စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အမျိုးသားများကျမ်းမာရေးအတွက် အခြေခံကျသော နည်းလမ်းများ

ကျွန်တော်တို့ အမျိုးသားအများစုက ကျွန်တော်တို့ ရဲ့ ကျန်းမာရေးကို အထူးအလေးထားပြီးစောင့်ရှောက်ဖို့ လိုပါတယ်
အကြောင်းကတော့ အမျိုးသမီးတွေနဲ့ ယှဉ်ရင်အမျိုးသားတွေက ဆေးလိပ်နဲ့ အရက်ကိုသောက်တာ
ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အရာတွေကို ရွေးချယ်ပြုလုပ်တာ၊ပုံမှန် ကျန်းမာရေးစစ်ဆေးမှုမခံယူတာတွေကို
ပိုပြီးပြုလုပ်တတ်ကြပါတယ်...................................။


ကျန်းမာရေးကောင်းအောင် ဘာတွေလိုက်နာရမလဲ???
ကျန်းမာရေးကောင်းအောင်နေဖို့ နောက်မကျသေးပါဘူး။သတင်းကောင်းတစ်ခုကတော့ဒီနေ့ ပဲသင့်ကျန်းမာရေးကို
စတင်ကောင်းမွန်လာအောင်စောင့်ရှောက်ပေးနိုင်ပါတယ်.....။အစားအစားကိုအဟာရပြည့်ပြည့်၀၀ပါဝင်အောင်စား
တာနဲ့ ကိုယ်လက်လှုပ်ရှားမှုပုံမှန်လုပ်တာတွေကလည်းနေ့စဉ်လုပ်သင့်တဲ့ အလေ့အထတွေပါပဲ..။
ဒီလိုအလေ့အထတွေကြောင့်သွေးဖိအားပုံမှန်ထိန်းနိုင်တာ၊သွေးတွင်းသကြားဓာတ်နဲ့ ကိုယ်လက်စထရောအဆင့်ကို
ထိန်းထားနိုင်တာနဲ့ ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်တာစတဲ့  အကျိုးကျေးဇူးတွေကိုရရှိစေပါတယ်...။
သင်ကသွေးတိုးနေရင်၊သွေးတွင်းသကြားဓာတ်မြင့်တက်နေရင်၊သွေးတွင်းကိုလက်စထရောအဆင့်မြင့်တက်နေရင်
ကိုယ်အလေးချိန်များနေရင် ပုံမှန်ဖြစ်အောင်လျှော့ချပေးနိုင်တာကြောင့် ဆီးချိုသွေးချိုရောဂါနဲ့ နှလုံးရောဂါတွေလို
နာတာရှည်ဖြစ်နိုင်တဲ့ ရောဂါရဲ့ ဖြစ်နိုင်ခြေကိုလျော့ကျစေပါတယ်.။ဒါကြောင့် သင့်ကျမ်းမာရေးအတွက်အရေးကြီးတဲ့
နည်းလမ်းတွေကိုလိုက်နာသင့်ပါတယ်။
  • သင့်အတွက်သင့်တော်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေကို ခံယူပါ။
  • ဆီချိုသွေးချိုရောဂါ၊စိတ်ဓာတ်ကျတာ စတဲ့ ကျန်းမာရေးပြဿနာတွေဖြစ်နိုင်တဲ့ လက္ခဏာတွေရှိမရှိစစ်ဆေးပါ။
  • အရက်ကိုမသောက်ပဲနေပါ။မနေနိုင်ရင်အသင့်အတင့်ပဲသောက်ပါ။
  •  ဆေးလိပ်ဖြတ်ပါ။



 သင့်ကျန်းမာရေး ကောင်းမွန်လာအောင်ဆွေးနွေးတိုင်ပင်ပါ
              သင့်ကျန်းမာရေးအတွက်ဆွေးနွေးတိုင်ပင်ပြောဆိုဖို့ အတွန့် ဆုတ်ပါနဲ့ ။ရှက်လဲမရှက်သင့်ပါဘူး။
အရင်ဆုံးသင်တို့ မိသားစုမှာမျိုးရိုးလိုက်ပြီးဖြစ်တက်တဲ့ ရောဂါတွေအကြောင်းကိုသိနိုင်အောင်ဆွေးနွေးမှုကို
လုပ်ဆောင်သင့်ပါတယ်.......။



