
ယူကရိန်းနိုင်ငံမှ ကမ္ဘာ့အလေးဆုံး ဧရာမ လေယာဉ်ပျံ ကမ္ဘာ့အလေးဆုံး လေယာဉ်ပျံလို့ စံချိန်ချိုးထားနိုင် တဲ့ လေ
ယာဉ်ကတော့ယူကရိန်းနိုင်ငံမှ Antonov An-225 Mriya ဖြစ်ပါတယ်။ အတိုကောက်အနေနဲ့ An-225 လို့လည်း
အများခေါ်တဲ့ ယင်းလေယာဉ်ဟာ အလေးချိန်အားဖြင့် တန် ၆၄၀ (ပေါင် ၁၄သိန်း ၁သောင်း) အလေးချိန်ရှိပါ
တယ်။ ယင်းလေယာဉ် ကို ၁၉၈၀နောင်းပိုင်း ဆိုဗီယက်ခေတ်က တည်ဆောက် ခဲ့ခြင်း ဖြစ်ပြီး ၁၉၉၁ နောင်းပိုင်း
ဆိုဗီယက်ပြိုကွဲချိန် မှာတော့ ယူကရိန်းပိုင်လေယာဉ်အဖြစ် သို့ ရောက်ရှိသွားပါ တယ်။
_1.jpg?width=320)

တည်ဆောက်တဲ့ရည်ရွယ်ချက်က ဆိုဗီယက်အာကာသအစီအစဉ်အတွက်ဖြစ်ပါတယ်။ Buran Orbiter အမည်ရ
အာကာသ ဒုံးပျံနှင့် ယာဉ်များကို သယ်ဆောင်ဖို့ ရည်ရွယ်ပြီး တည်ဆောက်ထားတဲ့ ဧရာမလေယာဉ်ကြီး ဖြစ်ပါ
တယ်။ ပထမဆုံး ပျံသန်း နိုင်ချိန်ကတော့ ၁၉၈၈ခုနှစ်ဒီဇင်ဘာလ မှာ ဖြစ်ပါတယ်။ သူတင်ဆောင်နိုင်တဲ့အများဆုံး
ကုန်ချိန်ကတော့ အတွင်းမှာ တင်ရင် ပေါင် ၅သိန်း၅သောင်း၊ ကျော်ပေါ်မှာ တင်ဆောင် မယ်ဆိုရင် ပေါင် ၄သိန်း
၎သောင်းဖြစ်ပါ တယ်။ ကျောပေါ် မှာတော့ လေယာဉ်များ၊ ဒုံးပျံများ၊ ရော့ကတ်များ တင်ဆောင်ပေးနိုင်မှာ ဖြစ်ပါ
တယ်။ လေထဲ အမြန်ဆုံးပျံသန်းနိုင်အားကတော့ တစ်နာရီ မိုင် ၅၃၀ ဖြစ်ပါတယ်။ မြေပြင်မှာ အရှိန်ယူတဲ့ အမြန်
ဆုံး Speed ကတော့ တစ်နာရီ မိုင် ၅၀၀ အထိရှိပါတယ်။ အရှည် ၂၅၇.၆ပေ၊ ဘေးတောင်ပံပါ အကျယ် ၂၉၀ပေ
၂လက်မ၊ အမြင့် ၅၉.၃ပေ၊ အထိ အတိုင်းအတာရှိပါတယ်။ အမြင့် ဆုံးမောင်နှင်း ပျံသန်းနိုင်စွမ်းကတော့ ကုန်အ
ပြည့်တင် ချိန် မြေပြင်အထက် ပေ ၁၁၅၀၀ အထိပျံသန်းနိုင် မှာ ဖြစ်ပါတယ်။ လေယာဉ်မှူး ၆ဦး ပါဝင်မောင်းနှင်ရ
မယ့် ဧရာမ လေယာဉ်ဖြစ်ပါတယ်။ မြေပြင်မှာ ဆင်းသက်ဖို့ အတွက် ဘီး ၃၂ လုံးပါဝင်ပါတယ်။ လေယာဉ်ကို ပျံ
သန်းစေမယ့် အင်ဂျင်ကတော့ သာမန်လေ ယာဉ်များထဲကလို မဟုတ်တော့ ပဲ လေယာဉ် အင်ဂျင် Power plant
အနေနဲ့ တာဘိုပန်ကာစက်ကြီး ၆လုံး တပ်ဆင်ထားပါတယ်။ နှစ်စီးဆောက်ဖို့ ရည်ရွယ်ခဲ့ပြီး ဒုတိယတစ်စီးကတော့
နှောင့်နှေးနေပါတယ်။




