စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နွေရာသီတွင် သင့်ကို အေးမြစေမည့် အစားအသောက်များ


ကျန်းမာရေးနဲ့ ညီညွတ်ပြီး အရသာထူးကဲတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ များစွာရှိပေမယ့် နွေရာသီမှာ စွမ်းအင်ရှိပြီး ကျန်းမာစေမယ့် သဘာဝ အပင်ထွက်ပစ္စည်းတွေကို အဓိက စားပေးသင့်ပါတယ်။
(၁) လီမွန်သီး


လီမွန်သီးမှာ ဗီတာမင်စီဓာတ်နဲ့ အမျှင်ဓာတ် များစွာပါဝင်ပါတယ်။
ဘယ်လို အသုံးပြုသင့်သလဲ


လီမွန်သီးကို ဖျော်ရည် ဖျော်သောက်ပါ။ ဒါမှမဟုတ် ဟင်းရွက်သုပ်ထဲ စမ်းပြီး စားပေးပါ။
(၂) နိုကိုဥ (ခါးဖုမုန်လာ)


နိုကိုဥဟာ ဂေါ်ဖီထုပ် မျိုးနွယ်ဝင်ဖြစ်ပြီး သိုင်ယာမင်၊ ဖောလိတ်စတဲ့ အာဟာရဓာတ်တွေ ကောင်းကောင်း ပါဝင်ပါတယ်။ ဒါ့အပြင် ပိုတက်စီယမ်နဲ့ ဗီတာမင် B6 လည်း ပါဝင်ပါတယ်။
ဘယ်လို အသုံးပြုသင့်သလဲ


နိုကိုဥကို အဓိကအားဖြင့် ဟင်းလျာအဖြစ် ချက်ပြုတ်စားလေ့ရှိကြပါတယ်။
(၃) စတော်ဘယ်ရီသီး


စတော်ဘယ်ရီသီးမှာ လိမ္မော်သီးမှာထက် အိုမင်းမှုကို တားဆီးပေးနိုင်တဲ့ ဗီတာမင်စီ ပိုမိုပါဝင်ပါတယ်။ စတော်ဘယ်ရီသီးမှာ ပါဝင်တဲ့ Malic acid အင်ဇိုင်းဟာ သဘာဝ သွားဖြူစေတဲ့ အစွမ်းရှိပါတယ်။
ဘယ်လို အသုံးပြုသင့်သလဲ


စတော်ဘယ်ရီသီးကို ရေစင်အောင် ဆေးကြောပြီး စားသုံးပေးပါ။ ဒါမှမဟုတ် အဆီထုတ်ထားတဲ့ ဒိန်ချဉ်ထဲထည့်စား ပေးပါ။
(၄) ကြက်သွန်မြိတ်


ကြက်သွန်မြိတ်က ကြက်သွန်နီ မျိုးနွယ်ဝင် ဖြစ်ပါတယ်။ ကြက်သွန်မြိတ်မှာ ပိုတက်စီယမ်နဲ့ ဗီတာမင်စီ ပေါများစွာ ပါဝင်သလို ဖောလိတ်ဓာတ်လည်း ပါဝင်မှုရှိတာကြောင့် နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။
ဘယ်လို အသုံးပြုသင့်သလဲ


ကြက်သွန်မြိတ်ကို စွပ်ပြုတ်ထဲ ထည့်စားရင် အရသာရော အနံ့ပါ ကောင်းမွန်စေပါတယ်။
(၅) ကညွတ်


ကညွတ်မှာ အာဟာရဓာတ် အပြည့်အဝ ပါဝင်ပြီး အင်တီအောက်ဆီးဒင့်လည်း များစွာ ပေးစွမ်းနိုင်ပါတယ်။ ကညွတ်မှာ သဘာဝ ဆီးသွားစေတဲ့ အာနိသင်ရှိတယ်လို့ လေ့လာသူတွေက ဆိုကြပါတယ်။
ဘယ်လို အသုံးပြုသင့်သလဲ


ကညွတ်ကို ဆီနည်းနည်းနဲ့ ကြော်ပြီးစားပေးရင် သဘာဝ အရသာကို ရရှိစေပါတယ်။
(၆) မာလကာသီး


မာလကာသီးမှာ ဗီတာမင် အေ၊ စီ၊ ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်စတဲ့ အာဟာရဓာတ် အစုံအလင် ပါဝင်နေပါတယ်။ မာလကာသီးမှာ အင်တီအောက်ဆီးဒင့် လိုင်ကိုပင်းဓာတ်လည်း အများအပြား ပါဝင်မှု ရှိတာကြောင့် နှလုံးသွေးကြောရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။
ဘယ်လို အသုံးပြုသင့်သလဲ


လတ်ဆတ်တဲ့ မာလကာသီးကို ရေစင်အောင်ဆေးပြီး စားသုံးသင့်ပါတယ်။
ကြယ်စင်
credit@Good Health

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...