စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကိုယ်ချင်းစာ နာတတ်ခဲ့ပြီ အဖေ



ဧပြီလ ၇ ရက်နေ့

အင်း... ဘာလိုလိုနဲ့ ဖိုးသားလေး တောင်ဒီနေ့ ၃ နှစ်ပြည့်ပြီပဲ…။ မိဘဆိုတဲ့နေရာကို ကျွန်တော် ရောက်
လာ ခဲ့တာလည်း ၃ နှစ်ပြည့်ပြီပေါ့...။ ဒီနေ့တော့ ထူးထူးခြားခြားသတိရနေမိ တာ အဖေ့ကို ပါ…။ လော
ကကြီးထဲမှာ မေမေ မရှိတော့ ပေမယ့် အဖေ ကတော့ ရှိနေပါသေးတယ်…။ ဒါပေမယ့် မေမေနဲ့ ပတ်
သက်လို့ ကျွန်တော် နဲ့အဖေ့ ကြား တော်တော်လေးသွေးအေးနေသလို အဆင်မပြေတဲ့ မိသားစုပြဿ
နာလေးတွေ ကြောင့်လည်း သား အဖချင်း သိပ်ပြီး နွေးနွေး ထွေးထွေး မရှိလှပါ ဘူး…။ အမေချစ်တဲ့ သား
ပီပီ အဖေ့အပေါ် မေမေနဲ့ပတ်သက်လို့ အတိုက်အခံ လေး တွေ ကျွန်တော် လုပ်တတ်ပါတယ်...။ နောက်
ထပ် ဘ၀မှာ နာကျည်းမိ တာကတော့အဖေ ကျွန်တော်တို့ မောင်နှမ တွေ နဲ့ အမေ့ကို ထားခဲ့ပြီး နောက်
အိမ်ထောင်ပြု သွားခဲ့တာပါပဲ…။ ကျွန်တော် တို့မောင်နှမတွေ ၀မ်းမနည်း ခဲ့ပါ ဘူး… ။ အမေရှိရင် ကျွန်
တော် တို့မောင်နှမတွေ အတွက် လုံခြုံ နွေးထွေးပါတယ်…။ အဖေ မရှိတော့ တဲ့ ဘ၀ မှာ ကျွန်တော် တို့မိ
သားစု ဘ၀တွေ လည်းအချိန် အတိုင်းအတာ တခုထိ တည်ငြိမ်မှု မရခဲ့ပါဘူး…။ ဒါပေမယ့်မေမေ့ကိုတော့
ကျွန်တော် တို့မောင်နှမ တွေ စိတ်ချမ်းသာအောင်၊ အဖေ နဲ့ နေခဲ့စဉ်ကထက်အစစအရာ ရာ သာအောင်
ထားနိုင်ခဲ့ပါတယ်…။ ကျွန်တော်တို့ ဘ၀မှာ လူမချမ်းသာပေမယ့် စိတ်ချမ်းသာတဲ့၊ သာယာတဲ့၊ အများက
အားကျရ တဲ့ မိသားစုဘ၀လေးအဖြစ်ရပ်တည်နိုင် ခဲ့ပါတယ်… ။ အဲဒီအချိန်ကတည်းက အဖေက ကျွန်
တော် တို့ ဘ၀ထဲမှာ မရှိတော့ တာပါ…။ အဖေ့ ကို လုံးဝမေ့နေခဲ့တယ် ဆိုရင်လည်း မမှားပါ ဘူး…။ ကျွန်
တော် အထက် က အကို ကြီး နဲ့ .သူ့အောက်က မမ ကတော့ အဖေ့ သတင်းလေးတွေ ယူယူလာတတ်ပေ
မယ့် ဘယ် တော့ မှ ကျွန်တော့် ရှေ့မှာ မပြောကြပါ ဘူး…။ ကျွန်တော့် အကြောင်းသိထားလို့ပါ…။ ကျွန်
