စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သတိရှိပါ...အို မြန်မာ ..

လက်ရှိ ဗမာပြေမှာ ဒေါ်စုနဲ့ အစိုးရအဖွဲ့ဟာ ဒီမိုကရေစီပြောင်းလဲရေးဖြစ်စဉ်မှာ အရေးအကြီးဆုံးနဲ့ ဆယ်စုနှစ်တွေအတွင်း ပထမဆုံးဖြစ်တဲ့ ရင်ကြားစေ့ရေးအဆင့်ကို ဖြတ်ကျော်ဖို့နီးစပ်နေပြီဖြစ်တယ်။
မြန်မာ့သမိုင်းမှာ လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်းစစ်တွေနဲ့ အချင်းချင်းမယုံကြည်မှုတွေကြောင့် ဆင်းရဲမွဲတေပြီး တိုင်းပြည်ကြီးကျဆုံးပျက်စီးသွားခဲ့၇တာ အားလုံးအသိပဲဖြစ်တယ်။
ဒီတော့ အခုလိုအချိန်မှာ ဒေါ်စုနဲ့ တစ်ဖက်က အစိုးရအဖွဲ့တို့ စကားအပြန်အလှန်ပြောညှိနှိုင်းလာကြတာဟာ အင်မတန်ကို ကောင်းမြတ်ပြီး မြန်မာနိုင်ငံကြီးတိုးတက်ဖို့ လမ်းစပေါ်လာပြီလို့ပြောနိုင်တဲ့အချိန်လည်းဖြစ်နေတယ်။
သမိုင်းမှာ ထူးခြားပြီး Turning Point လိုဖြစ်နေတဲ့အချိန်ကာလဖြစ်တဲ့အတွက် အစိုးရ အတိုက်အခံ နိုင်ငံရေးသမားများအားလုံး လှုပ်လှုပ်ရွရွဖြစ်နေကြတဲ့ ကာလလို့လည်း ဆိုရမယ်။ အဲ့ဒီအထဲမှာ ပြောင်းလဲရေးကို အားပေးလိုသူ (Reformists) များနဲ့ ပြောင်းလဲရေးကို မလိုလားသူ Radicals များဟာ အတိုက်အခံဖက်မှာရော အစိုးရဖက်မှာပါ သိသိသာသာ ပေါ်ထွက်လာတယ်။ အစိုးရဖက်က သမ္မတက လောလောဆယ်မှာ ကချင်ဒေသ စစ်ရေးကိစ္စက လွဲရင် ကျန်တဲ့နိုင်ငံရေးဆောင်ရွက်ချက်များမှာ သြဇာညောင်းပြီး ထောက်ခံမှုရထားတယ်လို့ ဆိုရမယ်။ သူ့ကို လွန်ဆန်နေတဲ့သူတွေကို ရွေးကောက်ပွဲကာလမှာတွေ့ရပေမယ့် အားလုံးမျှော်လင့်ထားတဲ့အတိုင်း Landslide victory အဖြစ် NLD အောင်ပွဲခံသွားတာသည် သမ္မတရပ်တည်မှု မှန်ကန်ပြီး နိုင်နင်းအောင် ထိန်းကျောင်းပေးခဲ့တယ်လို့ ဆိုရမှာဖြစ်တယ်။
အတိုက်အခံတွေဖက်မှာ ကြည့််၇င် ဒေါ်စုကို လှိုက်လှဲစွာထောက်ခံနေသူတွေရှိသလို တစ်ဖက်ကနေ ဒီလို ရင်ကြားစေ့ရေးကို မထိတထိနဲ့ ပျက်အောင် လုပ်ချင်သူတွေ၊ သိသိသာသာ ဖျက်ချင်သူတွေ ရှိနေတာကို တွေ့ရမှာ ဖြစ်တယ်။ သိသိသာသာ ဖျက်ဆီးချင်သူတွေက တော့ ကွန်မြူနစ်လေသံပေးပြီး ပြောချင်ရာလျှောက်ပြောနေတဲ့ လူတွေဖြစ်ပြီး သိသာနေတာမို့ အထူးမပြောလိုဘူး။ ဒါပေမယ့် မျက်နှာဖုံးစွပ်ပြီး ပျားရည်မျက်နှာသုတ်ပြီး လက်က ဓါးကိုင်ထားတဲ့ လူတွေကို သတိထားဖို့လိုတယ်။ဒီလူတွေဟာ အန္တရာယ်ကြီးတယ်။
