စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စလေဦးပုညအတ္ထုပ်ပတ္တိ အကျည်း


  စလေဦးပုည အတ္ထုပ်ပတ္တိ အကျည်း (ရှာဖွေ ဖတ်ရူ့ ရသော စာအုပ်များအပေါ်တွင် အခြေခံ၍ မိမိဘာသာ ကောင်းနိုးရာကို ကိုးကား တည်းဖြတ်၊ ထုတ်နုတ်၍ ဖော်ပြထားခြင်း ဖြစ်ပါသဖြင့် တစုံတရာ မှားယွင်းစွာ ဖော်ပြထားသော အကြောင်းအရာများ ပါရှိခဲ့ပါက ထပ်မံ ရှာဖွေ လေ့လာရန်လို အပ်သော မိမိ၏ လိုအပ်မူ့ သာ ဖြစ်ပါကြောင်း ဝန်ခံအပ်ပါသည်။ )

       ဦးပုညကို စလေမြို့ ၊ တိုက်စုရပ်တွင် ၁၁၇၄-ခုနှစ်၊ ကဆုန်လဆန်း ၁၃-ရက်၊ ကြာသပတေးနေ့  မွန်းတည့်ချိန်တွင် ဖခင် ဦးမြတ်စံ နှင့် မိခင် ဒေါ်လှရင်တို့ မှ ဖွားမြင်သည်။ ဖခင်မှာ မြို့စား၊ ရွာစားမျိုးရိုးမှ ဆင်းသက်၍ ဟံသာဝတီမင်း၏ မင်္ဂလာအိမ်တော်တွင် အကြီးတော်အဖြစ်ဖြင့် ရေးသားအမူတော်ထမ်းသည်။ မိခင်မှာ စလေ-ပုခန်းငယ်၊ မြို့ သကြီးသမီး ဖြစ်သည်။ ဦးပုညတွင် မောင်လှိုင်း ဟုခေါ်သော ညီ တစ်ယောက်လည်း ရှိသည်။ ဦးပုည ဖွားမြင်သောနေ့ တွင် ဒုတိယ ကြက်သွန်းခင်း ဆရာတော် နှင့် မုံရွေး ဆရာတော် တို့ သည် ရွှေစက်တော်မှ အပြန်တွင် အိမ်သို့ ကြွလာကြသည်။ လက္ခဏာသွင်ပြင်ကို ကြည့်ပြီး ပညာရှိဖြစ်လိပ်မည်၊ လောကီရေးရာတွင် ကျော်စော ထင်ရှားလိပ်မည်။ ဗေဒင်အလိုအရ ဥပစ္ဆေဒကံ မကင်းတတ်သဖြင့် လောကီ၊ လောကုတ္တရာ နှစ်ဖြာပြီစေရန် ရဟန်ပြုသင့်ကြောင်း ဟောပြော၍ ပြန်ကြွသွားလေသည်။

       မိဘတို့ သည် စလေမှ အမရပူရမြို့ ရှိ သာယာဝတီမင်း အိမ်တော်သို့  အခစား ဝင်ရန် သွားသောအခါ နှစ် နှစ်သားအရွယ် ဦးပုည ကိုပါခေါ်သွားသည်။ အိမ်တော်ရှိ စည်ရုံးတွင် ခေတ္တ သွားရောက် ကြည့်ရူ့ ရာ ဦးပုည ဖြစ်လာမည့် ကလေးငယ်မှာ စည်ကြီးများကို ပုတ်ခတ် ကစားလေသည်။ သာယာဝတီမင်းက အမည် ပေး၊ မပေးပြီကို မေးလေရာ မပေးရသေးသဖြင့် စည်းပုတ် ကစားခြင်းသည် ကဗျာ လင်္ကာမှစ၊ ပညာလုံးစုံ တတ်မည့် နိမိတ်ဖြစ်ကြောင်းနှင့် မောင်ပုတ်စည် ဟု တွင်စေရန် အမည်ပေးလေသည်။ ၆-နှစ် ရွယ်တွင် စလေမြို့  တူမောင်း ဆရာတော် ဦးဒီပထံ တွင် ကျောင်းအပ်လေသည်။ ဤအသက် အရွယ်နှင့်ပင် ဓဇဂ်သုတ်ကို ပီပီသသ ရွတ်အံ ပြန်ဆိုနိုင်သည်။ ခုနှစ်၊ ရှစ်နှစ်သား အရွယ်တွင် သဒ္ဒါနှင့် အဘိဓမ္မာ သဂြိုဟ်ကျမ်းများကို သင်ကြားရလေသည်။ ထိုနောက် ဆရာတော် ပျံလွန်သဖြင့် ရှစ်လ စာဝါပျက်ပြန်သည်။ ခင်ကြီးစသည် လည်း ငယ်ဆရာ တစ်ပါးဖြစ်ပြီး၊ ကြီးဆရာများမှာ ဗန်းမော် ဆရာတော်၊ စလေ ခင်ကြီးသာ၊ ပုဂံရွှေကျောင်းနေ ဒလခင်ကြီးတို့ ဖြစ်သည်။

