စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရှောက်သီးသုပ်နဲ့ကြာဇံဟင်းခါးလေးစားကြရအောင်

သူငယ်ချင်းတိုရေ
မိုးအေးအေးနဲ့ချမ်းစိမ့်စိမ့်မိုးရာသီးလေးမှာ
သူငယ်ချင်းတို့အတွက်
ရှင်းလက်ရာ
ရှောက်သီးသုပ်နဲ့ကြာဇံဟင်းခါးလေးစားကြရအောင်


လိုအပ်မယ့်ပစ္စည်းတွေကတော့
ရှောက်သီး ၁လုံး
ကြက်သွန်နီ
ပုဇွန်ခြောက်မှုန့်
စိမ်းစားငပိ မီးဖုတ်ပြီးသား အနည်းငယ်
ငရုတ်သီးမှုန့်
ဆား
အချိုမှုန့်
ပဲမှုန့်
ငရုတ်သီးစိမ်း
ရှောက်သီးဖတ်လေးပဲခွာမယ်၊ကြက်သွန်နီပါးပါးလှီးမယ်
ပုဇွန်ခြောက်မှုန့်၊စိမ်းစားငပိ မီးဖုတ်ပြီးသား အနည်းငယ်၊ငရုတ်သီးမှုန့်၊ဆား
အချိုမှုန့်၊ပဲမှုန့်၊ငရုတ်သီးစိမ်းပါးပါးလှီးထည့်မယ်၊အကုန်ထည့်ပြီးပြီဆို
ရှောက်သီးသုပ်လို့ရပြီထည့်မယ်အစာတွေကိုတော့လိုသလိုနှစ်သက်ရာထည့်လို့ရပါတယ်

ကြာဇံဟင်းခါးချက်မယ် ညကတည်းက ရေစိမ်ထားပါ။ကြက်ရိုးတွေပြုတ်ထား၊ကြက်သွန်ဇြူ ဓားပြားရိုက်ထားတာထည့်၊ ပုဇွန်ခြောက်မှုန့်၊မှိုခြောက်၊ပန်းခြောက် စိမ်းစားငပိ အနည်းငယ်ထည့်ပါ။ အနံပျောက်မှ ကြာဇံထည့် ဆား၊ အချိုမှုန့်ထည့်ပါ။  ငုံးဥရှိရင်ငုံဥထည့်၊ငါးဖယ်လုံးလေးတွေထည့်ချင်ထည့်။နောက်ဆုံးဟင်းခါးချတော့မှ
ငရုတ်ကောင်းမှုန့်ထည့်ပါ။
မွှေးပျံ့တဲ့ကြာဇံဟင်းခါးရပီပေါ့
အဟိချားနော်အားနာနဲ့ဒီနေ့အိမ်မှာချက်လို့သူငယ်ချင်းတွေကို
ကျွေးချင်လွန်းလို့
ရှင်းဖျားနေတာတောင်ပျောက်ပြီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...