စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မျက်မမြင်မိန်းကလေး

အရမ်းချစ်စရာကောင်းတဲ့ ကောင်မလေး တစ်ယောက်ဟာ သူ့ကိုယ်သူအားငယ်နေတယ်။သူ့အဖြစ်သူတွေး
လိုက်တိုင်း ကိုယ့်ကိုယ်ကို မုန်းတီးနေခဲ့တယ်။ဘာလို့လဲဆိုတော့ သူရဲ့မျက်စိတွေဟာလောကကြီးရဲ့
သာယာလှပမှုတွေ ကိုမခံစား နိုင်အောင်ပဲ အမှောင်ထုကြီး ဖြစ်နေလို့ပါ။သူမဟာ စက္ခုနှစ်ကွင်းအလင်း
ပျောက်နေတဲ့ မျက်မမြင် မိန်းကလေးပါ။လူတိုင်းကိုလည်း မုန်းတီးနေခဲ့တယ်။ ဒါပေမယ့် သူမမှာ
သူ့ကို အရမ်းချစ်တဲ့ချစ်သူတစ်ယောက်တော့ သူ့ဘေးမှာ အမြဲလိုလို ရှိနေခဲ့တယ်။သူမချစ်သူဟာ
ဘာမဆိုသူမအတွက်ပဲစဉ်စားပေးနေခဲ့တယ်။သူမလိုအပ်ချက်တွေကို အမြဲဖြည့်ပေးခဲ့တယ်။ မျက်
မမြင်မိန်းကလေးဟာသူသာ ကမ္ဘာလောကကြီးကိုပြန်မြင်ခွင့် ရခဲ့မယ်ဆိုရင် သူမရဲ့ ချစ်သူကို
လက်ထပ်လိမ့်မယ်လို့ပြောခဲ့တယ်။


တစ်နေ့မှာ မျက်စိအလှူရှင် တစ်ယောက်ဟာ သူမှအတွက် မျက်စိတစ်စုံ ပေးလှူခဲ့တယ်။အဲ့ဒီနောက်
သူမရဲ့ချစ်သူအပါဝင် ကမ္ဘာလောကကြီးနဲ့ အရာရာကို သူမမြင်နိုင်သွားပါပြီ။ချစ်သူမရဲ့ ချစ်သူကောင်လေး
ကအခုဆို အရာရာကိုမြင်နိုင်ပြီပဲ၊ငါ့ကို လက်ထပ်မှာလား မေးလိုက်တယ်။သူမဟာသူ့ချစ်သူကို
မြင်လိုက်ရတော့အရမ်းကိုတုန်လှုပ်သွားတယ်။ဘာလို့လဲဆိုတော့ သူမချစ်သူဟာ မျက်မမြင်လေး

ဖြစ်နေလို့ပါ။သူမ ဟာသူ့ချစ်သူကို လက်ထပ်ဖို့ ငြင်းပယ်လိုက်ပါတယ်။

ချစ်သူမျက်မမြင်ကောင်လေးဟာ ၀မ်းနည်းစွာ မျက်ရည်တွေနဲ့ အတူအဝေးကိုထွက်သွားခဲ့ပါတယ်။
သူမအတွက် စာလေးတစ်ကြောင်းသာရေးပေးခဲ့တယ်။

“ JUST TAKE CARE OF MY EYES PLEASE ”.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...