စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အံ့ဖွယ် မြန်မာ့ ဂုဏ်ဆောင် အမျိုးသ္မီး


အံ့ဖွယ် မြန်မာ့ ဂုဏ်ဆောင် အမျိုးသ္မီး
ပိန်ပိန်ပါးပါး မြန်မာအမျိုးသမီးတစ်ဦး က သန်းပေါင်းများစွာသော မြန်မာပြည်သူပြည်သားတွေသန်း ၆၀ ကျော်...

့ ချစ်ခင်ယုံကြည်မှု ကို သာမက သန်းပေါင်းများစွာသော ကမ္ဘာအရပ်ရပ်ရှိ အလွှာအသီးသီးက လူတွေရဲ့  လေးစားမှု၊ ယုံကြည်မှု တွေကို ရယူနိုင်ဖို့ ဆိုတာ သာမာန် အားဖြင့် မလွယ်ကူလှပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဟာ အထူးတလည် စည်းရုံးလှုံ့ ဆော်ခြင်း မပြုလုပ်ရပါပဲနဲ့  သူမရဲ့ နေအိမ်ထဲကနေပြီး ကမ္ဘာအရပ်ရပ်က အနုပညာရှင်တွေ က အစ ဘုန်းတော်ကြီး တက်စမွန်တူးတူးနဲ့  ဘုန်းတော်ကြီး ဒလိုင်လားမား အစရှိတဲ့ ဘာသာရေးနယ်ပယ်က အထင်ကရ ခေါင်းဆောင်တွေ ဆီက အဆုံး၊ လေးစားမှု၊ ယုံကြည်မှု တွေကို ပိုင်ဆိုင်ထားတဲ့ အံ့ဖွယ် မြန်မာ့ ဂုဏ်ဆောင် စံပြအမျိုးသမီး မီးရှူးတန်ဆောင်အလင်းရောင်စဉ်ပါ။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ အမေရိကန်ပြည်ထောင်စုရဲ့  နာမည်ကြီး တက္ကသိုလ် တစ်ခုဖြစ်တဲ့ Virginia Tech တက္ကသိုလ် က ကျောင်းသား ၃၀၀၀ ခန့် ကို Skype ကနေတဆင့် ဒီဇင်ဘာလ (၅)ရက်နေ့ တုန်းက တွေ့  ဆုံစကားပြောခဲ့ပါတယ်။

ဒီမိုကရေစီလှုပ်ရှားမှု ခေါင်းဆောင် (မြန်မာအမျိုးသမီးတစ်ဦး) ကို ကမ္ဘာတစ်ဘက်ခြမ်းက မျိုးဆက်သစ်လူငယ်တွေက  လေးစားချစ်ခင်စွာနဲ့  တွေ့ ဆုံမေးမြန်းနေကြတာ ကို မြင်ရတာ အင်မတန်မှ စိတ်ကြည်နှူးစရာပါ။

ဒီမိုကရေစီအရေးလှုပ်ရှားဆောင်ရွက်နေတဲ့ ကမ္ဘာကျော်ခေါင်းဆောင်တွေ အများကြီး ရှိပေမယ့်

လူငယ်ထုအပေါ် လွမ်းမိုးနိုင်စွမ်းရှိမှုမှာတော့ ဒေါ်အောင်ဆန်းစုကြည် ကို ဘယ်သူမှ မမှီကြဘူးလို့  ထင်ပါတယ်။

နိုင်ငံပေါင်းစုံကလာတဲ့ ကျေင်းသားတွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့  စကားပြောခွင့်ရဖို့  စိတ်လှုပ်ရှားနေခဲ့ကြပြီး၊ skype ကနေ ဒေါ်စုရုပ်ပုံပေါ်လာတာနဲ့  တပြိုင်နက် “အောင်ဆန်းစုကြည်” “အောင်ဆန်းစုကြည်” ဆိုပြီး ကြွေးကြော်သံတွေနဲ့  ကြိုဆိုခဲ့ကြပါတယ်။ ၄၅မိနစ်လောက် ကြာမြင့်တဲ့ တွေ့ ဆုံဆွေးနွေးမှု မှာ ဒေါ်အောင်ဆန်းစုကြည် က ကျောင်းသားတွေ ရဲ့  မေးခွန်းတွေကို ရီရီမောမောနဲ့  ဖြေကြားပေးရင်းအသေးစိပ်ကို Youtube မှာကြည့်ရှုနိုင်ပါတယ်။

တကယ်တော့ နယူးကလီးယားလက်နက်ကို ထုတ်နိုင်ပြီး စစ်တပ်ကြီး ကို ပိုင်ဆိုင်ထားတာ..

ငွေကြေးတောင်းတင်းတဲ့ အခြံအရံတွေနဲ့  နေနိုင်တာဟာ အံ့ဖွယ်တိုင်းပြည်အင်အားမဟုတ်ဘူး။


ရိုးသားဖြောင့်မတ်မှု၊

ရဲရင့်တည်ကြည်မှု၊

ဗဟုသုတကြွယ်ဝမှု၊

စွန့် လွတ်အနစ်နာခံမှု နဲ့ 

ခေါင်းဆောင်ကောင်းပီသမှုတွေ သာလျှင် ....
၏ ပို့စ်အား
အမေစုအားကြည်ညိုလေးစားသောအားဖြင့်
ပြန်လည်တင်ပြခြင်းဖြစ်ပါတယ်ဗျာ
(ရဲ့ဇော်ကို)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...