စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဗုဒ္ဓဘာသာအပေါ် ကမ္ဘာကျော် ပညာရှင်များ၏ အတွေးအမြင်များ (၁)

ဗုဒ္ဓဘာသာအပေါ် ကမ္ဘာကျော် ပညာရှင်များ၏ အတွေးအမြင်များ (၁)
ဗုဒ္ဓ၏ အဆုံးအမ
ဗုဒ္ဓတွင် အားလုံးသော ဟောပြောချက်များ၊ တရားသေ အယူဝါဒများထက်
ပိုမိုမြင့်မြတ်သည့်အရာ တစ်ခုရှိပြီးသား ဖြစ်သည်။
ဗုဒ္ဓ၏ အဆုံးအမတော်သည် လူသားထုတစ်ရပ်လုံးအတွက် တစ်သက်တာလုံး ရင်ကို အေးမြစေသည်။
လူမှုဒုက္ခ, သုက္ခ အရှုပ်အထွေးများအတွက် ဗုဒ္ဓ၏ ငြိမ်းချမ်းရေးဒေသနာတော်သည် အတိတ်ကထက် ယနေ့တွင် ပိုမို၍ လိုအပ်ပေသည်။
(Nehru, နေရူး)

တောက်ပသည့် နေတစ်ဆူ
ကျူးကျော်တိုက်ခိုက်ခြင်း၊ အမျက်ပွားခြင်း၊ အကြမ်းဖက်ခြင်းတို့ လွှမ်းမိုးနေသည့် ဤကမ္ဘာဝယ်
ဗုဒ္ဓ၏ အဆုံးအမသည် ရောင်ခြည်တစ်ထောင် အလင်းဆောင်သည့် နေတစ်ဆူကဲ့သို့ တောက်ပနေသည်။
ဗုဒ္ဓ၏ အဆုံးအမတော်သည် ကမ္ဘာပေါ်ဝယ် အနုမြူဗုံးများ၊ ဟိုက်ဒရိုဂျင်ဗုံးများ ရှိနေသည်ထက်
ပိုမို၍ လိုအပ်သောအချိန် ဖြစ်သည်။
ထိုအဆုံးအမ၏ မှန်ကန်မှုသည် နှစ်ပေါင်း ၂၅၀၀-အထိ သက်တမ်းရှည် ရှင်သန်နေခဲ့သည်။
ထာဝစဉ် တည်မြဲသည့် အဆုံးအမကို နှလုံးမူလျက် ယင်းဒေသနာတော် အလင်းရောင်ဖြင့်
ကျွန်ုပ်တို့၏ အတွေးအကြံ အပြုအမူများကို ပြုပြင်ကြပါစို့။
အနုမြူခေတ်၏ အမှားများကိုပင် တည်ကြည်သော သမာဓိတရားဖြင့် ရင်ဆိုင်၍
ဟုတ်သောအကြံ မှန်သောအလုပ်တို့ကို တိုးမြှင့်ခြင်းဖြင့် အနည်းငယ်သော အကူအညီများကို ရနိုင်ပေမည်။
(Nehru, နေရူး)

တည်ကြည်မှုနှင့် မေတ္တာနှလုံးသား
ဗုဒ္ဓနှင့်ပတ်သက်၍ အထင်ရှားဆုံး အရာကား
တည်ကြည်သည့် သမာဓိ ပညာ၊ နွေးထွေးသောမေတ္တာ၊ နက်နဲသော ကရုဏာတို့၏ ထူးကဲသော ပေါင်းစပ်မှုပင် ဖြစ်သည်။
ဗုဒ္ဓတစ်ဦးတည်းသာ လူ့သဘာဝ ကောင်းဆိုး သိစိတ်ကို ကိုယ်စားပြုသဖြင့်
ယနေ့ကမ္ဘာသည် ဗုဒ္ဓဆီသို့ ပို၍ ပို၍ပင် ဦးလှည့်လာလေပြီ။
(Moni Bagghee, မောနိဘက်ဂီ)

သမားတော် ဗုဒ္ဓ
ဗုဒ္ဓသည် သမားတော်တစ်ဦးနှင့် တူသည်။
သမားတော်သည် ရောဂါအမျိုးမျိုး၏ လက္ခဏာ၊ ရောဂါ၏ ဇစ်မြစ်၊ ကုသရန် ဆေးဝါးနှင့် အသုံးချပုံတို့ကို သိသကဲ့သို့
ဗုဒ္ဓသည်  ဆင်းရဲဒုက္ခ အဆင့်ဆင့်၊ ဒုက္ခ၏ မူလဘူတအကြောင်း(သမုဒယ)၊
ဒုက္ခချုပ်ငြိမ်းမှုနှင့် ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ သွားရာလမ်းကြောင်းဟူ သော အရိယသစ္စာ ၄-ပါးကို ဟောကြားတော်မူခဲ့သည်။
(Dr.Edward Conze, ဒေါက်တာ အက်ဒွပ်ကွန့်ဇ်)

ပညာရှိ ဖခင်
ဗုဒ္ဓဟူသည် လောကမီးလောင်ပြင်ဝယ် ဆော့ကစားနေသည့် ကလေးငယ်များကို မြင်၍
ကလေးများကို မီးလောင်အိမ်မှ ဆွဲထုတ်ရန် အကြံအမျိုးမျိုးကို ယူ၍
နိဗ္ဗာန်ဟူသော ဘေးကင်းလုံခြုံရာသို့ ပို့ဆောင်ပေးသူ ဖြစ်သည်။
(Prof.Lakshimi Narasu, ပါမောက္ခ လက်ခ်ရှမီးနာရာစု)

(ကိုရွှေသောင်းဝင်း၏ Buddhism in the eyes of intellectuals စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။)

ဆက်လက်၍ ဖော်ပြပါဦးမည် ...။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...