စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဦးချိုကြောင့် ဒုက္ခတွေ့


သမင်ထီးတစ်ကောင်ဟာ ရေဆာလို့စမ်းချောင်းကလေး တစ်ခုဆီလာခဲ့တယ်. . .

 ရေသောက်ပြီးတဲ့အခါ သူ့အရိပ်ကို ရေပြင်မှာ  သတိပြုမိတယ်.  

ရှည်ပြီး ထူးခြားစွာလှပနေတဲ့ သူ့ ဦးချိုတွေကြောင့် ဂုဏ်ယူနေမိတယ်.. . 

ဒါပေမယ့် သေးသွယ်ပြီး မလှပတဲ့ သူ့ခြေထောက်တွေကြောင့် အလွန်စိတ်ပျက်သွားလေရဲ့. . .  

အဲသလိုဖြစ်နေဆဲမှာ ခြင်္သေ့တစ်ကောင်ဟာ ဘွားခနဲပေါ်လာပြီး သူ့ကို  လိုက်တာပေါ့. . . . . 

သမင်ဟာ သူ့ရဲ့မလှပဘူးလို့ ထင်နေတဲ့ သူ့ခြေထောက်တွေနဲ့ အမြန်ဆုံးထွက်ပြေးနိုင်ခဲ့ပါတယ်. . . . .

ဒါပေမယ့် သမင်ဟာ ကွင်းပြင်ထဲမှာ အန္တာရယ်ကလွတ်အောင် ပြေးနိုင်ပေမယ့် တောထဲရောက်

တဲ့အခါ သူ့ဦးချိုဟာ သစ်ကိုင်းနဲ့ ငြိသွားတယ် . . . သူ ဆက်မပြေးနိုင်တော့ဘူး . . 

ဒီလိုနဲ့ ခြင်္သေ့ဟာ သူ့ကို မိသွားပါလေရော. . . သူမသေခင်လေးမှာ သူနောင်တရသွားတာက . . .

 " အင်း ငါ့ခြေထောက်ကို စိတ်ပျက်ခဲ့မိတယ်. . . . သူအသုံးဝင်မှန်းခုမှငါသိတယ်. . .

ငါအထင်ကြီးခဲ့တဲ့ ဦးချိုကြောင့် ငါဟာ ခြင်္သေ့စာဖြစ်ရတာပါလား . . . " 

လို့နောင်တတွေရသွားခဲ့ပါတယ်.. .

ဒီပုံပြင်လေးကို ဖတ်ပြီး ဆက်တွေးကြည့်ရအောင် ......................


တစ်ခါတစ်လေမှာ လူတွေဟာ ကိုယ်အလေးထားသင့်တဲ့ကိစ္စတွေကိုတော့ အလေးမထားမိဘဲ 

အခြားအလှအပ ၊ ဂုဏ် ၊ မာန်မာန တွေ နဲ့  မယောင်ရာ ဆီလူးတတ်ကြပါတယ် ။

ကိုယ်အထင်ကြီးခဲ့တဲ့ အရာတွေက တစ်နေ့ မှာ ဘာမှ အသုံးမ၀င်မှန်း သိလာခဲ့တဲ့တစ်နေ့  မှာတော့ 

အချိန်တွေ မနှောင်းနေဖို့ ပဲ အရေးကြီးတာပါ ။နောင်တဆိုတာ နောင် မှ တ တဲ့ အရာမျိုးပါ ။

တန်ဘိုးရှိတဲ့ အရာတွေ တန်ဘိုး  ထားရမယ့် အရာတွေကို ပြန်လည်သတိရမိတဲ့အချိန်မှာတော့ 

မလိုအပ်တဲ့ မာနတရားတွေ၊ ဘ၀င်တွေ ပယ်ပြီး၊ တန်ဖိုးထားသင့်တဲ့ အရှိတရား သတိတရားလေးတွေ 

ထားနိုင်ဖို့ ပဲ  လိုအပ်ပါတယ် ။မိတ်ဆွေတွေမှာလည်း ဒီအတိုင်းပါပဲ ဘယ်သူဟာ  ကိုယ်အပေါ်မှာ 

မိတ်ဆွေ ကောင်းလဲ ဆိုတာ ခွဲခြားဆင်ခြင်တတ်ဖို့ လိုအပ်ပါတယ် ။



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...