စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဂျပန်အစားအစာလေးတွေ လုပ်စားကြရအောင်..


အားလုံးကို  ဂျပန်မှာ လုပ်စားတဲ့ ဂျပန်စာ လေးတွေ ကျွေးမယ်နော်--
ပြောရရင် အလုပ်ကိစ္စနဲ့  ခဏလာခဲ့ပေမယ့်  ဂျပန်မှာ လနဲ့ချီပြီးကြာလာတော့ ကျမ က မြန်မာပြည်ကို လွမ်းနေပါပြီ။
အစားမက်တဲ့သူမို့  နန်းကြီးသုတ်၊ အုန်းနိုခေါ့က်ဆွဲ၊ပဲအီကြာ --  စတဲ့  မြန်မာစာ လေးတွေကို လွမ်းနေပြီလေ--
အလုပ်ကိစ္စကတော်တော်နဲ့ မပြီးပြတ်လို့ ကျမလည်းဂျပန်မှာနှစ်လကျော်သောင်တင်နေပါတယ်။
ကျမပြန်ချင်နေမှန်းသိတဲ့  အိမ်ရှင်ဂျပန်ကြီးက ကျမအထူးအဆန်းဖြစ်အောင် ဂျပန်စာလေးတွေ လုပ်ကျွေးပါတယ်။
သူလုပ်ကျွေးတာလေးတွေက လွယ်လွယ်ကူကူ လုပ်လို့ရပြီး စားလို့လည်းကောင်းပါတယ်။
စိတ်ဝင်စားမယ်ဆိုရင် လုပ်စားလို့ ရအောင် ပြောပြမယ်နော်--


ဂျပန်ပီဇာ လုပ်နည်း
Okonomiyaki လို့ ခေါ်တဲ့ ဂျပန်ပီဇာလုပ်ဖို့  ဂျုံမှုန့်၊ ကြက်ဥ၊ပေါင်မှုန့်အကာသား၊
ဂေါ်ဖီ နဲ့ ၀က်သားလိုပါတယ်။
ပထမဆုံး ဂျုံမှုန့် ကိုအရေဖျော်ပြီး လှီးထားတဲ့ ဂေါ်ဖီနဲ့ နယ်ပါ


ပြီးရင် မီးဖိုပေါ် ဒယ်အိုးပြားလေးတင်ပြီး ဆီသုတ်ပါ။
ဆီကိုနှံ့ရုံလေး ပဲထားပြီး ပိုနေတဲ့ဆီတွေကို တစ်ရှူးနဲံသုတ်ပစ်ပါ။


ဒယ်အိုးထဲကိုဂေါ်ဖီထည့်ြ့ပီး အပေါ်က ပေါင်မှုန့် အကာဖြူးပြီး ကြက်ဥတင်ပါ

အဲဒီအပေါ်မှာ ၀က်သားပြားလေးတွေ စီပြီးတင်ကာ မီးအေးအေးလေးနဲ့ ၅ မိနစ်လောက်ထားပါ


တစ်ဖက်စီ လှန်ပေးပြီး ဒီလိုလေးဖြစ်လာရင်  မီးဖိုပေါ်ကချပါ


ဂျပန်ဆော့ စ် ဖြန်းပြီး မရောနိ နဲ့ ဒီလို လှလှလေး ပုံဖော်ပါ။
(ဂျပန်ဆော့စ်မရှိလည်း ကိုယ်စားချင်တဲ့ဆော့စ်ဖြန်းပါ)
အပေါ်က ဂျင်း နဲ့  ဂျပန် ပုဇွန်ခြောက်မှုန့် လေးတင်လိုက်တဲ့အခါ လှပပြီး အရသာရှိတဲ့ဂျပန်ပီဇာရပါပြီရှင်--
ပူတုန်းလေး စားလိုက်နော်--



နောက်တမျိုးက ဂျပန်က စပါ့ ဂတ်တီ ခေါက်ဆွဲပါ။
ပထမဆုံး စပါ့ ဂတ်တီ ခေါက်ဆွဲကိုပြုတ်ပါမယ်။ အပျော့အမာကတော့ ကိုယ်ကြိုက်သလိုပြုတ်ပါ။

ဝက်အူချောင်း လေးတွေကို ထက်ခြမ်းခွဲ ကြော်ပြီး ဆယ် ထားပါ။


လှီးထားတဲ့ ကြက်သွန်ဖြူနီ နဲ့ ပန်းငရုတ် ကို ဆီ သတ်ပြီး ခေါက်ဆွဲ ထည့်မွှေပါ။



ကြက်ဥ ကိုခေါက်ပြီး .ဒယ်ပြားအသေးနဲ့ နဲ့ ဒီလို လုပ်ထားပါ။

ခေါက်ဆွဲ ထဲကို  ၀က်အူချောင်း ထည့် ပြီး ဆော့စ် ထည့် ပြီးမွှေပါ။


ပြီးရင် ကြက်ဥလုပ်ထားတဲ့ဒယ်ပြားလေးထဲကို ဒီလို လှလှလေး ထည့် ပါ။


ဒီဘူးထဲက ချိစ် အမှုန့် လေး ဖြူးပြီးရင် သုံးဆောင်လို့ ရပါပြီရှင်---

ကဲ--နောက်တမျိုးကျွေးဦးမယ်နော်-


Kushikasu လို့ခေါ်တဲ့  ၀က်သားတုတ်ထိုး ကြော်ပါ။
ဝက်သားကို ဒီလိုအတုံးလေးတွေတုံးပြီး ဆားနဲ့ငရုတ်ကောင်းမှုန့်
သင့်တော်သလို နယ်ပြီးရင် သီတံ ထိုးပါ။


ကြက်ဥ ခေါက်ထားတဲ့အထဲကို  ဂျုံမှုန့် ထည့် ပြီးမွှေ ပါ။

ဝက်သားတုတ်ထိုးတွေကို  ဂျုံမှုန့်ရည် နှစ်ပြီး အကြော်မှုန့်  သိပ်နယ် ပေးပါ။


ပြီးရင် ဆီပူထဲထည့်ကြော်လိုက်တဲ့အခါ  စားချင်စရာ ၀က်သားတုတ်ထိုးကြော်လေးတွေရပါပြီ


ဂျပန်ပဲငံပြာရည် Shoyu လေးဆမ်း ၊ ဂေါ်ဖီလေးပါ ထည့်ပြီးစားလိုက်ရင် ကောင်းမှကောင်း-

ကဲ--တော်တ်ာလေးတော့ ဗိုက်ပြည့်သွားပြီမှတ်လား--
ထပ်စားနိုင်သေးရင်တော့  ဒါလေးတွေ ထပ်ကျွေးမယ်-


Chashu လိုခေါ့်တဲ့ ဝက်သားပြား ပါ
နူးအိချိုစိမ့်နေပြီး စားလိုက်ရင် ဆွေမျိုးမေ့ သွားမယ်--


ဒါလေးက ၀က်သား ကြော်ချိုချိုလေးပါ--


ကဲ--စားလို့ ပြီးသွားရင် နောက်ဆုံးပိတ်
လက်ဖက်စိမ်းရေခဲမုန့်နဲ့  ပဲ ယို လေး အချိုပွဲပြင်ထားပါတယ်--

ဒီတခေါက်တော့ တော်လောက်ပြီထင်တယ်နော်-
နောက် ဂျပန်စာလေးတွေလုပ်စားဖြစ်ရင် ထပ် တင်ပေးမယ်နော်--

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...