စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စာစောအိပ်လို့  စောစော ထလို့  စောစော လမ်းလျှောက် ကြပါစို့ (့ဂျပန်)



ခုတလော ကျမနေလို့သိပ်မကောင်းဘဲ ရင်တွေ အရမ်းတုန်နေပါတယ်။မောလည်းမောပါတယ်။
အလုပ်ကိစ္စ အဆင်မပြေမှုတွေ နဲ့ ညတိုင်း ညဉ့် နက်တဲ့အထိ စာရေးတာကြောင့် လည်းပါပါတယ်။
နေမကောင်းတော့ အိမ်ပြန်ချင်ပါတယ်။ဂျပန်မှာ ကျမ ဘယ်မှ မသွားဘဲ တနေကုန် အိမ်ထဲမှာပဲ နေပါတယ်။
ကျမတည်းတဲ့ ဂျပန်အိမ် က မိသားစုလိုဖြစ်နေပြီး သိပ်သဘောကောင်းပြီးနွေးထွေးပါတယ်။
ကျမ ကို  ကွန်ပြူတာရှေ့ က မထတမ်း  ညဉ့် နက် တဲ့အထိ နေတာ ကို မကြိုက်ပါဘူး။
ကျမ နေမကောင်းတာ စိတ်ကြောင့် ရော တနေကုန် လှုပ်ရှားမှု မရှိလို့ ဆိုပြီး မနက်တိုင်းစောစောထပြီးလမ်းလျှောက်ရ
မယ်တဲ့ -..........ကျမကလည်းကျမပါပဲ--
ညဉ့်  ၂ နာရီ ၃ နာရီ မှ အိပ်တဲ့ ကျမ အကျင့် ကိုလည်း မပြင်နိုင်ဘူးဖြစ်နေတယ်။
သူတို့က အိပ်ခိုင်းရင် ဟုတ်ကဲ့ ပြောပြီး သူတို့ အိပ်သွားတာနဲ့ တိတ်တိတ်လေး ကွန်ပြူတာခိုးသုံးတာပါ။
ဘယ်လောက် ညဉ့် နက်နက် မနက် သူတို့ထတဲ့အချိန်  စောစော ထ ရပါတယ်။
ကြာလာတော့ ကျန်းမာရေး ထိခိုက်လာပါတယ်။သူတို့က နေမကောင်းတော့ လည်း အရမ်းဂရုစိုက်တော့
အားနာလာပါတယ်။ခုတော့ သူတို့စေတနာကို လေးစားတဲ့ အနေနဲ့  ကျမ စောစောအိပ်နိုင်အောင်ကြိုးစားနေပါတယ်။
ရေဒီယိုကလာတဲ့ သီချင်းလေးလိုခုတော့ စောစော အိပ် လို့ စောစော ထလို့ စောစောလမ်းလျှောက်မယ်။
လမ်းလျှောက်ထွက်တာကတော့ မနက် ၆ နာရီလောက်ပါ။
ဂျပန်ကိုရောက်ခါစက မိုးလင်းနိုးရင် တမျိုးကြီးပဲ--
သူတို့ ဆီက မနက်ခင်းက တိတ်ဆိတ်ငြိမ်သက်နေပြီးစိတ်ထဲမှာ တခုခုလိုနေသလိုပဲလို့ ခံစားရပါတယ်။
ကျမက အိမ်မှာဆိုအဖေတရားခွေဖွင့်တာကို အိပ်ယာထဲကနေ တရားနာရင်း ပဲပြုတ်သည်အော်သံကြားမှလူးလဲ ထတာပါ။
ကျမ မျက်နှာသစ်ချိန်လောက်ဆိုရင်တော့ အကြော်သည်၊ ကောက်ညှင်းပေါင်းသည် စတဲ့  ဈေးသည်လေးတွေ အိမ်ရှေ့ 
ကနေ ဖြတ်သွားပါပြီ။ကိုယ်ကြိုက်တာ အဆင်သင့် ခေါ်ဝယ်စားရုံပါပဲ--
မြန်မာပြည်ရဲ့ မနက်ခင်းဟာတရားသံ ၊ပဲပြုတ်သည်အော်သံ၊တခြားဈေးသည်လေးတွေရဲ့ အသံ နဲ့ စည်ကားနေပါတယ်။
ဂျပန်ရဲ့ မနက်ခင်းကတော့ တိတ်ဆိတ်ငြိမ်သက်နေပါတယ်။ ကျမလည်း ကင်မရာလေးယူပြီး
လမ်းလျှောက်ထွက်လာပါတယ်။
အား--နံနက်ခင်း မှာ ရှူလိုက်ရတဲ့ အေးမြတဲ့ လေ က စိတ်ကို လန်းဆန်းသွားတာပါပဲ။
တစ်ယောက်တည်းလျှောက်ရမှာ ပျင်းသလိုလိုပဲဟယ်--
ကဲ--အားလုံး ကျမ နဲ့ အတူတူလမ်းလျှောက် လိုက်ခဲ့ကြနော်--



