သူငယ်ချင်းများအားလုံး နှစ်သစ်မှာ ပျော်ရွှင်ပါစေလို့ သီဟဆုတောင်းလိုက်ပါတယ်
ခုသီဟတင်ပေးမှာက သီဟတို့ကျောင်းက လေးနိုင်ငံ မြန်မာ လာအို ထိုင်း ကမ္ဘောဒီးယား လေးနိုင်ငံ သင်္ကြန် မြင်ကွင်းလေးပါ ။
15 ရက်နေ့ နေ့လည် ၂ နာရီခွဲမှာ တရုတ်ပြည် ခွန်းရှမ်းမြို့လေးမှာ စတင်ကျင်းပပါတယ် ။
အားလုံးက စိတ်တူကိုယ်တူ ခံစားချက်တွေတူတော့ အဲ့နေ့က သီဟတို့အတွက် ရွှေရက်လေးဖြစ်ခဲ့ပါတယ် ။
ဘာလို့လဲဆိုတော့ သီဟတို့အားလုံးက အမိမြေကို ခွဲထားရတဲ့သူတွေဆိုတော့ ခံစားချက်တူတယ်ဆိုတဲ့
အသုံးအနှုန်းလေး သုံးလိုက်တာပါ ။
ခု သီဟ တစ်ပုံချင်းစီကို ရှင်းပြပါ့မယ် ။ ဘာပဲပြောပြော ဗဟုသုတရတာပေါ့ ။
ဒါက မနက်ပိုင်း ဘုရားကန်တော့တယ် ပြီးတော့ ရေကစားတယ် အစီအစဉ် နှစ်ခုပါ ။
ညပါတီကို သီဟ နောက်နေ့တင်ပေးပါ့မယ် ။
ခုမြင်နေရတဲ့ မြင်ကွင်းက သီဟတို့ ဘုရား ပင့်ပြီး ဆုတောင်းကြဖို့ လုပ်နေကြတာပါ ။
ကိုယ့်ရိုးရာဝတ်စုံလေးတွေ ကိုယ်စီဝတ်လို့ပေါ့ ....


ဒါက သီဟတို့ကျောင်းကိုလာလည်တဲ့ လော့ရန်က စီနီယာဗိုလ်မှူးကြီးအဆင့်ရှိတဲ့ အမျိုးသမီးပါ ။
သူလည်း မမြင်ဖူးလို့ သီဟတို့ရိုးရာကို လာကြည့်ပါတယ် ။ ဘေးက ပတ်လည်က ကျောင်းကဆရာ ဆရာမတွေပါ ။


ဒါက အစီအစဉ် ကြော်ငြာနေတာက လာအိုက စတုတ္တနှစ်ကျောင်းသားရယ် ကမ္ဘောဒီးယားက တတိယနှစ်ကျောင်းသား ထိုင်းက ဒုတိယနှစ်ကျောင်းသားနဲ့ မြန်မာက ပထမနှစ်ကျောင်းသားတွေပါ ။

အားလုံးပြီးသွားတဲ့အချိန်မှာ ကျောင်းအုပ်ကြီးက အမှာစကားနဲ့ ဆုတောင်းတဲ့စကားတွေပြောကြားပေးပါတယ် ။
စပြီးဆုတောင်းဖို့လုပ်နေပါပြီ ။ အမွှေးတိုင်တွေနဲ့ ဝိုင်းပြီးတော့ ဆုတောင်းဖို့ပေါ့
အမွှေးတိုင် ကိုယ်စီနဲ့ပေါ့ ဆုတောင်းကြပါတယ် ...
အမွှေးတိုင်တွေနဲ့ကိုယ်တိုင် ဆုတောင်းပြီးတဲ့အချိန်မှာ အလယ်ကအမွှေးတိုင်ခွက်ထဲကို ဝိုင်းထည့်ကြပါတယ် ။
အားလုံးပြီးတဲ့အချိန်မှာ ပရိတ်ကြိုးလေးတွေတန်းပါတယ် ။

ပရိတ်ကြိုးတွေကိုင်ထားပါတယ် ....
ဘုရားစာ စဆိုပါပြီ ... ဘုရားစာကိုတော့ သီဟတို့ လာအိုက ဒုတိယနှစ်ကျောင်းသားကရှေ့ကဆိုပေးပါတယ် ။
အားလုံးဆုတောင်းပြီးသွားတော့ ဘုရားကို ရေသပ္ပာယ်ပါတယ် ...