အဲ့ဒီအုပ်စုထဲမှာ လောလောဆယ် အထကြွဆုံးနဲ့ ခြေလှမ်းအသွက်ဆုံးအဖွဲ့က Burma Campaign UK ဆိုတဲ့အဖွဲ့ဖြစ်တယ်။ အဲ့ဒီအဖွဲ့ဟာ မြန်မာ့နိုင်ငံရေးလောကမှာ ထင်ရှားသူဖြစ်တဲ့ ကျောင်းသားခေါင်းဆောင် ကိုမြအေးရဲ့ သမီး ဝေနှင်းပွင့်သုန် နဲ့ ကရင်ခေါင်းဆောင် ဖဒိုမန်းရှာသမီး ဇိုရာဖန်းတို့ကို အသုံးချထားတယ်။ ဝေနှင်းပွင့်သုန်က အစ္စလာမ်ဘာသာဝင်ဖြစ်တဲ့အတွက် သူ့ကို ရိုဟင်ဂျာခေါ် လူဝင်မှုကြီးကြပ်ရေးပြဿနာ ဖြစ်ပြီး နိုင်ငံပျောက်သူများလို့ ခေါ်နေကြတဲ့ မြန်မာ ဘင်္ဂလားနယ်စပ်က မွတ်စလင်တွေ ကို မြန်မာပြည်က လက်ခံအောင် ဖိအားပေးတဲ့နေရာမှာ အသုံးချထားတယ်။ ဇိုရာဖန်းကိုကျတော့ အစိုးရရဲ့ တိုင်းရင်းသားလူမျိုးစုတွေအပေါ် ကျူးလွန်ခဲ့မှုတွေရဲ့ သက်သေအဖြစ်ထားပြီး ဖိအားပေးနိုင်ဖို့ အသုံးချထားတယ်။ အဲ့ဒီအဖွဲ့ရဲ့ ဒါရိုက်တာတွေက Anna Roberts နဲ့ Mark Framer လို့ခေါ်တဲ့ အင်္ဂလိပ်လူမျိုးနှစ်ဦးဖြစ်တယ်။
သူတို့က ဘာတွေ ထကြွနေသလဲလို့ မေးရင် သူတို့ခြေလှမ်းတွေကို ထောက်ပြမယ်။ သူတို့ဟာ မီဒီယာတွေကို တွင်တွင်ကျယ်ကျယ် အသုံးချပြီး ဖိအားပေးတဲ့နေရာမှာ ကျွမ်းကျင်တယ်။ နောက်ပြီး အင်္ဂလိပ်အစိုးရအသိုင်းအဝန်းမှာ ဝင်ဆန့်အောင် ကြိုးစားထားပုံရတယ်။ နှစ်ပေါင်းများစွာ တံခါးပိတ်ထားခဲ့တဲ့ ရလာဒ်အရ နိုင်ငံတကာစာမျက်နှာမှာ သူတို့ပြောတာကို ကိုးကားနေရတဲ့ အနေအထားဟာ ဒီအချက်ကိုပိုအားသာလာစေခဲ့တယ်။ သိရသလောက်က ဒီအဖွဲ့ဟာ အင်္ဂလန်က ရိုဟင်ဂျာ အဖွဲ့နဲ့ ထူးထူးခြားခြားပတ်သက်မှု ရှိထားတယ်။သူတို့ ခြေလှမ်းတွေကို ကြည့်ရင် (၁) ရိုဟင်ဂျာကိစ္စကို ဖိအားပေးနေတယ်။ (၂) မီဒီယာကို သံုးပြီး လက်ရှိအစိုးရသည် အပြောင်းအလဲစစ်မှန်သူမဟုတ်တဲ့အကြောင်းကို တိုင်းရင်းသားဒေသ အထူးသဖြင့် ကချင်စစ်ပွဲတွေနဲ့ထောက်ပြီး အော်တယ်။ (၃) ပိတ်ဆို့မှုကို လုံးဝ မဖြေလျှော့သင့်ကြောင်းကို မီဒီယာကနေပဲ တစ်ဆင့် ခပ်စိပ်စိပ် အော်လာမယ်။ အရင်က ဆိုရင် တစ်လမှာ ဆောင်းပါး တစ်ပုဒ်မေ၇းတဲ့ ဘားမားကန်ပိန်းယူကေ အဖွဲ့က လူတွေဟာ အခုဆိုရင် ပြည်ပမီဒီယာတွေဖြစ်တဲ့ VOA, RFA, BBC မြန်မာပိုင်းအပြင် နိုင်ငံတကာသြဇာကြီးတဲ့ အင်္ဂလိပ်ပိုင်းမှာပါ ဝါဒဖြန့်ဖို့ ပိတ်ဆို့မှုတွေကို မဖွင့်ဖို့ အားသွန်ခွန်စိုက်ကြိုးပမ်းနေကြတာဖြစ်တယ်။ သူတို့ ဘာကြောင့် ဒီလိုလုပ်နေကြတာလဲ ??