ဒါက ကျမတည်းတဲ့ အိမ်လေ၊
အိမ် နှစ်ဆောင်ကို ၀ရန်တာနဲ့ ဆက်ထားတာပါ


ဒီဘက် အိမ်ဆောင်မှာ ကျမ တည်းတာပါ


လမ်းလျှောက် စ ထွက်မယ်


သူများတွေလည်း  လမ်းလျှောက်ထွက်တယ်


ခွေးလေး ၀တ်ထားတာက အလန်း ပဲ နော်


လမ်းမဘေးက ပန်းပင်လေးတွေက လှလိုက်တာ


ဟို တစ်ယောက် ခွေးနဲ့အတူ လမ်းလျှောက် ပြီး
တက်လာတဲ့ လှေခါးလေးကနေဆင်းမယ်


ဒီ လှေခါးလေးအတိုင်း ဆင်းပြီး စိုက်ခင်းလေးတွေ ရှိတဲ့ဘက်သွားမယ်


စိုက်ခင်းလေးနဲ့  အဖွားအို


ကုန်းလျှော လေးအတိုင်း ဆက်လျှောက်မယ်


ဟယ် --တောပန်းလေးတွေပါလား


ကားမချော်အောင်ဂရုစိုက် ဖို့ နဲ့ သတိပေး တဲ့ လမ်းပြ ဆိုင်းဘုတ်လေးတွေ

ခွေးလေးတွေနဲ့လမ်းလျှောက်တဲ့ သူတွေအတွက် ခွေးမစင် စွန့် ရန်အိတ်ယူခဲ့ဖို့ ၊
ကာကွယ်ဆေး ထိုးပေးဖို့မမေ့အောင်လည်း သတိပေးထားတယ်--


ဒီအိမ်လေးကလည်းတိတ်ဆိတ်နေတာပဲ--လူရှိတယ်လို့ တောင် မထင်ရဘူး


လမ်းမနဲ့ ကပ်ပြီး ဒီလိုမျိုးကားတွေထားသလို  
မြန်မာမှာ ထားရင်လုံခြုံမယ် မထင်ဘူးနော်



ဂျပန်နွေဦးရာသီ မှာ မြေကပ်ပန်းလေးတွေ ပွင့်နေတာကလည်း လှ တယ်



ဒီပန်းလေးတွေက စပါယ်ခြုံလေးတွေလိုပဲ--တမျိုးလှတယ်

လမ်းလေးတွေက ညီညာပြန့် ပြူးနေတယ်--
လူတိုင်းက ကားနဲ့ပဲသွားနေပြီး လမ်းမမှာလူရှင်းနေတော့ တမျိုးပဲ

ကားရှင်းမရှင်း ကြည့်လို့ ရအောင်လမ်းအချိုးအကွေ့ တိုင်းမှာ
ဒီလို လမ်းပြ မှန်အ၀ိုင်းကြီးတွေရှိတယ်


ဟောဟိုနားက ဘုရားကျောင်းလေးထဲက သုသာန် ကို သွားစပ်စုလိုက်ဦးမယ်


ပန်းအိုးလေးတွေမှာ ပန်းလေးတွေက လန်းနေတာပဲ--
အမြဲ ပန်းလာလဲကြတယ်နဲ့တူတယ်


စည်ပင်ရုံးဘက်သွားတဲ့ လမ်းဘေးက ဒီ ခရမ်းပြာပန်းလေးကလည်း လှတာပဲ
ဒါက Takahama မြို့ တော် စည်ပင်ရုံးကြီးပါ

အပြန် လမ်းကြားလေးတွေ ထဲ က နေ သွားမယ်--
သူတို့ လမ်းကြားလေးတွေ ကလည်း သန့် ရှင်းနေတာပဲဟယ်
ကဲ--ပြန်ရောက်ပါလာပါပြီ
ဒီတစ်မနက်တော့  လမ်းလျှောက်လို့  ပြီးသွားပါပြီရှင်---
်နောက်မနက် တခြားလမ်းတွေ လျှောက်သွားကြမယ်နော်--

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...