ဘုရားက သေးတော့တော်တော်သေးတာပေါ့
အကုန်လုံးကလည်းသင်တန်းသားတွေဆိုတော့ အကြီးမသယ်လာနိုင်ဘူးလေ ။ ဒါတောင်သီဟယူလာလို့ ။
သီဟတောင် မနည်းသယ်လာရတာ ဘာလို့လဲဆိုတော့ အဝတ်အစားအိတ်ထဲလည်း ထည့်လို့မသင့်တော်ဘူးလေ ။
ဘုရားရေသပ္ပာယ်ပြီးတဲ့အချိန်မှာ လက်ကို ကြိုးလေးတွေစည်းပေးကြပါတယ် ။
အဲ့ရိုးရာက လာအိုမှာ ထိုင်းမှာ ကမ္ဘောဒီးယားမှာ ရှိတယ်လို့ဆိုပါတယ် ။
သီဟအထင်တော့ သီဟတို့မှာ အဲ့လိုမရှိလောက်ဘူးနော်...
အဲ့လိုစည်းပြီးတဲ့အချိန်မှာပဲ စကပါပြီ ..
ရိုးရာအကလေးတွေနဲ့ပေါ့ .. တရုတ်တွေကလည်း သီဟတို့နဲ့အတူတူလိုက်ကပါတယ် ။



အဲ့လို အားလုံး ကပြီးတဲ့အချိန်မှာ အမှတ်တရ ဓာတ်ပုံလေးတွေ ရိုက်ဖြစ်ခဲ့ကြပါတယ် ..


အဲ့လိုရိုက်ပြီးတဲ့အချိန်မှာ စပြီး သောင်းကျန်းပါပြီ ...
ရေပတ်တဲ့သူတွေကလည်းပတ် ပေါင်ဒါလိုက်သုတ်တဲ့သူတွေကလည်းသုတ်နဲ့ အားလုံး ပြေးကုန်ပါပြီ ...











