စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သေပြီးတဲ့ အဆိုတော် အသက်ပြန်ရှင် သီဆိုနေသလား အံ့သြဖွယ်

alt

လက်တလော ကယ်လီဖိုးနီးယားပြည်နယ်က Coachella music festival မှာ နာမည်ကြီးသွားတဲ့ သတင်းတစ်ပုဒ်ရှိ
ပါတယ်။ ဒါကတော့ သေပြီးတဲ့ အဆိုတော် အသက်ပြန်ရှင် လာတယ်ဆိုတာမျိုးပဲ ဖြစ်ပါတယ်။



တကယ်ကို ရုတ်ရုတ်သဲသဲဖြစ်စေခဲ့ပါတယ်။ အမှန်တော့ ယင်းဟာ လူသားအစစ်မဟုတ်ဘဲ Holographနည်းပညာနဲ့
ရေးဆွဲ၊ ရိုက် ကူး၊ တင်ဆက်ထားတဲ့ သုံးဖက်မြင် ပုံရိပ်သာဖြစ်ပါတယ်။ မီးအလင်းအမှောင် အချိန်အဆမှန်မှန်နဲ့
ဖန်တီးပြလိုက်တဲ့ ကမ္ဘာကျာ် အမေရိကန်-အာဖရိကန် ဟစ်ဟော့ပ်အဆိုကျော် Tupac ဟာ တကယ်ပဲ စင်ပေါ်ပြန်
တက်ဆိုနေတယ်အလားထင်မှတ်စေခဲ့ပါ တယ်။



အမှန်တော့ Tupac ဟာ ၁၉၉၆ ခုနှစ်ကတည်းက ကွယ်လွန်သွားပြီဖြစ်တဲ့ ကမ္ဘာ့အရောင်းရဆုံး
အယ်လ်ဘမ် စာရင်းဝင် အဆိုတော်တစ်ဦး ဖြစ်ပါတယ်။ Tupac ရဲ့ ရှိုးပွဲတစ်ခုမှာ ရိုက်ကူးခဲ့တဲ့ ဗီဒီယိုဟောင်းကို
Holography နည်းပညာနဲ့ သုံးဖက်မြင် မီး ထိုးပြသလိုက်တဲ့အခါမှာ အသက်ရှင်ပြီး သီဆိုနေတယ်အလား ထင်မှတ်
သွားစေပါတယ်။ ဒါဆို စာဖတ်သူတို့ Holography အကြောင်းစိတ်ဝင်စားနေလောက်ပြီ ထင်ပါတယ်။ Holography
ဆိုတာကတော့ ပုံရိပ် တစ်ခုရဲ့အလင်းရောင်ကို မှတ်သားပြီး ယင်းအလင်းရောင်ကို ပြန်လည်တည်ဆောက်ခြင်း
ဖြစ်ပါတယ်။ ယင်းသို့ ပြန်လည်တည်ဆောက်ဖို့ ဘယ်မျက်နှာပြင်မှ မလိုအပ်ပါဘူး။ နေရာလွတ်မှာ လေဆာ မီးထိုး
လိုက်ရုံနဲ့ သုံးဖက်မြင်ကွင်းကျယ် နဲ့ မြင်ရမှာ ဖြစ်ပါတယ်။



စတင် တီထွင်တဲ့ ၁၉၂၀ ခုနှစ်က ရောင်ခြည်အမျိုးမျိုး အသုံးပြုခဲ့ကြပါတယ်။ X-ray နဲ့စတင်ဖန်တီးခဲ့ပြီး ထင်သလောက်
မအောင်မြင်ခဲ့ပါ ဘူး။ အီလက်ထရွန်လည်း သုံးခဲ့ပါသေးတယ်။ နောက်တော့ လေဆာရောင်ခြည်နဲ့ ၁၉၇၁ ခုနှစ်မှာ ရူပ
ဗေဒပညာရှင် Dennis Gabor က အောင်အောင်မြင်မြင် တီထွင်ပြီး နိုဘယ်လ်ဆုရရှိခဲ့ပါတယ်။



လက်တလော Coachella music festival မှာ ဟစ်ဟော့အဆိုကျော် The Notorious B.I.G. နဲ့ သုံးဖက်မြင်ပုံရိပ်
Tupac တို့ အတူတူသီဆိုဖျော်ဖြေသွားတဲ့ အစီအစဉ်ဟာ You Tube မှာ နာမည်ကျော်နေပါတယ်။ နောက်ဆို ဒီလိုပဲ
နာမည်ကြီးအဆိုတော် အားလုံးကို Holography နည်းပညာနဲ့ ပြန်လည်အသက်သွင်းပြီး ရှိုးပွဲတွေမှာ ပြန်လည်
သီဆိုစေတော့မယ် လို့သိရပါတယ်။



REF:shwelone.com

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...