သက်ဆိုင်ရာ ကန်ပိန်းတွေဟာ သက်ဆိုင်ရာနိုင်ငံတွေက အစိုးရအဖွဲ့တွေရဲ့ သီးသန့်ထောက်ပံ့ကြေးတွေ များစွာ ရရှိကြတယ်။ လူသားချင်းစာနာမှုအရ ဖိနှိပ်ခံရသူတွေကို ကူညီဖို့ ပုံစံမျိုး ထောက်ပံ့မှုတွေ လုပ်ကြတယ်။ ဗမာပြေ ပိတ်ဆို့မှုတွေပွင့်သွားရင် သူတို့ရဲ့ ဝင်ငွေလမ်းပိတ်သွားတော့မှာ ဖြစ်တယ်။ ဒါကြောင့်မို့ အသည်းအသန်ရုန်းကန်နေရတာ ဖြစ်တယ်။ အခု ထပ်အကဲခတ်ကြည့်၇င် ဘားမားကန်ပိန်း ယူကေကနေ မီဒီယာကို ဘယ်လိုသုံးသလဲဆိုတာ ဖော်ပြမယ်။
"2012-04-12
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ ပြည်တွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်အစိုးရကို အလေးပေးပြောဆိုဖို့ ဗြိတိန်အခြေစိုက် Burma Campaign UK က မနေ့က တောင်းဆိုလိုက်ပါတယ်။
မြန်မာပြည် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေမှာ အာဏာပိုင်တွေဘက်က ဆောင်ရွက်ချက်တွေဟာ အားနည်းနေတာကြောင့် ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားတာကို အားလုံးရုပ်သိမ်းဖို့ အချိန်မတန်သေးဘူးလို့ အဖွဲ့ရဲ့ပြောခွင့်ရသူ မဇိုရာဖန်းက ပြောပါတယ်။
ဒါ့အပြင် ၀န်ကြီးချုပ်နဲ့အတူ ကုန်သွယ်စီးပွားရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့လိုက်ပါသွားတာဟာ ဗြိတိန်အစိုးရက အပြောနဲ့လက်တွေ့ မညီဘူးဆိုတာ ပြလိုက်တာပဲလို့ အဖွဲ့ရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေဆဲဆိုတာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း ထုတ်ပြန်ထားဆဲဖြစ်ပြီး စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေအစား လူသားချင်း စာနာကူညီမှုတွေကိုပဲ ပံပိုးကူညီပေးသင့်တယ်လို့ ကြေညာချက်မှာ ရေးသားထားပါတယ်။"--- ဒါက RFA က သတင်းပါ။
"Wai Hnin, from the Burma Campaign UK, told the BBC the recent changes in the country were proof that sanctions were working, but there was still "no democratic system in Burma yet".
"To remove all the sanctions would be a little bit silly - I'm afraid that these changes will stop," she said." ဒါက အေပြီ ၁၃ ရက်နေ့ ဘီဘီစီအာရှပစိတ်ဖိတ် ဆိုင်ရာ သတင်းမှာ ဗြိတိန်ဝန်ကြီးချုပ် သတင်းမှာပါတဲ့ ဝေနှင်းပွင့်သုန်စကားဖြစ်တယ်။
"EU sanctions against Burma should be suspended. This is a significant shift in strategy, and a potentially risky one."