       (ရှေးက ဘုန်းတော်ကြီးများကို ခင်ကြီး ဟု ခေါ် ဝေါ်သုံးစွဲးသည်။) အသက် ၈-နှစ်တွင် သာယာဝတီမင်းက စေလွှတ်သဖြင့် ဗန်းမော်ဆရာတော်ထံ အပ်နှံရာ ရဟန်း ဝတ်စေသဖြင့် ရှင်ပုည ဘွဲ့ ဖြင့် သာမဏေဘဝတွင် သုတ်၊ ဝိနည်း၊ အဘိဓမ္မာကျမ်းများကို ပေါက်မြောက်အောင် သင်ယူစေလေသည်။ တဖန် ပိဋကတ်၊ ဗေဒင်၊ ကဗျာ၊ လင်္ကာရေး၊ တောလားရေးတို့ ကိုပါ သင်ကြား တတ်မြောက် ကျွမ်းကျင်လေသည်။ သာယာဝတီမင်း ရွှေဘိုကြွသောအခါ ဖခင် ဦးမြတ်စံသည် နောက်တော်ပါးမှ လိုက်ရင်း လမ်းခရီးတွင် တိုက်ခိုက်သူ ထူပြောသဖြင့် သရိုင်နယ်တွင် သေဆုံးသွားသည်။ မိခင်သည် ဖခင်ခရီးထွက်သဖြင့် စလေသို့ ပြန်ရာ၊ ရှင်ပုညမှာလည်း အမိနှင့် လိုက်၍ တူးမောင်းဆရာတော်၏ တပည့်များထံတွင် နေထိုင်လေသည်။ မိခင်မှာလည်း စလေရောက်ပြီး ၅-လ အကြာတွင် အနိစ္စရောက်သည်။ တဖန် အမရပူရမြို့ ၊ ဗန်မော်တိုက်သို့  ကြွ၍ နေလေသည်။ ရှင်ပုညကို စလေ-ပုခန်းငယ် မြို့ နယ်နှစ်ခုကို အုပ်ချုပ်သော မြို့ အုပ်မင်းက ရဟန်းခံ၍ ရဟန်းပြုလေသည်။ ထိုစဉ် ဒယကာမများ အဝင်၊ အထွက်များသဖြင့် ရဟန်း ဒယကာက ယုံမှား သံသယ ဖြစ်သဖြင့် မြို့ အုပ်မင်းထံ မေတ္တာစာပို့ လေသည်။ ရဟန်းဘဝမှထွက်၍ ဟံသာဝတီမင်း နန်းတက်သော မင်းခစား ဖြစ်လာလေသည်။ တဖန် ရန်ကုန်မြို့  ဗဟန်းကျောင်းတွင် ရှင်ဝတ်ပြန်လေသည်။ ဗဟန်းကျောင်းမှ ရဟန်း၊ သီလရှင်တို့ နှင့် မတည့်သဖြင့် အမရပူရ ဗန်းမော်တိုက်တွင် နေထိုင်လေသည်။

      သာယာဝတီမင်း ကံတော်ကုန်သော်၊ ပုဂံမင်း နန်းတက်သော ကာလတွင် စလေ ဆရာဘုန်းကြီးကျောင်တွင် နေသည်။ နောင်သော် မင်းတုန်းမင်းနှင့် ကနောင်မင်းတို့ အိမ်တော်တွင် အမူတမ်းပြီး မိဘမျိုးရိုးဖြစ်သော မြို့ သူကြီးရာထူးကို ရရန် အားထုတ်ဆဲတွင် ဦးရီးတော်သူ မင်းကြီး ဦးပွှား ဆုံးပါးသဖြင့် ရာထူးကို မရတော့ပေ။ မင်းတုန်းမင်းနှင့် ကနောင်မင်းတို့  နန်းတက်သော အချိန်တွင် ဗန်းမော်ကျောင်းတွင် ပုန်းအောင်နေထိုင်၍ ဗေဒင်၊ ရတု၊ ရကန် နှင့် ဆေးကျမ်းတို့  ရေးနေလေသည်။ မင်းတုန်းမင်းသည် မန္တလေးအရပ်တွင် မြို့ တည်ရန် အခါပေးစေလိုသောကြောင့် ဦးပုညကို ရှာဖွေကြလေသည်။
                                               