ကိုယ့်ရိုးရာမဟုတ်ပဲနဲ့ ကိုယ်ဝင်ပြီးတော့ ကဲတာ အကဲဆုံးကတော့ ဗီယက်နမ်က အစ်ကိုတွေပါပဲ....
မသိသူတို့ပွဲလိုလိုဘာလိုလိုနဲ့လေ :P
သီဟလေ ဘယ်သူမှမသနားဘူး
ဒီကုလားကိုပဲသနားတယ် ။။
သူ့ခဗျာ ရေပတ်မှာစိုးလို့ ဖိနပ်တောင်မပါဘူး ပြေးတာတန်းနေတာပဲ ဟိဟိ ။
အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ နေ့လည်သင်္ကြန်ပွဲလေး ပြီးမြောက်သွားခဲ့ပါတယ် ။
သူငယ်ချင်းများအားလုံး ဒီဘလော့လေးကို ဒီမှာရပ်ပါရစေ
ည ပါတီပွဲကို သီဟ နောက်နေ့အချိန်လေးရရင်ရသလို တင်ပေးပါ့မယ် ။
အားလုံး နှစ်သစ်မှာ ပျော်ရွှင်မှု့အပေါင်းနဲ့ခညောင်းပါစေ......
ခုသီဟတင်ပေးမှာက သီဟတို့ကျောင်းက လေးနိုင်ငံ မြန်မာ လာအို ထိုင်း ကမ္ဘောဒီးယား လေးနိုင်ငံ သင်္ကြန် မြင်ကွင်းလေးပါ ။
15 ရက်နေ့ နေ့လည် ၂ နာရီခွဲမှာ တရုတ်ပြည် ခွန်းရှမ်းမြို့လေးမှာ စတင်ကျင်းပပါတယ် ။
အားလုံးက စိတ်တူကိုယ်တူ ခံစားချက်တွေတူတော့ အဲ့နေ့က သီဟတို့အတွက် ရွှေရက်လေးဖြစ်ခဲ့ပါတယ် ။
ဘာလို့လဲဆိုတော့ သီဟတို့အားလုံးက အမိမြေကို ခွဲထားရတဲ့သူတွေဆိုတော့ ခံစားချက်တူတယ်ဆိုတဲ့
အသုံးအနှုန်းလေး သုံးလိုက်တာပါ ။
ခု သီဟ တစ်ပုံချင်းစီကို ရှင်းပြပါ့မယ် ။ ဘာပဲပြောပြော ဗဟုသုတရတာပေါ့ ။
ဒါက မနက်ပိုင်း ဘုရားကန်တော့တယ် ပြီးတော့ ရေကစားတယ် အစီအစဉ် နှစ်ခုပါ ။
ညပါတီကို သီဟ နောက်နေ့တင်ပေးပါ့မယ် ။
ခုမြင်နေရတဲ့ မြင်ကွင်းက သီဟတို့ ဘုရား ပင့်ပြီး ဆုတောင်းကြဖို့ လုပ်နေကြတာပါ ။
ကိုယ့်ရိုးရာဝတ်စုံလေးတွေ ကိုယ်စီဝတ်လို့ပေါ့ ....
သူလည်း မမြင်ဖူးလို့ သီဟတို့ရိုးရာကို လာကြည့်ပါတယ် ။ ဘေးက ပတ်လည်က ကျောင်းကဆရာ ဆရာမတွေပါ ။
ဒါက အစီအစဉ် ကြော်ငြာနေတာက လာအိုက စတုတ္တနှစ်ကျောင်းသားရယ် ကမ္ဘောဒီးယားက တတိယနှစ်ကျောင်းသား ထိုင်းက ဒုတိယနှစ်ကျောင်းသားနဲ့ မြန်မာက ပထမနှစ်ကျောင်းသားတွေပါ ။
အားလုံးပြီးသွားတဲ့အချိန်မှာ ကျောင်းအုပ်ကြီးက အမှာစကားနဲ့ ဆုတောင်းတဲ့စကားတွေပြောကြားပေးပါတယ် ။
အကုန်လုံးကလည်းသင်တန်းသားတွေဆိုတော့ အကြီးမသယ်လာနိုင်ဘူးလေ ။ ဒါတောင်သီဟယူလာလို့ ။
သီဟတောင် မနည်းသယ်လာရတာ ဘာလို့လဲဆိုတော့ အဝတ်အစားအိတ်ထဲလည်း ထည့်လို့မသင့်တော်ဘူးလေ ။
ဘုရားရေသပ္ပာယ်ပြီးတဲ့အချိန်မှာ လက်ကို ကြိုးလေးတွေစည်းပေးကြပါတယ် ။
အဲ့ရိုးရာက လာအိုမှာ ထိုင်းမှာ ကမ္ဘောဒီးယားမှာ ရှိတယ်လို့ဆိုပါတယ် ။
သီဟအထင်တော့ သီဟတို့မှာ အဲ့လိုမရှိလောက်ဘူးနော်...
ရိုးရာအကလေးတွေနဲ့ပေါ့ .. တရုတ်တွေကလည်း သီဟတို့နဲ့အတူတူလိုက်ကပါတယ် ။
ရေပတ်တဲ့သူတွေကလည်းပတ် ပေါင်ဒါလိုက်သုတ်တဲ့သူတွေကလည်းသုတ်နဲ့ အားလုံး ပြေးကုန်ပါပြီ ...
မသိသူတို့ပွဲလိုလိုဘာလိုလိုနဲ့လေ :P
ဒီကုလားကိုပဲသနားတယ် ။။
သူ့ခဗျာ ရေပတ်မှာစိုးလို့ ဖိနပ်တောင်မပါဘူး ပြေးတာတန်းနေတာပဲ ဟိဟိ ။
အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ နေ့လည်သင်္ကြန်ပွဲလေး ပြီးမြောက်သွားခဲ့ပါတယ် ။
သူငယ်ချင်းများအားလုံး ဒီဘလော့လေးကို ဒီမှာရပ်ပါရစေ
ည ပါတီပွဲကို သီဟ နောက်နေ့အချိန်လေးရရင်ရသလို တင်ပေးပါ့မယ် ။
အားလုံး နှစ်သစ်မှာ ပျော်ရွှင်မှု့အပေါင်းနဲ့ခညောင်းပါစေ......
No comments:
Post a Comment