ဒါက အေပြီ ၁၃ ရက်နေ့မှာ ဗြိတိန်ဝန်ကြီးချုပ်လာတဲ့အချိန်နဲ့ ကွက်တိ ရေးလိုက်တဲ့ ဝေနှင်းပွင့်သုန်ဆောင်းပါးထဲက ကောက်နုတ်ချက်ဖြစတယ်။ ဂါးဒီးယန်းသတင်းစာမှာ ဖြစ်တယ်။
"(Mizzima) – Burma Campaign UK on Saturday welcomed an announcement by British Prime Minister David Cameron that Britain will not support EU sanctions against Burma being lifted".ဒါ က မဇျွိမမီဒီယာမှာ ပါတဲ့ ဆောင်းပါး ဖြစ်တယ်။
""Despite reforms, Burma is still a country with one of the worst human rights records in the world, and where the military has constitutional control over every level of government. Burma is still a very long way from being a democracy." ဒါက တယ်လီဂရပ်ဖ်မှာ ပါတဲ့ ဆောင်းပါးထဲက အန်နာရောဘတ်ဆိုတဲ့ အဲ့ဒီကန်ပိန်းက ဒါရိုက်တာစကားကို ကိုးကားပြထားတာဖြစ်တယ်။
"By-elections don’t mean Burma is free" ဒါက ဘားမားကန်ပိန်းယူကေ ဝက်ဘ်ဆိုက်မှာ ကြေငြာထားတာဖြစ်တယ်။ နောက်ပြီး ဒီသတင်းတွေကို မြိုင်မြိုင်ဆိုင်ဆိုင်တင်ပေးပြီး ပြောနေ လူရာသွင်းနေကြတဲ့ ပုဂ္ဂိုတွေက ပြည်ပမီဒီယာတွေ ဖြစ်တဲ့ BBC, VOA, RFA တို့ဟာ အဓိက ဖြစ်နေတာကိုတွေ့ရတယ်။ အဲ့ဒီတော့ ဒီလူတွေခြေလှမ်းကို ကြည့်ရင်
အစိုးရနဲ့ ဒေါ်စု ၇င်ကြားစေ့မှု မဖြစ်မြောက်ရေး အတွက်
(၁) တိုင်းရင်းသားအရေးကိစ္စ
(၂) ရိုဟင်ဂျာအရေးကိစ
္စ(၃) ကျန်ရှိနေသေးသော နိုင်၊ကျဉ်းများ ကိစ္စ
(၄)အတိတ်ကာလ အဖြစ်အပျက်များ ဆိုတဲ့ အချက်တွေနဲ့ပဲ မယုံသေးကြောင်း၊ Reform သည် စိတ်ချရတဲ့ အနေအထား မဟုတ်ကြောင်း ပြောဆိုနေကြတာ ဖြစ်တယ်။
အားလုံးမှာ တူညီတဲ့အချက်က လက်ရှိ REFORMS တွေနဲ့ အကောင်အထည်ဖော်နေသူတွေကို ဘယ်လို အားပေးဝန်းရံသင့်လဲ ဆိုတာ လုံးဝမပါခြင်းပဲဖြစ်တယ်။ကောက်ချက်ဆွဲကြည့်ရင် အစိုးရက နောက်ပြန်လှည့်အာဏာသိမ်းတာကို ပိုလိုလားနေသယောင်ဖြစ်နေတယ်ဆိုတာ သိသာနေတယ်။
ရိုဟင်ဂျာကိစ္စ
------------
သိပ်မစွပ်စွဲချင်ပေမယ့် ဘားမားကန်ပိန်းယူကေမှာ ရိုဟင်ဂျာဆက်ရှင်ရှိနေတယ်ဆိုတာ အတိအကျရထားတဲ့ သတင်းတွေအရ အတည်ပြုပြီးသားဖြစ်တယ်။ ၇ိုဟင်ဂျာအခမ်းအနားတွေလည်း လုပ်ပေးလေ့ရှိတာကို သိရတယ်။ ရိုဟင်ဂျာအဖွဲ့ခေါင်းဆောင် ကိုထွန်းခင်နဲ့လည်း ဓါတ်ပုံတွဲရိုက်ထားတာကို တွေ့မြင်နိုင်မှာ ဖြစတယ်။ ဒါတွေရဲ့ ဆက်စပ်မှုကို လေ့လာကြည့်၇င် ဘားမားကန်ပိန်းယူကေဟာ လက်ရှိ REFORMS တွေကို မပျက်ပျက်အောင် သူတတ်နိုင်သမျှ မီဒီယာအားကို သုံးပြီး ရိုဟင်ဂျာကိစ္စကို ခေါင်းစဉ်တပ် မွှေနှောက်တော့မှာ ဖြစ်တယ်။ ရိုဟင်ဂျာကိစ္စမှာ သူတို့ အဓိက သုံးတဲ့အချက်က ဘာသာရေးပဋိပက္ခနဲ့ အဓိကရုဏ်း ဖြစ်စေခြင်းပဲဖြစ်တယ်။ ဗမာတွေက လူများစုဖြစ်တဲ့အတွက် အဓိကရုဏ်းဖြစ်လျှင် Racists, Genocide စတဲ့ အချက်အလက်တွေအထိ ဆွဲယူပြီး ဖိအားပေးလာမှာ ဖြစ်တယ်။ သူတို့ ပစ်မှတ်က ဒေါ်စုနဲ့ အစိုးရတို့ ရင်ကြားစေ့ရေး ပျက်ပြယ်ဖို့ ဖြစ်နေတာကို ရှင်းရှင်းကြီးတွေ့ရမှာ ဖြစ်တယ်။
