စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဗုဒ္ဓဘာသာအပေါ် ကမ္ဘာကျော် ပညာရှင်များ၏ အတွေးအမြင်များ (၂)

ဗုဒ္ဓဘာသာအပေါ် ကမ္ဘာကျော် ပညာရှင်များ၏ အတွေးအမြင်များ (၂)

ဗုဒ္ဓဘာသာကို သာလွန်သည့် အရာမရှိ
ဗုဒ္ဓဘာသာဝင်ဟုပင် ဆိုဆို၊ မဟုတ်ဟုပင် ပြောပြော
ကျွန်ုပ်သည် ကမ္ဘာ့ကိုးကွယ်မှုဆိုင်ရာ ဘာသာရေးစနစ် အသီးသီးကို လေ့လာဆန်းစစ်ဖူးပါ၏။
ဗုဒ္ဓ၏ အရိယာမဂ္ဂင် ၈-ပါးနှင့် သစ္စာ ၄-ပါး တရားတော်ထက်
ထူးကဲသာလွန်သည့် လှပစွာ ခြုံငုံမိသော အရာကို မည်သည့်ဘာသာတွင်မျှ မတွေ့ရှိရချေ။
ကျွန်ုပ်အနေဖြင့် ထိုလမ်းစဉ်အတိုင်း မိမိ၏ ဘ၀ကို ပြုပြင်နေထိုင်ရသည်ကို ကျေနပ်မိပါသည်။
(Prof. Rhys Davids , ပါမောက္ခ ရီးစ်ဒေးဗစ်)


အသက်ရှင် နေထိုင်ရေး အစီအမံ
ဗုဒ္ဓဘာသာဟူသည် ဘ၀မှာ အမြင့်မားဆုံး အကျိုးကို ရယူရန်
အမြင့်မားဆုံး လမ်းစဉ်ဖြင့် အသက်ရှင် နေထိုင်ရေးအတွက် အစီအမံ တစ်ခုပင် ဖြစ်သည်။
အသိပညာစိုးမိုးရာ အမြော်အမြင်ကြီးသည့် ဘာသာတစ်ခု ဖြစ်သည်။
ဗုဒ္ဓသည် ဘာသာပြောင်းသူများကို အနိုင်ယူရန် တရားဟောခြင်း မဟုတ်ဘဲ
တပည့်သာဝကတို့ကို အသိပညာ ဥာဏ်အလင်း ရရှိစေရန် တရားဟောခြင်းဖြစ်သည်။
(အနောက်တိုင်း စာရေးဆရာတစ်ဦး)

လူ့ဘာသာတရား
ဗုဒ္ဓဘာသာသည် လုံးဝ လူ့ဘာသာတရား၊
လူသားထု တစ်ရပ်လုံး၏ ဘာသာတရားဖြစ်သောကြောင့်
လ, နေတို့ တည်ရှိနေသမျှ လူမျိုးနွယ်စုတို့ တည်ရှိနေသမျှ ကာလပတ်လုံး တည်ရှိနေပေလိမ့်မည်။
(Bandaranaik, ဘန်ဒရာနိုက်ကေး (သီရိလင်္ကာဝန်ကြီးချုပ်ဟောင်း)

ကျင့်ဝတ်ဖြင့် သင်ကြားခံရသည့် ဘဝ
ဗုဒ္ဓဘာသာသည် ဘ၀ကို စည်းမျဉ်း၊ စည်းကမ်းဖြင့် သွန်သင်ဆုံးမသည် မဟုတ်ဘဲ
ကျင့်ဝတ်ဖြင့် သွန်သင်ဆုံးမပေးသည်။
ထို့ကြောင့် ဗုဒ္ဓဘာသာသည် စိတ်ရှည်သီးခံသည့် ဘာသာတရား ဖြစ်သည်။
(Rev.Joseph Wain, အရှင်မြတ် ဂျိုးဇက်ဝိန်း)

ကျန်ရှိနေမည့် ဗုဒ္ဓဘာသာ
ဗုဒ္ဓဘုရားရှင် မည်သည့်အခါမျှ သက်ရှိထင်ရှား မရှိခဲ့ကြောင်း
သက်သေပြနိုင်ခဲ့လျှင်တောင်မှ
ဗုဒ္ဓဘာသာသည် ကျန်ရှိနေဦးမည်သာတည်း။
(Christmas Humphreys, ခရစ္စမတ် ဟမ်းဖရေးစ်)

စိတ်ဓာတ်လေ့ကျင့်ရေး
ကျွန်ုပ်တို့သည် ယနေ့ အတွေးအခေါ် စွမ်းအားများစွာကို ကြားသိနေရသော်လည်း
ဗုဒ္ဓဘာသာသည် ကမ္ဘာ့မျက်နှာစာတွင် ချကြည့်သောအခါ
အပြည့်စုံဆုံး၊ အကျိုးအသက်ရောက်ဆုံး စိတ်ဓာတ်လေ့ကျင့်ရေး စနစ်ဖြစ်ကြောင်း သိရသည်။
(Dudley Wright, ဒပ်ဒလေ ရိုက်ထ်)

ပထမဦးဆုံး သာသနာပြု
ဗုဒ္ဓဘာသာသည် လူ့သမိုင်းတွင် လူထုလွတ်မြောက်ရေးအတွက်
အဆုံးအမနှင့်တကွ ပထမဦးဆုံး သာသနာပြု ဘာသာတရား ဖြစ်သည်။
ဗုဒ္ဓသည် ဘုရားဖြစ်တော်မူပြီးနောက် လူသားထု၏ ကောင်းကျိုးချမ်းသာအလို့ငှာ
တရားဟောရန် တိုက်တွန်းမှာကြားလျက် တပည့် ၆၁-ပါးတို့ကို အရပ်ဒေသအသီးသီးသို့ စေလွှတ်ခဲ့သည်။
(Dr.K.N.Jayatilleke, ဒေါက်တာ ကေအန် ဇယတိလ္လေကေ)

နိုင်လိုမင်းထက် ဘာသာပြောင်းစေခြင်း မရှိ
စိတ်မပါသည့် ပရိသတ်အပေါ် နိုင်လိုမင်းထက် တွေးခေါ်ယုံကြည်စေခြင်းဖြင့်လည်းကောင်း၊
တစ်စုံတစ်ရာ ဖိအားပေးမှု (သို့မဟုတ်) မြောက်ပင့်ခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊
ချော့မော့မြောက်စားခြင်းဟူသော ဖိအားပေးမှု တစ်မျိုးမျိုးကို အားထုတ်ခြင်းဖြင့်လည်းကောင်း၊
တစ်စုံတစ်ယောက်၏ ကိုယ်ပိုင်အမြင် အစွဲအလမ်းကို အနိုင်ယူခြင်းဖြင့်လည်းကောင်း
ဘာသာဝင်စေခြင်းသည် စဉ်းငယ်မျှပင် ဗုဒ္ဓဘာသာလမ်းစဉ် မဟုတ်ပါ။
ဗုဒ္ဓဘာသာ သာသနာပြုများသည် (ဘာသာရေး) ဈေးကွက်တွင်
ဘာသာပြောင်းသူများအတွက် မည်သည့်အခါမျှ ပြိုင်ဆိုင်မှု မပြုပေ။ (ဘာသာဝင် တိုးပွားရန် ဈေးကွက် မလုပေ။)
(Dr.G.P. Malalasekara, ဒေါက်တာ ဂျီ ပီ မလလစေကရ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...