စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လူကိုက်ခံရမှုကြောင့် မြွေဟောက်သေဆုံး

3159 man bit cobra 2death

         နီပေါနိုင်ငံမှ အသက် ၅၅ နှစ်အရွယ်ရှိ မိုဟာမက် ဆယ်လ်မို မီယာ အမည်ရတဲ့ လယ်သမားကြီးဟာ စပါးခင်းထဲမှာ မြွေဟောက် ကို သေလောက်အောင် ကိုက်ခဲခဲ့လို့ မြွေဟောက်ဟာ ပွဲချင်းပြီး သေဆုံးခဲ့ရပါတယ်။

         "မြွေက လူကို ကိုက်လို့ အဆိပ်တက်ပြီး သေရတာပဲ ကြားဖူးပါတယ်။ ဖြစ်ရိုးဖြစ်စဉ် မဟုတ်လို့ ဖြစ်နိုင်ပါ့မလား၊ ယုတ္တိမတန်လိုက် တာ" လို့တော့ သဘောမကျကာ စောဒကအခါခါ မတက်ပါနဲ့ဦး၊ ဖြစ်ပုံက ဒီလိုပါ။လယ်သမားကြီး မီယာ ဟာ သူ့ရဲ့ စပါးခင်းထဲမှာ နိစ္စဒူဝ လုပ်ငန်းဆောင်တာများ လုပ်ကိုင်နေတုန်း ဖြုန်းခနဲ မြွှေအကိုက်ခံရပါ တယ်။ ဒါနဲ့ သူဟာ စိတ်ဆိုးမန်ဆိုးနဲ့ 'ဒင်းတော့ သေဖို့သာ ပြင်ပေတော့' လို့ ကြိမ်းဝါးပြီး အစိမ်းစားမတတ် သူ့ကို ကိုက်တဲ့မြွေကို အမိအရ လိုက်ဖမ်းပြီး မြွေကို မသေမချင်း ပြန်ကိုက်ရာက မြွေဟောက်ဟာ ပွဲချင်းပြီး အနိစ္စ ရောက်ရပါတယ်။'တုတ်နဲ့ ရိုက်သတ်ရင် အသာလေးပါပဲ။ ဒါပေမယ့် ကျွန်တော်ဟာ အရမ်း ဒေါသူပုန်ထနေတဲ့ အတွက် သူ့ကို ကျွန်တော့်သွားနဲ့ ပဲ ပြန်ကိုက်သတ်လိုက်ပါတယ်။' လို့ နီပေါ ဒေသခံ သတင်းဌာနတစ်ခုရဲ့ အင်တာဗျူးမှာ ပြောဆိုသွားခဲ့ပါတယ်။လောလောဆယ်မှာတော့ မီယာ ဟာ ဆေးကုသမှု ခံယူနေပြီး အသက် အန္တရာယ် စိုးရိမ်စရာ မရှိဘူးလို့ သိရပါတယ်။

         နီပေါနိုင်ငံမှာ အဆိပ်ရှိတဲ့ မြွေများ သောင်းခြောက်ထောင်ရှိနေပြီး နှစ်စဉ် ခန့်မှန်းခြေ မြွေကိုက်ခံရမှု ဖြစ်စဉ် ၂ဝ,ဝဝဝ ကျော်ရှိပြီး၊ လူ ၁ဝဝဝ ခန့် နှစ်စဉ် အသက်ဆုံးရှုံးရကြောင်း သိရပါတယ်။
 http://shwelone.com/index.php?option=com_content&view=article&a...

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...