စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နေ့လယ်ခင်းတွင် တစ်ရေးအိပ်စက်ခြင်းဖြင့် အခက်အခဲများကို ဖြေရှင်းနိုင်

about an hour ago

နေ့ လယ်ခင်းတွင် တစ်ရေးအိပ်စက်ခြင်းဖြင့် အခက်အခဲများကို ဖြေရှင်းနိုင်…..

သုတေသီများ၏ လေ့လာတွေ့ ရှိချက်အရ နေ့ လယ်ခင်းတွင် တစ်ရေးအိပ်စက်ခြင်းဖြင့် ကြုံတွေ့ လာရသော အခက်အခဲများကို ဖြေရှင်းရာတွင် အထောက်အကုပြုစေမည်ဖြစ်ကြောင်း သုံးသပ်ခဲ့ကြပါသည်။

လေ့လာတွေ့ ရှိချက်အရ Rapid Eye Movement ( REM )ဟု သတ်မှတ်ထားသည့် အိပ်မက်အများဆုံးမက်သည့် အိပ်ချိန်သည် ခဏတစ်ဖြုတ် ဖြစ်သော်လည်း အခက်အခဲများဖြေရှင်းရာတွင် ၄၀ ရာခိုင်နှုန်းခန့် ကို ဖြေရှင်းရာ၌အထောက်အကူပြုစေနိုင်သည်။

(REM ) အိပ်ချိန်သည်ဦးနှောက်ကိုသစ်လွင်စေပြီး ကောင်းမွန်သည့်အတွေးအသစ်များကို ဖန်တီးပေးနိုင်ကြောင်း ၊ ဆန်ဒီယာဂုမှ ဒေါက်တာဖြစ်သူ ဆာရာမက်ဒနစ်က သုတေသနလုပ်ငန်းစဉ်ကို ဦးဆောင်းခဲကြောင်းသိရသည်။
 ..............           ...............         ..............
 သူတိုအမြင်
 U Ncle Htet သူတို့က အခုမှ သိတာပါ။ ရှေးလူကြီးတွေက တရေးနိုးသော် အကြံပေါ်တဲ့။ မြန်မာရှေးလူကြီးတွေ သိတာကြာပေါ့ :)
 Kyaw San ဆရာ Mg Mandalay ခင်ဗျား ကျွန်တော် ဘုန်းကြီး ၀တ် စဉ်တုန်းက ဘုန်းကြီးတစ်ပါးက ပြောဘူးပါတယ် မြတ်စွာဘုရား ၀ိနည်းတော်ထဲမှာ နေ့ ဆွမ်းစားပြီးချိန် တရေးတမော အိပ်မော အိပ်ချင် အိပ်စက်အနားယူရန် ၀ိနည်း စည်းကမ်း ထားခဲ့ကြောင်း ပြောဘူးပါတယ် ဘုရားရှင် ကိုယ်တော်မြတ်ကြီး က ကျန်းမာရေးရှုဒေါင့်မှ အိပ်စက်အနားယူခွင့် ပေးခဲ့ပါလား...လို့ တွေးမိပါကြောင်း
 မူရင်း=http://www.facebook.com/photo.php?fbid=138769752932237&set=a.106796776129535.9535.100003976392183&type=1&theater
     ကျွန်တော် ကြားဖူးတာလေးလဲး ပြောချင်ပါတယ်။ နေ့လယ်နေ့ခင်း အိပ်ရင် ၁၀မီးနစ်၊ ၁၅ မီးနစ် လောက်သာအိပ်တာ အကောင်းဆုံးပါ။မီးနစ် ၃၀ ထက်ကျော်လွန်ကာ အိပ်ကြရင်ဖြင့် အလုပ်ခွင်ပြန်အဝင်မှာ လေးလံထိုင်းမိုင်း ကာ မကြည်မလင် ဖြစ်တတ်ပါသတဲ့။
                                                                  လေးစားစွာဖြင့်    ....    မောင်မြင့်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...