စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပန်းချီဆွဲတဲ့ မြည်းကလေး


မြည်းကတော့ မြည်းပဲ။ ဒါပေမယ့် ထူးခြားတာက ဒီမြည်းလေးက ပန်းချီဆွဲတတ်ပါသတဲ့။ လွန်ခဲ့တဲ့ ၇ နှစ်လောက်တုန်းက ဒီမြည်းကလေး ပတ်တီ ကို အင်္ဂလန်က လေလံပွဲမှာ တွေ့လို့ဝယ်ယူပြီးတော့ စောင့်ရှောက်ခဲ့တာပါ။ အဲ့ဒီအချိန်တုန်းကတော့ ပတ်တီဟာ ကြုံလှီသေးကွေးလို့ မြည်းရုပ်တောင် မပေါက်ရှာဘူးလို့ဆိုပါတယ်။ ဒီလိုနဲ့ သူ့ရဲ့ သခင် ဗစ်ကီ ဂရင်းစလိတ်ရဲ့ စောင့်ရှောက်မှု့အောက်မှာ ပြန်လည် ကျန်းမာလာခဲ့ပါတယ်။ တစ်နေ့တော့ ဗစ်ကီဟာ ပန်းချီဆွဲနေတုန်း သူ့နားမှာရပ်နေတဲ့ မြည်းကလေး ပတ်တီရဲ့ ပါးစပ်ထဲကို စုပ်တံပေးလိုက်တော့ မြည်းကလေးဟာ ပန်းချီဆွဲတော့တာပဲတဲ့။ နောက်ထပ် ရက်သတ္တပတ် ၃ ပတ်ကြာပြီးမှာတော့ ပတ်တီဟာ ရောင်စုံခြယ်ထားတဲ့ ပန်းချီကားချပ်တွေကို ဆေးသားတွေ ခြယ်မှုန်းလို့ ပန်းချီဆွဲပါတော့တယ်။ သူ့သခင်ဗစ်ကီက “ပတ်တီကတော့ သူ့ပန်းချီပြပွဲကို အတော်ကြီးသဘောကျနေလေရဲ့၊ သူ့လက်ရာတွေကို လူတွေက ၀ိုင်းကြည့်တာကို သူ ကြိုက်တယ်လေ” လို့ ဆိုသွားပါတယ်။ ဘရစ်စတိုက ပန်းချီပြခန်းမှာတော့ ဒီမြည်းကလေးဆွဲထားတဲ့ လက်ရာတွေကို ဒေါ်လာ ၁၅၀ နှင့် အထက်ဈေးသက်မှတ်ထားပြီး ၀ယ်ယူလို့ ရပါသတဲ့။ အင်း… မြည်းဆွဲတဲ့ ပန်းချီတစ်ချပ်ကို ဒေါ်လာ ၁၅၀ ကျော်ပေးဝယ်နေကြတယ်ဆိုတော့ ကျွန်တော်လည်း စုပ်တံကိုက်ရမလိုလိုဖြစ်နေပြီ။



http://blog-aunghtut.blogspot.com

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...