စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကယ်ဆယ်ရေးရေကူးစက်ရုပ် ဂျပန်တီထွင်လိုက်ပြီ... တဲ့

 

       တကယ်လို့ လာမယ့် ၂၀ ၁၆ အိုလံပစ် ပွဲတော်ရဲ့ ရေကူးပြိုင်ပွဲ မှာ ဂျပန်ကသာ ရွှေတံဆိပ် ဆုတွေ တစ် သီကြီး ဆွတ်ခူးနိုင်ခဲ့မယ် ဆိုရင် ပြိုင်ပွဲ ဝင်သူတွေက လူသား ဟုတ် မဟုတ် အသေအချာ စစ်ဆေးကြဖို့ အကြံပေး ရတော့မှာလို ဖြစ်နေပါပြီ။ ဘာကြောင့် လဲဆိုတော့ အသက် ကယ်ဆယ်ရေး အတွက် ရေကူးနိုင်တဲ့ စက်ရုပ် တစ်ရုပ်ကို တိုကျိုး နည်းပညာ တက္ကသိုလ် သုတေ သီအဖွဲ့ တစ်ဖွဲ့က ဖန်တီးခဲ့ကြလို့ပါပဲ။

       တွဲဖက်ပါမောက္ခ မိုတိုမူနာကာချီမာ ဦး ဆောင်တဲ့ သုတေသီအဖွဲ့က သူတို့တီ ထွင်လိုက်တဲ့ စက်ရုပ်တွေဟာSwu maroidစက်ရုပ်လို အသက်ကယ်စက် ရုပ်တွေအဖြစ် ဂျပန်ကမ်းခြေတွေ တစ် လျှောက် ကင်းလှည့်ပြီး ဒုက္ခရောက်နေ တဲ့ ရေကူးသမားတွေကို ကူညီကယ် ဆယ်နိုင်လိမ့်မယ်လို့ ယုံကြည်နေကြပါ တယ်။

         ဒီစက်ရုပ်မှာရေကူးနိုင်ဖို့အတွက် ရေစိုခံကွန်ပျူတာထိန်းချုပ်မှုပေးနိုင်တဲ့ မော်တာစက် (၂၀)ပါရှိပြီး ပုံစံမျိုးစုံနဲ့ ရေကူးနိုင်တယ်လို့သိရပါတယ်။ဒါပေ မယ့် ကမ္ဘာ့အမြန်ဆုံး ရေကူးသမားရဲ့ စံချိန်(၃)ပုံ(၁)ပုံလောက်ပဲ ရေကူးနိုင်ပါ သေးတယ်။ ဒါကြောင့် နောက်ထပ် နည်းပညာ အဆင့်မြင့်မှုတွေပြုလုပ်ဖို့ ပြင်ဆင်နေကြပြီလို့ သိရပါတယ်။

ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...