စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







(၃၁)ဘုံ ရှိ၊ မရှိ အမေးပုစ္ဆာ

(၃၁)ဘုံ ရှိ၊ မရှိ အမေးပုစ္ဆာ

               သိပ္ပံပညာ သိပ်တိုးတက်နေတဲ့ ခေတ်ကြီးမှာ လက်တွေ့မှ ယုံနိုင်မယ်ဆိုတဲ့ သူတွေရဲ့ ဒီမေးခွန်းဟာ ဗုဒ္ဓ
ဘာသာ အပေါ်မှာ ယုံကြည်တဲ့သူတွေရော၊ မယုံကြည်တဲ့သူတွေရော မေးလွန်းတဲ့၊သိပ်ကို ခေတ်စားတဲ့ မေးခွန်းတစ်ခုပါ။



               ဒီမေးခွန်းလေး . . . နဲ့ပါတ်သက်လို့ တိုက်ရိုက်မဟုတ်ပေမယ့် ပါတ်သက်ဆက်နွယ်နေတဲ့ အဖြစ် အပျက်လေး
တစ်ခုကို အရင်တင်ပြချင်ပါတယ်။ တစ်ခါက မြန်မာနိုင်ငံက အလွန်ထင်ရှားကျော်ကြားတဲ့ ရုပ်ရှင် မင်းသားတစ်ယောက်
က မင်းကွန်းတိပိဋကဆရာတော်ကြီးကို မေးခွန်းတစ်ခု သွားမေးပါတယ်။ သူမေးတဲ့ မေးခွန်းက သုံးဆယ့်တစ်ဘုံထက်
မြင့်ပါတယ်။ သူမေးတာက“ အရှင်ဘုရား၊ နိဗ္ဗာန် ဆိုတာ တစ်ကယ်ရှိလား” ဆိုတော့ ဆရာတော်ကြီးက “ရှိတာပေါ့” လို့
ဖြေတော်မူပါတယ်။



အဲဒီတော့ သူက ဆက်မေးပါတယ်။“ အဲဒါဆို အဲဒိ နိဗ္ဗာန်က ဘယ်မှာရှိတာလည်းဘုရား၊ တပည့်တော်လည်း မြင်ချင်လိုက်
တာ” လို့ဆက်ပြီးစောဒကတက် မေးပါတယ်။ သူကတော့ ဘယ်လို စေတနာမျိုးနဲ့ မေးတယ်မသိဘူး။ ဘာပဲဖြစ်ဖြစ် ဆရာ
တော်ကြိး ဖြေလိုက် တဲ့အဖြေကတော့ အလွန်ကို တန်ဘိုးမဖြတ်နိုင်လောက်ကို ကောင်းလွန်းလှပါတယ်။ ဆရာတော်ကြိး
ဖြေကြား လိုက်ပုံလေးက “ နိဗ္ဗာန်ကို မြင်ချင်တယ်ပြောရအောင် မြင်နိုင်လောက်တဲ့ညဏ် (မြင်နိုင်လောက်တဲ့ အဆင့်)
မင်းမှာ ဘယ်လောက်ရှိလို့လဲ” တဲ့။ ကောင်းလိုက်တဲ့အဖြေ၊ မေးခွန်းရဲ့ ပြဿနာဟာ ရှင်းသွားပါတယ်။ ဆရာ တော်ကြီး
ကဘာမှ ဆက်မမိန့်ပေမယ့်၊ ရှင်းရှင်းပြောရရင်တော့ “နိဗ္ဗာန်ကို မြင်ချင်ရင် မြင်နိုင်လောက်တဲ့ ဥာဏ် ရအောင်လုပ်” လို့
မိန့်တော်မူလိုက်တာပါ။ နိဗ္ဗာန်ကို မြင်နိုင်လောက်တဲ့ ဥာဏ်ဆိုတာတော့ မဂ်ညဏ်၊ ဖိုလ်ညဏ် ပါပဲ။