   ဒါက ဦးပုည ငယ်စဉ် ရှင်ဝတ်စဉ်က နေထိုင်ခဲ့၊ စာကျက်ခဲ့တဲ့ စလေက ဘုန်းကြီးကျောင်းပုံပါ။ အတွင်းမှာတော့ အလင်ရောင်ဝင်စရာ လုံလောက်မူ မရှိလို့  အတော်လေး မှောင်ပါတယ်။   ပုဂံခေတ်ကတည်းက စလေမြို့ ဟာ တည်ရှိခဲ့တာမို့  ဒီဘုန်းကြီးကျောင်းဟာ ပုဂံခေတ်လက်ရာလို ယူဆစရာရှိပါတယ်။ အတိအကျတော့ မသိပါဘူး။ အမူထမ်း မောင်ချစ်တီး ဆိုသူက ဦပုည သည် ဗန်းမော်တိုက်တွင် ရှင်သာမဏေပြုနေကြောင်း လျှောက်ထားသဖြင့် ရှေ့ တော်သို့ ပင့်ရသည်။ မန္တလေးတောင် အရပ်တွင် မြို့ တည်လို၍ အခါပေးရန် ပြောဆိုရာ ၁၂၁၈-ခု တွင် မြို့ တည်ရန် နှင့် ဗေဒင် ကိန်းခန်းအရ အင်္ဂါနံ ညောင်ပင်များကို တံခါးဝ နှင့် လမ်းဆုံတို့ တွင် စိုက်လျှင် အောင်မြင်မည့်အကြောင်း အခါပေးဆက်လေသည်။ မဟာရာဇဝင်တော်ကြီးတွင် ပြထားသော မြို့ နန်းတည်ရာတွင် အခါပေး ကြီးမှူးသူများ စာရင်တွင် မပါဝင်ဟုလည်း ဆိုသည်။ ( ဦးပုညသည် ဗေဒင်ပညာတတ်ကျွမ်း သဖြင့် ရှေ့ ကလည်း ရဟန်းဝတ်နှင့် ဒကာမတို့  ဝင်ထွက် မေးမြန်းကြသဖြင့် ရဟန်ဒယကာက သင်ကာမကင်း၍ လူဝတ်လဲ ရသည်။ နောက်တွင်လည်း ထိုပညာရပ်နှင့်ပင် အသက် အန္တရာယ်ကြုံရလေသည်။ )

          မင်းတုံးမင်းသည် မြောက်ဥယျာဉ်တော်တွင် ဝါသနာအလျှောက် အဂ္ဂိရတ်ထိုး ရာ မြို့ ဝန် ဦးသာအို က ရှင်ပုည သည် အဂ္ဂိရတ်တွင် များစွာကျွမ်းကျင်ကြောင်း လျှောက်သဖြင့် ရှေ့ တော်သို့  ပင့်သဖြင့် ဦးပုညက အဂ္ဂိရတ်အကြောင်း နက်၊ နဲ၊ ဆစ်ပိုင်း ကျနစွာ လျှောက်လေသည်။ မင်းတရားကြီး က သင်္ကန်ဝတ်ဖြင့် နေသည်မှာ ဘယာကြောင့်လော၊ သဒ္ဒါကြောင့်လောဟု မေးလေသည်။  နှစ်မျိုးလုံးကြောင့် ဖြစ်ကြောင်း ပြန်လည်လျှောက်ထားလေသည်။ ( ဦးပုညသည် လူဝတ်ကြောင်များနှင့် ပတ်သတ်သော ပညာများတွင် ပို၍ ကျွမ်းကျင်ကြောင်း တွေ့ နိုင်လေသည်။)  များမကြာမီပင် လူထွက်လေသည်။
 
