စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တန်ဖိုးနည်း Jumping ဆိုင်ကယ် ဝယ်စီးမယ်


တန်ဖိုးနည်း Jumping ဆိုင်ကယ်
ရေးသားသူ -ကောင်းမြတ်ထွန်း
ဒီဇိုင်းဆန်း Jumping ဘီးကြိုက်သူများအတွက် အင်ဂျင်ပါဝါ ၂၅၀ ရှိတဲ့ XGJ 250GY-8 မော်ဒယ်ဆိုင်ကယ်သစ်တစ်မျိုး ၀င်ရောက်လာပါတယ်။ Electric Starter ပါဝင်လာတာကြောင့် ကစ်တန်နဲ့ စက်နှိုးနေစရာမလိုတော့ဘူးလို့ သိရပါတယ်။ ကီလိုမီတာကို Digital Display နဲ့ပြသပေးတဲ့စနစ် ပါဝင်တယ်လို့ဆိုပါတယ်။
ဓါတ်ဆီသုံး 4 Stroke အင်ဂျင်အမျိုးအစားဖြစ်ပြီး ဂီယာငါးချက်ပါဝင်ပါတယ်။ ကာဘရိုက်တာ Type ဖြစ်တယ်လို့သိရပါတယ်။ ရှေ့နောက် Disc Break အမျိုးအစားများဖြစ်ပြီး ဆိုင်ကယ်ဘီးကာဘာများကို ကွေးဆန့်လို့ရတဲ့အတွက်ကြောင့် အလွယ်တကူမကွဲအက်နိုင်ဘူးလို့ သိရပါတယ်။ ဈေးနှုန်းအထူးသက်သာပြီး မာကျောကျစ်လျစ်မှုရှိတဲ့ဒီဇိုင်းနဲ့ ထုတ်လုပ်ထားတဲ့ဒီဆိုင်ကယ်ကို လိုင်စင်အပြီးအစီးနဲ့ ရောင်းချပေးမှာဖြစ်တယ်လို့ သိရပါတယ်။ အင်ဂျင်နဲ့ဂီယာဘောက်ကို တစ်နှစ်အာမခံစီ ပေးထားတယ်လို့ သိရပါတယ်။ SWIFT ကုမ္ပဏီကနေ တင်သွင်းရောင်းချတဲ့ ဆိုင်ကယ်ဝယ်ယူသူတွေအတွက် ထူးခြားတဲ့ကံစမ်းမဲငါးကြိမ် စီစဉ်ပေးထားတယ်လို့သိရပါတယ်။ စိတ်ပါဝင်စားသူတွေအနေနဲ့ SWIFT Investment and Trading Group Co.,Ltd ၇၈လမ်း၊၃၅x၃၆ ကြား၊ ဖုန်း-၀၂-၇၂၀၇၁၊ ၀၉-၇၃၀၅၆၁၂၃ သို့ဆက်သွယ် ၀ယ်ယူနိုင်ပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...