နိဂုံး
---
ကျုပ်တို့ ဗမာပြေဟာ အချင်းချင်းမညီညွတ်ခဲ့ကြလို့ သူများနိုင်ငံနောက် အောက်ကျနောက်ကျဖြစ်နေခဲ့ရတယ်။ အခုမှ ပွင့်လင်းလာကာစမှာ ဒီအနေအထားကို ထုံးစံအတိုင်း စားဖားတွေက ဖျက်ဆီးချင်လာတာကို တွေ့ရတယ်။ ဒီစားဖားတွေထဲမှာ ဘားမားကန်ပိန်းယူကေလို အဖွဲ့တွေအပြင် နာမည်ကြီး ဇိမ်ခံနိုင်ငံရေးသမားတွေလည်း ပါနေတယ်။ ဒီနိုင်ငံရေးသမားတွေ ဘုန်းရိပ်ကံရိပ်နဲ့ မကင်းတဲ့ ပြည်ပမီဒီယာတွေလည်း ပါနေတာကို တွေ့ရမယ်။ သိသာတဲ့အချက်က ကျုပ်တို့ ဗမာတွေ အသည်းနာတဲ့ ဘီဘီစီမြေပုံကိစ္စမှာ တစ်ညီတစ်ညွတ်တည်း လေသံပိတ်နေခဲ့တာပဲ ဖြစ်တယ်။ ဒီတော့ ကျုပ်တို့ဟာ တစ်သက်မှာ တစ်ခါပေါ်လာတဲ့ ဒီလို မျှော်လင့်ချက်အလင်းရောင်သန်းလာတဲ့ အချိန်မှာ ဖျက်လိုဖျက်ဆီး လုပ်ချင်တဲ့လူတွေကို ဟန့်တားရမယ်။ ဒီလူတွေဟာ ဒီလိုလူတွေပါလို့ ပြည်သူတွေသိအောင် နိုင်ငံတကာသိအောင် အားထုတ်ရမယ်။ ဒါမှ ကျုပ်တို့ သမိုင်းတာဝန်ကျေမယ်။ ဒါကြောင့် ကျုပ်စာကို ဘတ်ကြပါ။ အားနည်းချက်ရှိရင် ဝေဘန်ပေးပါ။ ထောက်ပြပေးပါ။ ဒီစာကို ရေးတာ ဘားမားကန်ပိန်းယူကေ၊ ပြည်ပမီဒီယာ၊ စားဖား နိုင်ငံရေးသမား ဘယ်သူ့ဘယ်သူကိုမှ Personally သိခြင်းမရှိဘဲ ဘယ်သူ့မျက်နာမှလည်းမထောက်ဘဲ ရေးထားတာ ဖြစ်ပါတယ်။ မှားနေရင်လည်း ဝေဘန်နိုင်ပါတယ်။ လက်ခံရင် ဖြန့်ဝေပေးစေချင်ပါတယ်။
အောက်ပါလင့်ခ်တွေမှာ သွားေ၇ာက်ဘတ်ရှုနိုင်ပါတယ်။
http://www.mizzima.com/news/inside-burma/6948-they-now-have-to-deli...
http://www.telegraph.co.uk/news/worldnews/asia/burmamyanmar/9203225...
http://www.burmacampaign.org.uk/index.php/news-and-reports/burma-br...
http://www.channel4.com/news/which-way-now-for-burma
http://www.mizzima.com/news/inside-burma/6948-they-now-have-to-deli...
https://apps.facebook.com/theguardian/commentisfree/2012/apr/13/bur...
http://www.bbc.co.uk/news/uk-politics-17698526#TWEET125949
http://www.voanews.com/english/news/asia/Burmas-Minorities-Caution-...
မူရင်းရေးသားသူ ။ ။ Myo Set(စားဖားတွေထကြွနေပြီ။ အားလုံး သတိရှိကြ)
တဆင့်တင်ပြသူ ။ ။ နေမင်းခ (မန္တလေးသားလေး)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...