စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







Ringtone များရယူရန် နေရာသစ်လေးတစ်ခု......

        Phone Ringtone တွေကို အမျိုးအစားစုံလင်စွာနဲ့ Download ပြုလုပ်ရယူနိုင်စေမယ့် Website လေးကတော့ http://www.audiko.net လေးပါ... သူက Android, iPhone အစရှိတဲ့ ဖုန်းတွေထက် Ringtone တွေရယူနိုင်မှာဖြစ်ပြီး Ringtone တွေကိုလည်း အမျိုးအစားအလိုက် ခွဲခြားဖော်ပြထားပါတယ်။ ဆိုက်မှာရှိပြီးသား Ringtone တွေကိုအခမဲ့ Download ပြုလုပ်ရယူနိုင်သလို စိတ်ကြိုက်သီချင်းတွေကိုလည်း ဆိုက်မှာ Upload ပြုလုပ်ပြီး Ringtone ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ 

       Download မပြုလုပ်ခင် စိတ်ကြိုက်ရွေးချယ်နားဆင်နိုင်မှာဖြစ်ကာ စိတ်ကြိုက် Ringtone တွေ့မှ Download ရွေးချယ်ပြုလုပ်နိုင်ပါတယ်။ Ringtone တွေကို Favorite Ringtones, SMS Ringtone စသဖြင့် ကဏ္ဍတစ်ခုစီရဲ့အောက်မှာ သီချင်းအမည်တွေနဲ့ ဖော်ပြပေးထားသလို Myanmar Top Artists ကဏ္ဍမှာလည်း သီဆိုသူနဲ့ သီချင်းအမည်တို့ကို တွဲဖက်ဖော်ပြပေးထားပါသေးတယ်။ တေးသီချင်းတွေက ပြုလုပ်ထားတဲ့ Ringtone အပြင် ရုပ်ရှင်ဇာတ်လမ်းတွေထဲက Ringtone တွေကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။
@ Internet Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...