စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ချောင်းဆိုးနေပါသလား ချောင်းဆိုးပျောက်နည်းများ



ချောင်းဆိုးနေပါသလား ................
ကင်းပုံပင် - ပဉ္စငါးပါးကို ပြုတ်၍ သလိပ်ရွှင်ဆေး အဖြစ်သုံးသည်။
ဂျင်း - ချောင်းဆိုးလျှင် ဂျင်းပါးပါး (၇) လွှာအား ထန်းလျက် (၃) လုံးထည့်၍ ရေသုံးခွက် တစ်ခွက်တင်ကြိုပြီး သောက်နိုင်သည်။
ရှိန်းခို - ရှိန်းခိုနှင့် ပိတ်ချင်းမှုံ့ စပ်၍စားပါက ပန်းနာရောဂါ၊ ချောင်းဆိုးရောဂါ ပျောက်ကင်းသည်။
ကွမ်းရွက် - ကွမ်းရွက်ညှစ်၍ရသော သတ္တုနှင့် ဂျင်းပြုတ်ရည်၊ ဆားအနည်းငယ်နှင့် တိုက်ကျွေးပါက ပန်းနာရင်ကျပ်၊ ရင့်အောင့်ရင်ကယ်၊ ကြက်ညှာ ချောင်းဆိုး ရောဂါများ ပျောက်သည်။
စပါးလင် - စပါးလင်၏ ပဉ္စငါးပါးကို ပြုတ်၍ ဆားမီးဖုတ် အနည်းငယ်ထည့်၍ သောက်နိုင်သည်။
ပြည်ပန်းညို - အရွက်ကို ပြုတ်၍သောက်ခြင်း၊ အရွက်နုကို စားခြင်းဖြင့် လည်ချောင်းနာ၊ ချောင်းဆိုးရောဂါ ပျောက်ကင်းနိုင်သည်။
ရှောက် - ရှောက်ရည်၊ ပျားရည်၊ ဇ၀က်သာ သုံးမျိုး ရောသောက်ပါက ချောင်းဆိုး၊ရင်ကျပ်၊ သလိပ်ကပ်ခြင်း ပျောက်ကင်းနိုင်သည်။
သံပရာ - သံပရာရည် အနည်းငယ်နှင့် ပျားရည်အနည်းငယ် ဆတူရော၍ နေ့စဉ်ထမင်းစားဇွန်း တစ်ဇွန်းမျှ စားပေးခြင်းဖြင့် ရင်ကျပ်၊ချောင်းဆိုး၊ ပန်းနာရောဂါများ အမြစ်ပျက် ပျောက်ကင်း၏။
ဖလှံတောင်ဝှေး - ဟင်းချက်စားခြင်း၊ နှမ်းဆီ စစ်စစ်နှင့် ကြော်စားခြင်းဖြင့် ချောင်းဆိုးရောဂါ ပျောက်ကင်းနိုင်သည်။
သလဲသီး - သတ္တုရည်ကို ထောပတ်၊ ဖာလာငယ် အနည်းငယ်ရော၍ တိုက်ပါက သူငယ်နာအပူ ချောင်းဆိုးခြင်းကို ပျောက်ကင်းစေနိုင်သည်။
ငရံ့ပတူ- သတ္တုရည်ကိုလည်းကောင်း၊ ပြုတ်ရည်ကိုလည်းကောင်း၊ ဇွန်းကြီး သုံးဇွန်းခန့်တွင် ဆားပဲဝက်ခန့် ထည့်ပြီး တစ်နေ့ နှစ်ကြိမ်မှ သုံးကြိမ်အထိ တိုက်ပေးပါက ပန်းနာ၊ရင်ကျပ်၊ ချောင်းဆိုးခြင်းများကို ပျောက်ကင်းစေနိုင်သည်။
ကြက်သွန်ဖြူ- ကြက်သွန်ဖြူကို အဆီထုတ်၍ တိုက်ကျွေးပါက သလိပ်ရွှင်စေ၊ ချောင်းဆိုး သလိပ်ကပ်ခြင်းတို့ကို ပျောက်ကင်းစေနိုင်သည်။
ကျွဲကျောင်းမင်ဆေးပင်- ပဉ္စငါးပါးပြုတ်ရည်ကို တိုက်ကျွေးခြင်းဖြင့် ကလေးများတွင် ဖြစ်တက်သော သလိပ်ကျပ်ရောဂါကို ပျောက်ကင်းစေနိုင်သည်။
ဂျင်း-ဂျင်းပါးပါး (၇) လွှာကို ထန်းလျှက် (၃) လုံးထည့်၍ ရေသုံးခွက် တစ်ခွက်တင်ကျိုပြီး နံနက်တစ်ကြိမ် ညတစ်ကြိမ် သောက်သုံးပေးခြင်းဖြင့် လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်းကို ပျောက်ကင်းစေနိုင်သည်။
မြင်းခွာရွက်- မြင်းခွာမှုန့်ကို မီးနှင့်နွေး၍ မုန်ညင်းဆီနှင့် ရင်ဘတ်၌ လိမ်ပေးပါက ကလေးများ ချောင်းဆိုး၊ အဆုတ်နာ ပျောက်ကင်းစေသည်။MG MANDALAY..

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...