စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ထိုင်းနိုင်ငံမှ မြေအောက်မီးတောက်များ


လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ် ဧပြီလ ၂၅ ရက်နေ့မှာ မြေအောက်မီးလောင်မှုတစ်ခု
ထိုင်းနိုင်ငံ နာခွန်ထိုင်း (Nakhonthai) ခရိုင် ဖစ်ဆနျုလုတ်ခ် (Phitsanulok) ဒေသမှာ ဖြစ်ပွားခဲ့ပါတယ်။

အဲဒီနေရာမှာ ၁၉၈၂ ခုနှစ်မှာ သစ်ခွဲစက်တည်ရှိခဲ့ဖူးပြီး
ဒေသခံတွေ မီးသွေးဖုတ်တဲ့နေရာအဖြစ် အသုံးပြုလေ့ ရှိပါတယ်။
အဲဒီဖြစ်စဉ်ကြောင့် လူ ၃ ဦး ဒဏ်ရာရပြီး အိမ်မွေးတိရစ္ဆာန် အများအပြား သေဆုံးခဲ့ရပါတယ်။
ဒါ့အပြင် Nakhonthai-Dan Sai လမ်းမကြီးလည်း ၄၀၀ စတုရန်းမီတာခန့် ပျက်စီးခဲ့ရပါတယ်။
အခင်းဖြစ်ပွားပြီးချိန်မှာ The Disaster Prevention and Mitigation Department မှ
Itsaraporn Sujano  ခေါင်းဆောင်သောအဖွဲ့က သွားရောက်စစ်ဆေးခဲ့ပေမယ့်
အကြောင်းရင်းကို သေချာမဆုံးဖြတ်နိုင်သေးပါဘူး။
အခြားသော အဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ ဒီဖြစ်စဉ်ကို အဖြေရှာဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
အခင်းဖြစ်တဲ့ နေရာပတ်ပတ်လည်မှာ သတိပေးစာတမ်းများ ချိတ်ဆွဲထားပြီး
ဒေသခံတွေကိုလည်း မြေကြီးအပူဓာတ်လျှော့ချဖို့အတွက် ရေများ ဖြန်းထားဖို့ အကြံပြုထားပါတယ်။
မကြာခင်က ထိုင်းနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ဖြစ်မယ်လို့ ဒေသခံအချို့က ယူဆကြပါတယ်။

သူတို့အနေနဲ့ တာဝန်ရှိအဖွဲ့အစည်းများမှ အကြောင်းရင်းကို
အမြန်ဆုံးထုတ်ပြန်ပေးစေလိုပြီး အဲဒီပတ်ဝန်းကျင်ကို ကလေးနဲ့ တိရစ္ဆာန်တွေ
မ၀င်နိုင်အောင် ကာရံပေးစေချင်ကြပါတယ်။









သံစဉ်ဖြူဖြူ
*******************************************************


ဒီပို့(စ) လေးကလဲ ကိုထူးဆန်းပို့ပေးတာပါ
အားလုံး ဗဟုသုတရနိုင်စေဖို့ ပါတဲ့......
ကိုထူးဆန်းအား ကျေးဇူးတင်စွာဖြင့်
အားလုံးကိုလေးစားလျှက်.....
ဇီဇ၀ါ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...