စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကြောက်စရာလူသားများ (သို့မဟုတ်) ကျားသတ္တ၀ါများကိုကာကွယ်ပါ



        ကမ္ဘာမြေကြီးပေါ်မှာ မှီတင်းနေထိုင်ကြတဲ့ သတ္တ၀ါချင်းအတူတူ ညှင်းပမ်းနှိပ်စက်မှုတွေနဲ့ သတ်ဖြတ် မှုတွေ ဟာ နေရာတိုင်းမှာ မြင်မကောင်းလောက်အောင်တွေ့ကြုံနေရတယ် ။ ကိုယ့်ထက် အသိဥာဏ်နည်းတဲ့ ဒီလို သတ္တ၀ါတွေကို အကြောင်းမဲ့သတ်ဖြတ်ခြင်းကိုတော့ ရှောင်ရှားသင့်တယ်လို့မြင်ပါတယ် ။ မကြာခင်မှာ ကျား သတ္တ၀ါတွေမျိုးသုဉ်းပျောက်ကွယ်သွားတော့မယ့် အန္တရာယ်ကြောင့် ကျားထိမ်းသိမ်းရေး စခန်းတွေဖွင့် လှစ်နေတာ နဲ့အညီ ယခုလို ပုံပါအတိုင်းဖြစ်ရပ်မျိုးကိုတော့ ရှံ့ချရမှာဖြစ်ပါတယ် ။
       ကျားဆိုတာဟာလည်း လူ သားတွေ အ တွက် ဟင်းစား အဖြစ်ကျွန်တော်ကတော့မသတ်မှတ်ပါဘူး ။ လူသားတွေအ တွက်စားသောက် ဖွယ်ရာတွေဟာ အလွန်ပဲ ပေါများလွန်းလှပါတယ် ။ ဒီတော့ ရှားပါးသတ္တ၀ါတွေ ကို ထိမ်းသိမ်းခြင်းအားဖြင့် ဂေဟ စနစ် ( Ecosystem) ကိုပါ ထိမ်းသိမ်းရာရောက်ပြီး သတ္တ၀ါတွေ မျိုးသုဉ်းပျောက်ကွယ်မယ့်အန္တရာယ်ကနေ ကာကွယ်နိုင်မှာဖြစ်ပါတယ် ။

ဒီလို သတ်ဖြတ်မှုတွေ ကမ္ဘာမြေကြီးပေါ်မှာ နောက်ထပ် မကြုံတွေ့ကြပါစေနဲ့ ။

ကျားသားကိုစားရဖို့ အလုအယက် စောင့်ဆိုင်းနေကြသူများ ။

အရိုးပါမကျန် အကုန် လုံး နွှာယူကြလေတယ် ။ဦးခေါင်းခွံအရိုးပဲကျန်ရှိတော့တယ် ။
လူချမ်းသာတွေဆီမှာ ဒီလို အရေခွံကြီးတွေ ကို အလှဆင်ယင်ထားကြသတဲ့ သူများ...
ကူးယူတင်ပြခြင်းဖြစ်ပါသည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...