               (၃၁)ဘုံ ရှိ၊ မရှိ မေးတဲ့ မေးခွန်းဟာ ဒီသဘောတွေ အများကြီးပါနေပါတယ်။ မေးခွန်းရဲ့ဆိုလိုရင်းက မမြင်
ရတဲ့ ဘုံတွေကို မယုံချင်ဘူး။ မြင်ရတဲ့ လူ့ဘုံနဲ့၊ တိရစ္ဆာန်ဘုံ ဒါပဲ ယုံချင်တယ်ဆိုတဲ့သဘောပါ။ ကောင်းပြီ မမြင်ရလို့
မယုံဘူးဆိုရင်၊ လောကမှာ မမြင်ရပဲ လက်ခံနေရတဲ့ အရာတွေများစွာရှိတယ် ဆိုတော့ သိကြမှာပါ။ ဥပမာ- လူတွေရဲ့
စိတ်ကို ဘယ်လိုမှ မမြင်နိုင်ပါဘူး။ ဘယ်လို မှန်ဘီလူးနဲ့ကြည့်ကြည့် လူရဲ့ စိတ်ကို မြင်နိုင်တယ် ဆိုတဲ့ စက်မပေါ်သေးပါ
ဘူး။ ဘယ်တော့မှလည်း ပေါ်မှာမဟုတ်ပါဘူး။ ဒါပေမယ့် အဒိ စိတ်ရှိနေတာကို လက်မခံ တဲ့သူဆိုတာ လောကမှာမရှိဘူး။
ဒီစိတ်လေးဟာ မမြင်ရပေမယ့် သူ့ကြောင်ပဲ ကမ္ဘာကြီးမှာ စစ်တွေဖြစ် ပူလောင်ဒုက္ခတွေရောက်၊ ဒုတိယ ကမ္ဘာစစ်ကို
စတင်ဖန်တီးတဲ့ အရာဟာလည်း အလွန်ပြင်းထန်တဲ့ဒေါသ ဆိုတဲ့ စိတ်ပါပဲ။ လောကကြီး အေးချမ်းသာယာပြီး ညီညွှတ်
မျှတစွာနေနိုင်အောင် ဖန်တီးပေးတာဟာလည်း အဲဒီ စိတ်ပါပဲ။ မြတ်စွာဘုရားက “စိတ္တေန နီယတေ လောကော”
လောကကြိးတစ်ခုလုံးကို စိတ်က (ဆောင်နေ တယ်)ဖန်တီးနေတယ်လို့ဟောတော်မူပါတယ်။ လူကောင်း၊ သူကောင်း
ဖြစ်စေတာလည်း ဒီစိတ်ပါပဲ၊ လူဆိုး ဖြစ်စေတာလည်း ဒီစိတ်ပါပဲ။ စိတ်ကလေးက ကြည်လင်တော့ ရုပ်အဆင်း အင်္ဂါ
လေး လှလို့။ ကြည်လင်လို့၊ ကြည့်ကောင်း၊ရှုကောင်းလေးဖြစ်နေပါတယ်။ ဟော-စိတ်က ကြမ်းတမ်းပြီဆိုတော့ မျက်နှာ
က နီလာတယ်။အသားတွေ တဆတ်ဆတ်တုန်လာတယ်။ အလွန်ပြင်းထန်လွန်းရင် မူးမေ့လဲသွားတာမျိုးလည်း
ဖြစ်တတ်ပါတယ်။



             စိတ်ကြာင့် ရုပ်တွေပြောင်းနေတဲ့သဘောပါ။ ဒီရုပ်တွေရဲ့ ပြောင်းလည်းမှုကို ကြည့်ပြီးတော့ သူ-စိတ်ဆိုးနေ
တယ်၊ သူ-စိတ်ကောင်းနေတယ်ဆိုတာသိနိုင်တာပါ။ အဲဒိဆိုးနေတဲ့၊ ကောင်းနေတဲ့ စိတ်ကို ဘယ်သူမှ မမြင်နိုင်ပါ ဘူး။
အတွင်းက ဖြစ်၊ ပျက်နေတဲ့စိတ်ကိုဘယ်သူမှ မမြင်နိုင်ပေမယ့်၊ မမြင်ရလို့ စိတ်မရှိဘူးလို့တော့ ဘယ်သူမှ မပြောရဲပါဘူး။
နောက်ဥပမာတွေ ပေးစရာများစွာရှိပေမယ့် ဒါလောက်ဆိုလုံလောက်ပါပြီ(ဥပမာနဲ့ ပါတ်သက်ပြိး မရှင်းသေးရင်
သင်တန်းကျရင် ထပ်ရှင်းပါမယ်။) အဲဒိလို ရုပ်တွေရဲ့ အကောင်းအဆိုးကို ကြည့်ပြိး စိတ်ရှိတာကို သိနိုင်ရင်၊ လူတွေရဲ့
ကောင်းမှု၊ မကောင်းမှုကိုကြည့်ပြိး ကောင်းတဲ့ဘုံဌာန၊ မကောင်းတဲ့ ဘုံဌာနတွေလည်း ရှိကို ရှိရမယ်ဆိုတာ ညဏ်မျက်စိ
နဲ့ ကြည့်မယ်ဆိုရင်သိနိုင်ပါတယ်။



             ကဲ-နောက်တစ်မျိုး လက်တွေ့ဆန်ဆန် ဆွေးနွေး လေ့လာကြည့်ရအောင်။ လောကမှာ သူတစ်ပါး အသက်
သတ်ခြင်း၊ သူတစ်ပါး ဥစ္စာခိုးခြင်း စတဲ့ အမှုတွေကို လုပ်တဲ့ သူတွေရဲ့ အကျိုးရလာဒ်ဟာ မကောင်းပါဘူး။ အဲဒိသူတွေ
ရဲ့ ရရှိမယ့် အကျိုးရလာဒ်အဖြစ် နေရာဟာ ထောင် စသည်ကျခြင်း။ သူများကို သတ်၍ ကိုယ် ပြန်အသတ်ခံရခြင်းစတဲ့
အကျိုးတွေဟာ မကောင်းမှုလုပ်တဲ့ သူတွေရဲ့ လားရာ အရပ်တွေပါ။ ကောင်းတာလုပ်တဲ့သူတွေည်း ဒီလိုပါပဲ။



