စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စိမ်း ရဲ့  မေတ္တာရှင် သင်္ကြန် ပထမအကြတ်နေ့ 


ရွှေ မောင်နှမများ အားလုံး မင်္ဂလာအပေါင်းနှင့် ခညောင်းတဲ့ နှစ်သစ်မင်္ဂလာ ဖြစ်ပါစေ... လို့ 
ပထမဦးစွာ နှုတ်ခွန်းဆက်သ ပါတယ်... ရှင်
ဒီနေ့ ဟာ မြန်မာ့နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ရဲ့  သင်္ကြန် ပထမ အကြတ်နေ့ ပဲ ဖြစ်ပါတယ်ရှင်.....
ဒီနေ့ မှာ စိမ်း မဏ္ဍပ်ကို ကြွရောက်လာကြတဲ့ မောင်နှမများကို စိမ်းက
ပထမဦးဆုံး သပြေခက် နဲ့  အတာရေစက်များ သွန်းလောင်းပါရစေလားရှင်..

သင်္ကြန်ရေဆိုတာ အေးချမ်းလှပြီး အန္တရာယ်ကင်းပါတယ်.... နော်...
ဒီနေ့ တော့ စိမ်း မဏ္ဍပ်မှာ
ဒီလို ပိတောက်ပန်းလေးတွေ ချထားပေးပါတယ်........
ပန်ချင်တဲ့ ပျိုမေများကလည်း ယူပန်နိုင်သလို ချစ်ချစ်ကို ပေးချင်သော ကိုလူပျိုတို့ ကလည်း ယူသွားနိုင်ပါတယ်ရှင်........
ဒီနေ့  စိမ်း မဏ္ဍာပ်မှာ ရေလာကစားကြတဲ့သူများက နွားလှည်းပေါ်မှ ရေပက်ခံထွက်သူများကို ပက်ရမှာဖြစ်ပြီး
ရေပက်ခံထွက်ချင်သူများကလည်း နွားလှည်းစီး၍ ရေပက်ခံ ထွက်ရမှာ ဖြစ်ပါတယ်.....


သင်္ကြန် သီချင်းသံတွေ ကြားတာနဲ့ ပျိုမေချောတို့ ကလည်း က နေကြလာပါပြီ....
သီချင်းသံနားထောင်ပြီး သင်္ကြန်ယိမ်းလေး ကြည့်ရှုရင်း သာဂူကြိုလေး သုံးဆောင်ပါအုံးနော်...
အုန်းသီးကတော့ ထည့်မထားဘူး.. ကြိုက်ရင် ထည့် ဖြူးစားနော်...
ဝအောင်သာသောက်နော်.......... အိုးလိုက် ချထားပေးပါတယ်.........
သကြားနဲ့ ကြိုတာ မကြိုက်ရင် ထန်းလျက်နဲ့  ကြိုထားတာလေး သောက်နော်..
ချမ်းလွန်းလို့  အချမ်းပြေ ဘီယာလေး မှ သောက်ချင်ပါတယ် ဆိုရင်တော့
ခွက် နဲ့  မသောက်ချင်ဘူး ... ဗူးနဲ့ မှ ဆိုရင်တော့......
မမတွေ အတွက် စပျစ် ၀ိုင် ချိုစူး လေးပါ........
သောက်လည်းသောက်.... ကုန်လည်း မကုန်စေနဲ့ နော်.......
:D
မူးမှာ ဆိုးလို့ ပါ......
ညပိုင်း မှာတော့

အကလေးများကြည့်ရင်း မြန်မာ့ရိုးရာ မုန်ု့ ပဲသရေစာများ လည်း သုံးဆောင်ပါအုံးနော်...
ခေါက်မုန့် ပါ.....
သာဂူပြင်...ရှင့်
ဟောဒါက ဆီထမင်း နဲ့  ငါးရံ့  ခြောက်ဖုတ်လေးပါရှင်.......
ဒါကတော့ လက်ဖက် နဲ့  ရေနွေးကြမ်းပါပဲ...
သီချင်းလေး တွေ နားထောင်ရင်း အကလေးတွေပါ ကြည့်ရှုပြီးပြီ.... မုန့် တွေလည်း စားပြီးပြီ ဆိုရင်တော့
ပြန်နိုင်ပါတယ်...ရှင်
မနက်ဖြန်မှာကော ဘာတွေ လုပ်မလဲ ဆိုတာ စောင့်ကြည့်ရင်း
ဒီနေ့  သင်္ကြန် ပထမ အကြတ်နေ့  မဏ္ဍပ်လေး ကို သိမ်းလိုက်ပါပြီနော်...
ဥယျာဉ်လေးထဲမှာ အပန်းဖြေနေကြသော ရွှေမောင်နှမ အပေါင်း
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ရွှင်လန်း ချမ်းမြေ့စွာ မင်္ဂလာနှစ်သစ်ကို ကြိုဆိုရင်း
တစ်နှစ်တာ ပါတ်လုံး အေးချမ်း သာယာ စွာ လျှောက်လှမ်းသွားနိုင်ကြပါစေ...
လို့ 
စိမ်း မှ
ဆုမွန်ကောင်း တောင်းပေးပါတယ်ရှင်...

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...