စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဒီဇိုင်းဝါသနာပါသူများအတွက် second production - မြန်မာကနုတ်ပန်း - pdf

ကျွန်တော့်ရဲ့ ရောင်စုံအခန်းငယ်ဘလော့လေးက ဒုတိယမြောက် pdf စာအုပ်လေးပါ။
ကျွန်တော်ဟိုဒီလျှောက်သွားရင်း ဒီhttp://www.myanmarsar.org/ကို ရောက်ခဲ့တယ်ဗျ။
စိတ်ဝင်စားဖို့ကောင်းတဲ့နေရာလေးပါ။
အဲဒီမှာ မြန်မာကနုတ်ပန်းဆိုတဲ့ စာမျက်နှာတစ်ခု သွားတွေ့လို့ စိတ်ဝင်စားသွားတယ်။
တန်ဖိုးရှိတဲ့ မြန်မာကနုတ်ပန်းပုံတွေ အများကြီးရှိတယ်ဗျ။ စာအုပ်လုပ်ပြီးသွားပြီလားရှာတော့ မလုပ်ရသေးဘူး။
အဲဒါနဲ့ ကျွန်တော်လဲ ခွင့်တောင်းပြီး စာအုပ်တစ်အုပ်လုပ်လိုက်တယ်။ ဖြန့်ဝေခွင့်လဲ တောင်းခဲ့တယ်။
အဲဒီဆိုက်က ဆက်ပြီး မလည်ပတ်တော့လို့လားတော့ မသိဘူး။
အကြောင်းမပြန်ဘူးခင်ဗျ။
တစ်ပတ်တိတိစောင့်ပြီးတဲ့နောက် မနေနိုင်တော့လို့ အွန်လိုင်းပေါ်တင်လိုက်ပါပြီခင်ဗျာ... :P
ဒါလေးကတော့ မျက်နှာဖုံးဓာတ်ပုံလေးပါ။

ဒါလေးက mediafire မှာ တင်ထားတဲ့ လင့်ကလေးပေါ့။
မြန်မာကနုတ်ပန်း
စာအုပ်က သေးပေမယ့် ပုံတွေများတာမို့ ကွာလတီကို ငဲ့ပြီး တအားမချုံ့ ဘဲ ထားလိုက်ပါတယ်။
ဖိုင်ဆိုဒ်က 5.92MB ပါ။
နောက်လဲ စာအုပ်လေးတွေလုပ်ပြီး တင်ဆက်သွားနိုင်အောင် ကြိုးစားသွားပါဦးမယ်ခင်ဗျာ...။
အားလုံးကိုလေးစားစွာဖြင့်
မင်းအရိပ်
ရောင်စုံအခန်းငယ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...