတဲ့ Platform ကို အမှီလိုက်နိုင်ဖို့ဆိုတာ လိုက်မယ့်သူဘက်က အမြဲ Update ဖြစ်နေဖို့လဲ လိုပါတယ်။ ဒါကြောင့် မြန်မာပြည်က အိုတီ သမားများ ပြည်ပမှာ အလုပ်ရှာထွက်တဲ့အခါ မျက်စိသူငယ်၊နားသူငယ်ဖြစ်ရြ
ခပ်ကောင်းကောင်း အင်တာနက်လိုင်း အသုံးပြုချင်ရင်တော့ ပိုများတဲ့ငွေကြေးတန်ဖိုးတစ
မြန်မာပြည် အိုင်တီ ကဏ္ဍ တစ်ခု ဖွံ့ဖြိုးတိုးတက်ရန် အခြေခံလိုအပ်ချက်ထဲမှာ Internet Connection ပါဝင်ပါတယ်။ အင်တာနက်လိုင်းကောင်းတော့လဲ
သို့ပေမယ့် မကြာတော့ပါဘူး။ လက်ရှိ နှေးကွေးတဲ့ အင်တာနက်လိုင်းမှာလည်း အလုပ်ပြီးမြောက်အောင် လုပ်ဖို့က ကိုယ်တာဝန်ပါ။ အဝေးတော့တဲ့ အနာဂတ်မှာ မြန်မာပြည် အိုင်တီကဏ္ဍဖွံ့ဖြိုးဖို့အတွက
အောင်ခမ်း (TSJ team)
No comments:
Post a Comment