တိုရန်တိုမြို့၏ တန်ဖိုးအကြီးဆုံး မြေနေရာဖြစ်သော Vancouver ဧရိယာအတွင် တည်ရှိပြီး ဧရိယာ စတုရန်းပေ ၄သောင်း ကျယ်ဝန်းသော မြေကွက် ၂ ကွက်ပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ ဧရိယာ စတုရန်းပေ ၂၂၉၃၅ ပေကျယ်ဝန်သော ပထမမြေကွက်တွင် နေအိမ်တည်ရှိကာ ၁၇၆၄၅ စတုရန်းပေ ကျယ်ဝန်းသော မြေကွက်ပေါ်တွင် ကိုယ်ပိုင်အားကစားရုံ တည်ရှိသည်။ အားကစားရုံအတွင်း တင်းနစ်ကွင်း ၊ ဘိုးလင်းကစားရုံ နှင့် ရေကူးကန်တို့ ပါရှိသည်။ အားကစားရုံနှင့် အိမ်မကြီးကို အိမ်တွင်းမှ သွားလာနိုင်သော ဥမင်နှင့် ဆက်သွယ်ထားသည်။



စတုရန်းပေ ၄၀၀၀ ကျော် ကျယ်ဝန်းသော ပင်မအိပ်ခန်း အပါအဝင် အိပ်ခန်း ၁၃ ခန်းပါရှိသော အိမ်ဂေဟာ၏ ပင်မအခန်းများတွင် မျက်နှာကျက်အမြင့် ၁၉ပေရှိပြီး သစ်ပင်များ စိုက်ပျိုးထားသော ခန်းမဆောင်တွင် မျက်နှကျက်အမြင့် ၄၆ပေရှိသည်။ ထိုအပြင် မီးဖိုခန်းများ၊ အိမ်တွင်းရုပ်ရှင်ရုံ၊ ပါတီပေးရာ ခန်းမကျယ်များ ၊ ဧည့်ခန်းကျယ်များ အပါအဝင် ကား ၈စီး ထားနိုင်သော ကားဂိုဒေါင်လည်း ပါဝင်သည်။






























http://patheincity.com/news/index.php/2011/01/the-most-expensive-ho...
No comments:
Post a Comment