စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဒူးနာခြင်း သက်သာစေသော အစားအစာများ

ဒူးနာခြင်း သက်သာစေသော အစားအစာများ
Posted by may16

သန်းပေါင်းများစွာသော လူတို့ တွင် ဒူးဆစ်ရောင်ခြင်း ( Osteoarthritis) ကြောင့် ဒူးခေါင်းတောင့်တင်းခြင်း၊ နားခြင်းတို့ ခံစားတွေ့ကြုံရသည် . . . ပျောက်ကင်းမှု အတွက် နည်းလမ်းများတွင် လှုပ်ရှားမှုမှ စတီးရွိုက် ဆေးထိုးခြင်း နှင့် ခွဲစိတ်ကုသမှုအထိ ကုသမှု အမျိုးမျိုးရှိပါသည်...
အစားအသောက်ကို ဂရုစိုက်၍ စားခြင်းဖြင့် ဒူးနာ သက်သာမှု ရရှိကြောင်း လေ့လာချက်များအရ သိရှိရပါသည်..
ပဲမှရရှိသော ရရိုတင်းဓာတ်ကို နေ့စဉ်ပုံမှန် ၃ လတိုင်တိုင် စားခြင်းဖြင့် ဒူးနာခြင်း သက်သာစေရန် သောက်ရသည့် . . . ဆေးပမာဏ လျော့ကျကြောင်း တွေ့ရသည်. . . ပဲတွင် (Isoflavones) ဓာတ်ပါပြီး ဒူးဆစ်ရောင်ခြင်းကို သက်သာစေသော ဂုဏ်သတ္တိရှိသည်. . တစ်နေ့ ပဲမှုန့် ၄၀ ဂရမ် သို့မဟုတ် ပဲနို့နှင့် ပဲဘာဂါစားခြင်းဖြင့် ဒူးနာခြင်း ကိုသက်သာစေသည်. . . . .
ကီဝီသီး ၊သရက်သီး၊ ဂရိတ်ဖရု နှင့် သင်္ဘောသီး ကဲ့သို့သေသာ ဗီတာမင် C ကြွယ်ဝသော အရည်ရွှမ်းသည့် အသီးများ စားသုံးခြင်းကလည်း ဒူးဆက်ရောင်ခြင်းမှ သက်သာမှု ရရှိကြောင်း လေ့လာမှုအရ တွေ့ရသည်. . .
ငါးနှင့် ငါးမှ ရသော အဆီစား သုံးခြင်းကလည်း ဒူးဆစ်တင်းခြင်းနှင့် ရောင်ခြင်းကို သက်သာစေသည်. . . ငါးမှရသော အဆီတွင်ပါသည့် အိုမီဂါ (၃) ဓာတ်က အဆစ်ရောင်ရမ်းစေသော ဓာတ်ပစ္စည်းကို ပိတ်ဆို့ခြင်း သာမက ဒူးဆစ်အတွင်းရှိ အရိုးနု ပျက်စီးခြင်းကို လည်း ကာကွယ်မှုပေးသည်. . .
ငါးကွမ်းရှပ် (သို့) Salmon ငါး ကို အပတ်စဉ်စားခြင်း (သို့) နေ့စဉ် အိုမီဂါ (၃) ဂရမ် စားသုံးခြင်းကလည်း ဒူးနားခြင်းကို သက်သာစေသည်.
ဒေါက်တာခင်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...