သူတို့လုပ်တဲ့ကောင်းမှုတွေကြောင့် လူချစ်လူခင်ပေါများခြင်း ၊ ကောင်းတဲ့ ဂုဏ်သတင်းကျော်စောခြင်း။


လူပုံအလယ်တင့်တယ်ခြင်းဆိုတာတွေဟာ သူတို့လုပ်တဲ့ကောင်းမှုတွေက ပေးအပ်တဲ့အကျိုးကျေးဇူးတွေပါ။ အဲဒိလို
ပါပဲ။ လောကမှာ မကောင်းတာ လုပ်တဲ့ သူတွေရဲ့ မကောင်းမှုတွေဟာ လုပ်ချင်းတိုင်းလုပ် ဘာအကျိုးမှ မပေးဘူးဆိုရင်
လောကမှာ လူကောင်းဆိုတာ ဘယ်ရှိတော့မလဲ။ ဒီအတိုင်းပဲ ကောင်းတဲ့အလုပ်တွေဟာလည်း ဒီတိုင်းအလဟဿ ဖြစ်
သွားမယ်ဆိုရင် လူသား ချင်းစာနာစရာ၊ ကူညီစရာ၊ လှူဒါန်းစရာမလိုတော့ဘူးလေ။ အကျိုးမှမရှိတာ လုပ်စရာလည်း
ဘယ်လိုတော့ မလဲ။



             ဒါကြောင့် မကောင်းတဲ့ လုပ်ရပ်တွေဟာ မကောင်းကျိုးကို ဖြစ်စေတယ်ဆိုရင် အဲဒိမကောင်းတာကို လုပ်တဲ့
သူ တွေရဲ့ မကောင်းကျိုးကို ခံစားရမယ့်နေရာဟာလည်း ရှိကိုရှိရမှာပါပဲ။ ထို့အတူ ကောင်းတာ လုပ်တဲ့ သူတွေရဲ့
ရလာဒ် ဟာ ကောင်းကျိုးကို ဖြစ်စေတယ်ဆိုရင် အဲဒိကောင်းကျိုးကို ခံစားရမယ့် ဘုံဌာနဟာ ရှိကိုရှိရ မှာပါပဲ။ ဒါကြာင့်
ကောင်းတာလုပ်ရင် ကောင်းကျိုးရမယ်၊ မကောင်းတာလုပ်ရင် မကောင်းကျိုးရမယ်လို့ ယုံကြည် တဲ့ အခြေခံအသိလေး
ရှိတယ်ဆိုရင် ဒီ-သုံးဆယ့်တစ်ဘုံ ပြဿနာဟာ အလိုလို ရှင်းသွားပါလိမ့်မယ်။ အဓိက အားဖြင့် ဒီပုစ္ဆာနဲ့ ပါတ်သက်ပြီး
တော့ နောက်ဆုံးပြောချင်တာလေးကတော့ ဘုံဌာနတွေ ရှိတယ်၊မရှိဘူး ဆိုတာ ထက် ကောင်းတဲ့အလုပ်ကို လုပ်တယ်၊
မလုပ်ဘူးဆိုတာသာ အရေးကြိးတာပါ။ ဘုံဆိုတာတော့ ရှိသည်ဟု ယုံကြည်သည် ဖြစ်စေ။ မရှိဘူးလို့ ယုံကြည်သညစ်
ဖြစ်စေ။ ဒီလမ်းကိုလျှောက်ရင်တော့ ဒီပန်းတိုင်ကိုရောက်မှာ အသေချာပါပဲ။ ဒါကြောင့် ကိုယ်နဲ့မမှီနိုင်တဲ့ ပုစ္ဆာတွေကို
အချိန်ကုန်ခံစဥ်းစားနေမယ့် အစား တစ်ကယ့် လက်တွေ့ အကျိုးပေးမယ့် တရားတွေကိုပဲ ဗုဒ္ဓအလိုတော်ကျ ကျင့်ကြပါ
လို့ တိုက်တွန်းရင်း “သုံးဆယ့် တစ်ဘုံ” အမေးပြဿ နာကို နိးဂုံချုပ်လိုက်ပါတယ်။



“အားလုံးပဲ ဗုဒ္ဓတရားတော်နဲ့ ဘ၀ရဲ့ အေးငြိမ်းရာကို ရှာဖွေနိုင်ကြပါစေ”



                                                                                                                            
အရှင်တေဇာနန္ဒ
(စေတနာပန်းခင်း)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...