စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြန်မာ့နိုင်ငံရေး ဒီရက်မှာမှ စိတ်ဝင်စားစရာ


ကျွန်တော် (ဒီမိုကရေစီခရီးလမ်း) ဆိုပြီး အခန်းဆက်ရေးနေရင်းနဲ့
အခု ဒီပို့စ်လေးကို ကြားဖြတ်ရေးလိုက်ပါတယ်..။လိုအပ်လို့ပါ။
မြန်မာ့နိုင်ငံရေးက..ဒီရက်မှာ စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်လာလို့ပါဗျာ..။
၂၀၁၂..ဧပြီ တစ်ရက်မှာ..NLD က အပြတ်သတ် မဲဆန္ဒနယ်အားလုံးနီးပါး
အနိုင်ရလိုက်ပါတယ်..။ ဒါက NLD အောင်ပွဲပါ။
ခုလွှတ်တော် တက်ဖို့ဖြစ်လာတဲ့ခါ..NLD မှာအခက်ကြီးတစ်ခုနဲ့ရင်ဆိုင်လိုက်ရပါတော့တယ် ။
အများသိတော်မူတဲ့အတိုင်း လွှတ်တော်အ၀င် ကျမ်းသစ္စာကျိန်ဆိုဖို့ပါ..။
ခုရှိနေတာက.. ( ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥ့ဒေကို ကာကွယ်စောင့်ရှောက်ပါမည် )ဆိုတဲ့စာသားပါ
ပါတီဖွဲ့စည်းပုံ ဥပဒေမှာ.NLD အလိုကျ.ပြင်ပေးလိုက်တာက..
( ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥ့ဒေကို လေးစားလိုက်နာ ပါမည် ) ဖြစ်ပါတယ်။
NLD က ခုလက်ရှိ..ကျမ်းသစ္စာကို..
( ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥဒေကို ကာကွယ်စောင့်ရှောက်ပါမည် )ဆိုတဲ့စာသားကိုပြင်ပေးဖို့
လွှတ်တော်ကိုမေတ္တာရပ်ခံပါတယ်..။
ပြင်ရင်လည်း ဒီမိုကရေစီနည်းကျကျ လွှတ်တော်မှာမှ ပြင်ရပါ့မယ်..။
အနည်းဆုံး အဆိုကို..လုံလောက်တဲ့ကိုယ်စားလှယ်အရေတွက်က ထောက်ခံဆွေးနွေး ရပါ့မယ်..။
အဆိုအတည်ပြုရင်..လွှတ်တော်မှာ..မဲခွဲဆုံးဖြတ်ရပါ့မယ်..။
အနည်းဆုံးတစ်ဝက်ကျော်က..ထောက်ခံမှ..အတည်ဖြစ်ပါ့မယ်..။
ဒီနေရာ..စိတ်ဝင်စားစရာ ကြုံလာပါပြီ..
လွှတ်တော်ကို လွမ်းမိုးထားတာက..တပ်မတော်ကိုယ်စားလှယ်များနဲ့ကြံ့ခိုင်ရေး ပါတီဖြစ်ပါတယ်..။
၁။ တပ်မတော် ကိုယ်စားလှယ်က လေးပုံတစ်ပုံရှိပါတယ်..NLD အလိုကျလိုက်ပါ့မလား..။
၂။ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်များကရော..ထောက်ခံမှာလား..။
ထောက်ခံမဲမရလို့စာသားပြင်မရရင်ရော NLD လွှတ်တော်တက်မလား..မတက်ဘူးလား ။
သမ္မတကြီးကရော..လွတ်တော်ဥက္ကဌ ဦးရွှေမန်းကရော..ဘယ်လိုသဘောထားမလဲ..။
NLD လွှတ်တော်တက်ခွင့်မရရင်..အနောက်နိုင်ငံများရဲ့..ဆိုင်ရှင် ကရော..
မေးခွန်းတွေအများကြီးပေါ်လာပါတယ်..။
ဒေါ်အောင်ဆန်းစုကြည် ထုတ်ပြန်ကြေငြာချက်..ပြန်သတိရပါတယ်..။
“ ကိုယ့်ပါတီ အနိုင်ရလို့ပျော်တာ..ပျော်ကြပါ..သူတစ်ပါး စိတ်အနှောက်ရှက် မဖြစ်ပါစေနဲ့..” တဲ့
တစ်ဖက် ပါတီက..ခုတို့အလှည့်ပြန်ရောက်ပြီဆိုရင်ရော..
ကျွန်တော်..ကတော့ဗျာ ကမ္ဘာက..ဘာကိုလိုချင်နေသလဲ..
ဘယ်အခြေနေဆိုရင်..ကိုယ့်တိုင်းပြည် တိုးတက်မလဲ..
ဒါကိုပဲ ကိုယ်စားလှယ်ကြီးများ တွေးတောဆုံးဖြတ်စေချင်ပါတယ်..။
ဒီမိုကရေစီရဲ့သဘောကတော့..
အများဆန္ဒကို အနည်းစုကလိုက်နာရသလို..
အနည်းစု ဆန္ဒကိုလည်း အများစုက လေးစားရမယ် ..လို့ဆိုထားတာတွေ့ဘူးပါတယ်..။
နိုင်ငံရေး ရင့်ကျက်မှုကို ဖြစ်စေချင်ပါတယ် ။
ငါနဲ့မတူရင် ရန်…ဆိုတဲ့အယူဆတွေဖျောက်..ရင်ကြားစေ့ကြလို့..
အစိုးရရယ်..အတိုက်ခံရယ်ဆိုတာကြီးကိုဖျောက်ကြလို့
ခေတ်နောက်ကျနေတဲ့ မြန်မာနိုင်ငံကြီးရဲ့ အနာဂါတ်ကိုပဲ..မျှော်တွေးစေချင်ပါတယ်..။
(အမျိုးသား နိုင်ငံရေး အမြင်နဲ့သာ..ရေးသားလိုက်ရပါတယ်..ဘယ်ပါတီဝင်မှမဟုတ်ရပါ..။)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...