နေ့ စဉ်သေးငယ်တဲ့ ပြောင်းလဲမှုများကို လုပ်ဆောင်ပါ
            သေးငယ်တဲ့ ပြောင်းလဲမှုတွေကကြီးမားတဲ့ ရလဒ်တွေကိုရရှိစေနိုင်ပါတယ်.။အောက်ပါပြောင်းလဲမှုတွေကို
လုပ်ဆောင်ပေးတာကြောင့်ဆီးချိုသွေးချိုရောဂါနဲ့ နှလုံးရောဂါအန္တာရယ်ကိုလျော့ ကျစေနိုင်ပါတယ်။
  • စီးကရက်သောက်မဲ့ အစားလမ်းလျှောက်ပေးပါ။
  • ဆီကြော်စာစားမယ့်အစား အစိမ်းရောင်ဟင်းရွတ်သုတ်ကိုစားပေးပါ။
  • ဆော်ဒါအချိုရည်နဲ့ သကြားပါတဲ့ အချိုရည်တွေသောက်မဲ့ အစားရေသောက်ပါ။
  • ဆားလျှော့ စားပါ။


ရောဂါများကိုစောစောရှာဖွေရန်ကျန်းမာရေးစစ်ဆေးမှုကိုပုံမှန်လုပ်ပါ
             ကျန်းမာရေးစစ်ဆေးမှုခံယူတာကရောဂါတွေကိုစောစောသိနိုင်တဲ့ နည်းလမ်းပဲဖြစ်ပါတယ်
စောစောသိတော့ စောစောကုသမှုခံယူနိုင်တာပေါ့...........................
  • သွေးတိုးရောဂါမရှိရင်သွေးဖိအားကိုသိနိုင်အောင် အနည်းဆုံးတစ်နှစ်တစ်ကြိမ် သွေးပေါင်ချိန်ပါ
  • သွေးတွင်းကိုလက်စထရောအဆင့်ကိုသိနိုင်အောင်စစ်ဆေးမှုခံယူပါ။အနည်းဆုံးငါးနှစ်တစ်ကြိမ်
          သွေးတွင်းကိုလက်စထရောအဆင့်ကိုတိုင်းတာစစ်ဆေးမှုခံယူသင့်ပါတယ်။
  • အသက်(၅၀)ကျော်သူဖြစ်ရင် အူမကြီးကင်ဆာအတွက်စစ်ဆေးမှုခံယူပါ။
  • အမျိုးသားအများစုဟာမကြာခဏဆိုသလို စိတ်ဖိစီးမှုများတာ၊ပူပင်သောကများတာနဲ
့စိတ်ဓါတ်ကျတာ ခံစား ရတက်ပါတယ်။သင့်အနေနဲ့ ဒီလိုစိတ်ပိုင်းဆိုင်ရာဝေဒနာတွေကိုနှစ်ပတ်ထက်
ပိုပြီးခံစားနေရရင်စိတ်ဓာတ်ကျခြင်းအကြောင်းစစ်ဆေးမှုအတွက်ဆရာဝန်နဲ့ တိုင်ပင်ပါ.။


ဆီးကျိတ်အကြောင်းဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ
အက်စပရင်မှီဝဲသင့်မသင့် တိုင်ပင်ပါ
           သင့်အသက်က (၄၅)ကျော်နေရင်နေ့ စဉ်အက်စ်ပရင်ဆေးပြားကိုမှီဝဲပေးမှာသာ နှလုံးရောဂါထနိုင်ခြေ
လျော့ ကျမှာဖြစ်ပါတယ်။နေ့ စဉ်အက်စ်ပရင်ဆေးပြားကိုမှီဝဲဖို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်......။
မှတ်သားထားရသမျှကိုပြန်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ
ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ..........
             ကြယ်ရောင်လင်း
                                                23.4.12   11း00(pm)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...