
များအကြောင်းကို တင်ပြချင်တဲ့စိတ်ကူးဖြစ်လာပါတယ်။ ဒါကြောင့် ဘယ်လက်ကို ညာလက်ထက်ပိုပြီးသုံးကြသူ ကမ္ဘာ
ကျော်ပုဂ္ဂိုလ်တွေအကြောင်းကို ရတီ ကတစ်ဆင့်တင်ပြလိုက်ပါတယ်။
အင်္ဂလိပ်လို Lefty ဒါမှမဟုတ် Left Handed လို့ ပြောကြပြီး မြန်မာတွေကတော့ ဘယ်ကျော်လို့ ပြောကြပါတယ်။
ကျွန်မမြင်ဘူးသမျှ မိဘဆရာသမားတွေကတော့ ကလေးတွေ စာရေးရင်၊ထမင်းစားရင် ညာလက်ကိုပဲ သုံးဖို့ သွန်သင်
ဆုံးမလေ့ရှိပါတယ်။ ဘယ်လက်နဲ့  သုံးရင် အပြစ်တစ်ခုလို မြင်တတ်ကြပါတယ်။ ကျွန်မတို့ မြန်မာလူမှုအဖွဲ့ အစည်း
ယဉ်ကျေးမှုအရရော ဓလေ့ထုံးထမ်းအရရော ညာလက်ကို ပဲ သုံးရမယ်ဆိုတာ ထုံးစံတစ်ခုလိုပဲ ဖြစ်နေပါတယ်။
တကယ်တမ်းမှာတော့ မှတ်သားမိသလောက် မှတ်တမ်းတွေအရ လူတစ်ရာမှာ ငါးယေက်ကနေ ဆယ်ယောက်က
ဘယ်သန်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံမှာတော့ လက်ရှိနှစ်ပေါင်း ၃၀ ကာလအတွင်းမှာ သမ္မတဖြစ်
လာသူတွေရဲ့ ၆၆ ရာခိုင်နှုန်းဟာ ဘယ်သန်တွေဖြစ်ကြပါတယ်။ ပိုပြီး တိတိကျကျပြောရရင်တော့ ခုနောက်ဆုံး
အမေရိကန် သမ္မတဖြစ်လာသူ ၇ ယောက်ထဲမှာ ၅ ယောက် က ဘယ်သန်တွေဖြစ်ကြပါတယ်။

အမေရိကန်သမ္မတ ဘာရက်အိုဘားမား

၃၈ ယောက်သမ္မတ Gerald Ford

၄၀ယောက်မြောက် သမ္မတ Ronald Reagan

၄၁ ယောက်မြောက် George H.W.Bush

၄၂ ယောက်မြောက် သမ္မတ Bill Clinton
လက်ရှိအမေရိကန်သမ္မတ ဘာရက်အိုဘားမားအပါအ၀င် ၃၈ ယောက်သမ္မတ Gerald Ford၊ ၄၀ယောက်မြောက်
သမ္မတ Ronald Reagan၊ ၄၁ ယောက်မြောက် George H.W.Bush ၊ ၄၂ ယောက်မြောက် သမ္မတဖြစ်လာသူ
Bill Clinton တို့ ဟာလည်း ဘယ်သန် တွေပါ။ ခုနောက်ပိုင်း သမ္မတဖြစ်လာသူတွေဟာ ဘယ်သန်တွေဖြစ်ရမယ်ဆိုတာ
ပြောစမှတ်တောင် ဖြစ်နေပါပြီ။
၂၀၀၆ က ပြုလုပ်ခဲ့တဲ့ သုတေသန မှတ်တမ်းတွေအရ ဘယ်လက်ပိုင်ရှင်တွေဟာ ညာလက်ပိုင်ရှင်တွေထက် သက်တမ်း
၉ နှစ်ပိုတိုတယ်လို့  ဆိုပါတယ်။ သာမန် ညာလက်ပိုင်ရှင်တွေက ဘယ်ဘက်ဦးနှောက်အခြမ်း ပိုဖွံ့ ဖြိုးကြပါတယ်။
ဘယ်လက်ပိုင်ရှင်တွေကတော့ ညာဘက်ဦးနှောက်အခြမ်း ပိုမိုဖွံ့ ဖြိုးကြပြီး အရက်သေစာမှီဝဲသူ ဖြစ်ဖို့ အခွင့်အရေး ၃ဆ
ပိုတယ်လို့ လည်း ပြောကြပါတယ်။ ဘယ်လက်သမားတွေဟာ အိပ်မရတဲ့ ရောဂါဝေဒနာကို ခံစားရလေ့ရှိပြီး အလွယ်
တကူ ခေါင်းကိုက် ဝေဒနာ ခံစားရသလို ဓာတ်မတည့်တဲ့ ရောဂါတွေလည်း ခံစားရလေ့ရှိပါတယ်။