၁၉၈၈ နောင်းပိုင်း ကတည် ဆောက်ပြီး ဆိုဗီယက်ပြိုကွဲချိန်ကြောင့် တစ်ဝက် တစ်ပျက်နဲ့ စတိုခန်းထဲ သိမ်းဆည်း
ခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်ရောက်မှ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကို ပြန်လည်စတင်ခဲ့ရပါတယ်။ ၂၀၀၆ ခုနှစ်
ရောက် ချိန်မှာ ပြီးဖို့ မျော် လင့်ထားပေမယ့် ၂၀၀၉ခုနှစ်ရောက်တာတောင်မပြီးခဲ့ပါ ဘူး။ တန်၂၅၀ တင်ဆောင်နိုင်
လောက်အောင် တည်ဆောက်တိုင်း အမေရိကန်ဒေါ်လာ သန်း ၃၀၀ လိုအပ်တယ်လို့ ဆိုပါတယ်။

အစိုးရဘက်မှ ငွေကြေးထောက်ပံ့မှု မလုံလောက်တဲ့အတွက် တည်ဆောက်မှု နှောင့်နှေးနေတယ်လို့ သိရပါတယ်။ သို့ပေမယ့်သုံးနှစ်အတွင်း ပြီးစီးမယ်လို့ ပြောဆိုထားပြီးယနေ့ချိန်မှာတော့ ၇၀ရာခိုင်နှုန်းလောက်ထိ တည်ဆောက်
ပြီးစီးပြီလို့ ယုံကြည့်နေကြပါတယ်။ လေယာဉ်တစ်စီးရဲ့တည်ဆောက်မှုကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ သန်း
၃၀၀နဲ့အထက်မှာ ရှိလို့ သိရပါတယ်။ ၂၀၀၁ ခုနှစ်က ကြမ်းပြင် အနည်းငယ်ပြင်ဆင်တာတောင် အမေရိကန်ဒေါ်
လာ သန်း ၂၀ ကုန်ကျခဲ့ပါတယ်။ ဒါကြောင့်သူ့ရဲ့ပျံသန်းစရိတ်ကလည်းကြီးမားပါတယ်။ လက်ရှိ ယူကရိန်း
Antonov Airlines မှာ ကုန်တင်လေယာဉ် အဖြစ် စီးပွားရှာနေပြီး အမေရိကန်တပ်မတော်အတွက် အရှေ့အ
လယ်ပိုင်းကို ကုန်တွေ တင်ဆောင်ပေး လျက်ရှိပါ တယ်။ တစ်ခါတစ်ခါ ကုန်သယ်ဆောင်ပေးရန် ကုန်ကျစရိတ်က
ယူရိုငွေ ၆သိန်း ၆သောင်းကုန်ကျပါတယ်။ ဒါကြောင့် ကမ္ဘာ့ငှားရမ်းခဈေးအကြီးဆုံးလေယာဉ်လို့လည်း စံချိန်တင်
ခဲ့ပါတယ်။ ဓာတ်ပေါင်းဖိုကြီးများ၊ လေယာဉ်ပျံများ၊ တင့်ကားများကို သယ်ဆောင်ပြီးလည်း စံချိန်များချိုးဖူးပါတယ်။
ဒါကြောင့် Antonov An-225 Mriya ဟာ အခြား ဘိုးအင်းလေယာဉ်၊ Cago Aircraft များထက်ကျော်လွန်ကာ
ယနေ့အချိန်အထိ ကမ္ဘာ့အလေးဆုံး လေယာဉ်အဖြစ် စံချိန်တင်ထားပါတယ်။ လက်ရှိတည်ဆောက်နေတဲ့ ဒုတိ
ယတစ်ခုကို ပေါ့ပါးတဲ့ ပစ္စည်းများအသုံးပြုပြီး ကမ္ဘာ့အကြီးဆုံး လေယာဉ်အဖြစ် စံချိန်တင်နိုင်အောင် ကြိုးပမ်းနေ တယ်လို့ သိရပါတယ်။
--- Ref:www.wikipedia.org.
Photo courtesy of EnglishRussia. All Rights Reserved.
Aung Kham
No comments:
Post a Comment