          ထိုနောက် ကနောင်မင်းထံ ခစားရာ ကနောင်မင်း အလိုရှိ၍ သင်ဂြိုဟ် ကိုးပိုင်းသရုပ် တေးထပ်များကို ရေးသားဆက်သွင်းရသည်။ ၁၂၁၄-၁၅ ခု ယိုးဒယား ဇင်းမယ်ကို နိုင်သည့်အတွက် မင်းတရားကြီး အမိန့် အရ ယိုးဒယားနိုင် မော်ကွန်းကို ရေးသားရသည်။ နန်းတွင်းမိဘုရား အချို့  အကျင့်ဖောက်ပြား ကြသဖြင့် တားမြစ်ရန် ဦးပုည ကို ပဒုမဇာတ်(ပဒုမ ပေါင်တို) ကို ရေးစေပြန်သည်။ တဖန် မိဘုရားတို့ ကလည်း မိန်းမမြတ် ဖြစ်သော မဒ္ဒီမိဘုရား ပါဝင်သည့် ဝေသန်တရာဇာတ်တော်ကို ရွှေ၊ ငွေ များစွာ ပေး၍ ရေးခိုင်းပြန်သည်။ နောက်တွင် မင်းသားအချို့ နှင့် မြင်ကွန်း၊ မြင်ခုံတိုင်မင်းသားတို့  ဆိုးသွမ်းလွန်းသောကြောင့် ဆုံးမရန် ဝိဇယဇာတ်ကို ရေးရသည်။  ထိုမှ အစပြု၍ ရတု၊ ရကန်၊ ပြဇာတ်များကို သီးကုံးရေးသားကာ အမူထမ်းခဲ့ရသည်။( စလေဦးပုည သည် လက်ဖက်ရည်တော် ဆက်အဖြစ် မင်းတုံးမင်းထံတွင် ခစားရသည် ဟုလည်း ဖတ်ဖူးသည်။)
 
          မန္တလေးမြို့  နန်းတည်ပြီးသော် မင်းတုံးမင်းသည် သားတော် မလွန်မင်းသားအား အိမ်ရှေ့ စံပေးရန် စိတ်ကစားလေသည်။ ထုပ်ဖော်ပြောဆိုခြင်း မရှိသော်လည်း ကနောင် အိမ်ရှေ့ စံမင်းက ယုံမှားသံသယ ရှိပြီး ညီတော်၊ နောင်တော် စိတ်မကြည်လင်ဖြစ်ခါ မဝင်၊ မထွက်ဘဲ နေကြလေသည်။ မင်းကြီးခေါ်သော်လည်း ကနောင်မင်းသားက မကြွသဖြင့် မင်းသား ငယ်စဉ်ကပင် စောင့်ရှောက်၊ မွေးမြုရသော စကြာဒေဝီ မိဘုရားခေါင်ကြီးအား ဖြောင့်ဖြစေရသည်။ ကနောင်မင်းသားကြွလာသဖြင့် မင်းတုံးမင်းက သားဆိုသည်မှာ လိုသလောက်ရကြောင်း၊ ညီတော်က နောက်ထပ် မရနိုင်ကြောင်း ဝမ်းနည်းစွာ မိန့် လေသည်။ (  :D  ) [မင်းတုံးမင်းလက်ထက် မင်းမူထမ်းတို့ သည် မိန်းမ (၂)ယောက်နှင့် အထက်တွင် ရှိသူများသဖြင့် လာဒ်စားကြလေသည်။]
 
          ကနောင်မင်းသားလည်း စိတ်အေးငြိမ်း၍၊ မှားလေခြင်းဟု နောင်တရပြီးသကာလ (ကျွန်ုတို့ ရှစ်တန်း ကျောင်းစာ အဖြစ် သင်ယူခဲ့ရသော) ` ရေသည် ပြဇာတ်` ခေါ် `ဂင်္ဂါမာလဇာတ်တော်` ကို ဦးပုညအား ရေးသား တင်ဆက်စေလေသည်။ နှစ်သက်လွန်း၍၊ ဇာတ်တော်ကို ရှေ့ တော်တွင်လည်း ဖတ်ရ၍၊ ပြဇာတ်လည်း အကြိမ်ကြိမ် ကပြရလေသည်။
 