အမေရိကန်ရဲ့ အချစ်တော် အိုစမာဘင်လာဒင်ကလည်း ဘယ်လက်ပိုင်ရှင်ပါ။

စစ်ဗိုလ်ချုပ် နပိုလီယံ၊

အလက်ဇန္ဒား

ဝိတိုရိယ ဘုရင်မကြီး

၊ချားလ်မင်းသား၊

ဗြိတိန်နိုင်ငံရဲ့  မျိုးဆက်သစ်မင်းသားလေး ၀ီလျံတို့ ဟာလည်း ဘယ်လက်ပိုင်ရှင်တွေပါ။

နိုဘယ်ဆုရ သိပ္ပံပညာရှင် အိုင်းစတိုင်း၊

လီယိုနာဒိုဒါ ဗင်ချီ
ကမ္ဘာကျော်ပန်းချီတစ်ခုဖြစ်တဲ့ မိုနာလီဇာ အပြုံးပိုင်ရှင်
လီယိုဒါဗင်ချီဟာလည်း ဘယ်လက်ပိုင်ရှင်တစ်ဦးပါ။

သူကတော့ ပါဘလို ပီကာဆို ကမ္ဘာကျော် ပန်းချီဆရာကြီးပါ။
ကမ္ဘာကျော် အနုပညာရှင်တွေဟာလည်း ဘယ်လက်ပိုင်ရှင်တွေ ဖြစ်နေတာကို တွေ့ ရပါတယ်။
ထင်ပေါ်ကျေိာကြားတဲ့ ဘယ်လက်ပိုင်ရှင် သရုပ်ဆောင်တွေကို ရှာဖွေပြီး ပြန်လည်ဝေမျှလိုက်ပါတယ်။

ဆွဲဆောင်မှုအပြည့်နဲ့ အင်ဂျလီနာဂျိုလီ၊

မင်းသမီးချော ဂျုလီယာ ရောဘတ်၊

သူ့ ခေတ်နဲ့ သူကမ္ဘာကို ကိုင်လှုပ်ခဲ့တဲ့ မာရီလင် မွန်ရိုး

နစ်ကိုး ကစ်မင်းပါ

၊အော်ပရာ ၀င်းဖရေး၊

ဘရု ၀ီလီ၊

တွမ် ခရူစ်၊

ချာလီ ချက်ပလင်၊

ပေါလ် မက္ကာတနေ
အနုပညာအပြင် အားကစားဘက်မှာလည်း ထင်ရှားတဲ့ ဘယ်လက်ပိုင်ရှင်တွေရှိပါတယ်။
အားကစားနည်းတစ်မျိုးဖြစ်တဲ့ ပိုလိုမြင်းစီးကစားနည်းမှာတော့
ဘယ်လက်ပိုင်ရှင်တွေကို ၀င်ကစားခွင့် မပြုပါဘူး။

ကမ္ဘာကျော် ဘောလုံးသမားကြီး ပီလီ၊

ကမ္ဘာကျော် ဘောလုံးသမားကြီး ဘလော့ဂါကြီး ရိုမာရီယို၊

ကမ္ဘာကျော် မိုက်ကရိုဆော့ဖ်ပိုင်ရှင် ဘီလ်ဂိတ်ဟာလည်း ဘယ်လက်ပိုင်ရှင်တစ်ဦးပါ။

အမျိုးမျိုး၊နိုင်ငံရေး၊ စာပေပညာနဲ့ အခြားနေရာအသီးသီးမှာပါ အောင်မြင်ကျော်ကြားသူတွေရှိပါတယ်။ စလင်းဒီယွန် နဲ
့အမီတာ ဘဂျန်းဟာလည်း ဘယ်လက်ပိုင်ရှင်တွေဖြစ်ကြပါတယ်။
မြန်မာပြည်မှာလည်း ထင်ရှားတဲ့ ဘယ်လက်ပိုင်ရှင် အနုပညာသည်တွေ တော်တော်များများ ရှိပါတယ်။
ဒီပို့ စ်လေးမှာတော့ လူသိများတဲ့သူတစ်ချို့ ကိုပဲဖော်ပြထားပါတယ်။ အဆိုတော်ကြီး စိုင်းထီးဆိုင်၊ ၀ိုင်းဆုခိုင်သိန်း နဲ့ 
အခြားသော အနုပညာရှင်များကို လည်းတွေ့ နိုင်ပါသေးတယ်။
နှင်း
သြဂုတ်လ ရတီမဂ္ဂဇင်း
No comments:
Post a Comment