[မှတ်ချက်။       ။ စလေ ဦးပုညသည် ညာလက်က အင်္ဂါချို့ ယွင်းနေသော်လည်း (ညာလက်တဖက်လုံး သိမ်နေသည် ဆို၏) ရှင်ဘုရင်ရှေ့ တော်တွင် လက်ရေးမြန်၍ လက်ရေး၊ လက်သား လှပသေသပ်စွာ ရေးသားတင်သွင်း နိုင်လေသည်။ ရှင်ဘုရင်ရှေ့ တွင် ရေးသား ပေးဆက်ရသော ပေစာကို ခေါင်းထက်ထားပြီး ရှင်ဘုရင်ဘက် လှည့်ကာ လက်ယာလက်ပေါ်ပေစာတင်လျှက် လက်ဝဲလက်ဖြင့် ကညစ်ကိုကိုင်ပြီး လျှင်မြန်စွာ ရေသားဖော်ပြရသည်။]
 
          မန္တလေးမြို့ ကို ၄-နှစ်ကြာ တည်ထောင်ပြီးနောက် မင်းတုံးမင်းက စလေဆရာဦးပုည အား မင်းလှ သင်္ခယာ ဟုသော ဘွဲ့ နှင့် ရွာစည်ရွာကို ပေးတော်မူသည်။ လစာငွေ တစ်နှစ် ၆၀၀-ကျပ်နှင့် အိမ်ဆောက်ရန် မြေနေရာလည်းပေးလေသည်။ ကိုယ်လက် အင်္ဂါချို့ ယွင်းနေသောကြောင့် မျိုးရိုး- သူကြီးရာထူး ရရန်ကိုကား မည်သူမှ လျှောက်ထားပေးခြင် မရှိပေ။ ၁၂၂၄-ခု တွင် အရှေ့ အရပ်မှစ၊ တောင်ဘက် သို့  နန်းတော်ပတ်လည် မြောင်းတူး၍ ကျုံးတွင်းရေးသွင်းသော် ရတနာနဒီ မြစ်တော် မော်ကွန်းကို ဦးပုညက ရေးဆက်ရာ ဆုလာဒ် များစွာရလေသည်။ (ငယ်စဉ် မောင်ပုတ်စည် ဘဝမှပင်၊ ဆုတော်၊လာဒ်တော် အမျိုးမျိုးကို မင်းညီ၊ မင်းသား၊  မိဘုရားနှင့် ရှင်ဘုရင်တို့ ထံမှ ပုံစံမျိုးစုံဖြင့် ရဘူးသည်။)
 
          မြင်ကွန်း၊ မြင်ခုန်တိုင်မင်းသားတို့  ခေါ်၍ ဗေဒင်မေးသည်ကို ဟော၊ပြော သဖြင့် ကနောင်မင်းသားက မင်းမှလွဲးပြီး မင်းသားတို့ ထံတွင် မခစားရန် တားမြစ်လေသည်။ မင်းခစားဖြင့် ရိုးဖြောင့်စွာနေပါက ဘေးမဲ့ရစေမည်ဟု နောင်တော်ထံ လျှောက်တင်ပေးသည်။ ထိုနောက် ဦးပုညသည် အမျိုးမျိုးသော ကဗျာတို့ ကို ရေးသားစီရင်လေသည်။ ထိုသို့ နေစဉ် မြင်ကွန်း၊ မြင်ခုံတိုင်မင်းသားတို့  ပုန်ကန်မူတွင် အခါပေးသောကြောင့် မင်းတုံးမင်းတရား အမျက်သင့် သဖြင့် မြို့ တော်ဝန် ဦးသာအိုးထံတွင် အကျယ်ချုပ်နှင့် အပ်ထား ခံရလေသည်။
                          
            ဒီပုံက စလေဦးပုညရဲ့  လက်ရေးမူတွေ ထားတဲ့ ပြတိုက်ပုံပါ။
          နေကောင်းတော့စလေ...  စလေ စားကောင်းသောငါးထွေ..ငါးထွေ စလေဦးပုည၇ဲ့ပုည၀တီမြေ..
        စလေဇီးချိုသီးဟု..ထင်၇ှာကျော်ဆော်နေ..လာဖြစ်အောင်လာခဲ့ပါလေ ကျတော်တို့စလေမြို့ကဖိတ်ခေါ်ပါတယ်လေ..
(သူငယ်ချင်းအာလုံးကိုကျတော်တို့စလေမြို့မှ ဖိတ်ခေါ်လိုက်ပါတယ်လာလည်ကြနော်
သူငယ်ချင်းတို့  ညီကိုမောင်နှမအားလုံးစိတ်ဝင်းစားကြတယ်ဆို၇င်ကျတော်ဆက်လက်မျှဝေပေးပါမည်..(ဇာတ်သိမ်းမျော်)
ထပ်ဆင့်တင်ပြသူ.....စလေသားလေ နေခ(မင်းကုသ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...