တော် နဲ့ အဖေ့ရဲ့ အကြောင်းကိုသူတို့ အသိဆုံးမို့ ပါ…။ အိမ်ရဲ့ စားဝတ်နေရေး ၀င်ငွေ ကို မောင်နှ တွေ
အားလုံးဝိုင်းရှာကြပါတယ်. .။ ဒါပေမယ့်အဓိက စီးပွားရှာတဲ့သူကကျွန်တော်ပါ…။ ကျွန်တော်က အကို နဲ့
မမ ကိုသက်တောင့်သက် သာ အလုပ်လေးတွေ နဲ့ ပုံမှန်ဝင်ငွေရအောင်ပဲရှာစေခဲ့ပါတယ်..။ ကိုယ်တိုင်
ကတော့ သူ တို့ထက်ပိုပြီး ကြိုးစားခဲ့ရပါတယ်၊ အပင်ပန်းခံခဲ့ ပါတယ၊် အလုပ်မျိုးစုံလုပ်လို့ရသလောက်
ဝင် ငွေရှာခဲ့ပါတယ်…။ ရှာလို့ရသလောက်ကိုလည်း တ ပြားမကျန် မေမေ ရဲ့ လက်ထဲကို အပ်တတ်ပါ
တယ်…။ လ္ဘက်ရည်ဖိုးလောက်သာ တခါတလေ မေမေ့ ဆီက ပြန် တောင်း တတ်ပါတယ်…။ ဆေးလိပ်၊ အ
ရက်၊ ကွမ်း နဲ့ ရည်းစား(မိန်းမကိစ္စ) ဆိုတာလည်း ကျွန်တော့် အ တွက် “ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ”
မို့ ကိုယ်ရေးကိုယ်တာအသုံးငွေ လည်း ကျွန်တော့်အတွက် မလိုအပ် ခဲ့ပါဘူး…။ ကျွန်တော့်အထက်က အကို
နဲ့ အမ ဆိုပေမယ့်လည်း သူတို့လုပ်တာ လမ်းမမှန်ရင်လည်း ကျွန်တော် ပြောတတ်ပါ တယ်…။ အကိုတွေ
အမတွေအပေါ်မလေးစားလို့ ခံပြောတဲ့သဘောနဲ့ ပြောတာမဟုတ်လို့ လည်း အကိုကြီး ရော မမ ရော
ကျွန်တော်ပြောတာလက်ခံတတ်ကြပါ တယ်…။ ကျွန်တော်မှားနေရင် သူတို့ ဆုံးမ တာကျွန်တော် လက်
ခံတတ်ပါ တယ်…။ မောင်နှမတွေအနေနဲ့ တယောက်ကို တယောက်ထိန်းသိမ်းပေးတဲ့သ ဘောပါ…။ အဲ
အဖေနဲ့ ပတ်သက် လို့သူတို့ကျွန်တော် နဲ့ဘာမှ လာမပြောကြပါ ဘူး…။ ကိုယ်ကအပြတ်ပြော ထားလို့ပါ…။
အဖေ နဲ့ပတ်သက် ရင် ဘာမှ လာမပြောဖို့ ပြောထားပြီးသားပါ…။ အဖေ အိမ်ကထွက်သွားတော့ မေမေ
တားနေရင်း နဲ့ အရင်ဆုံး ထွက်ရှာတာ ကျွန်တော်ပါ… ။ အဲဒီအချိန် အဖေ နောက်အိမ်ထောင် မပြုရသေးပါ
ဘူး…။ ကျွန်တော်တို့ နဲ့ ပြန်နေဖို့ ပေါ့...။ ဒါပေမယ့် ကျွန်တော်ရဲ့ ကြိုးစားမှု အရာအထင်ခဲ့ပါဘူး…။ ကျွန်
တော်ရ လိုက်ရတာ ကတော့ အဖေ့ဆီက တသက်မမေ့နိုင်တဲ့ စကားလေးတခွန်းပါ…။ “ မကို ချစ် မှ ဥ
ကိုတွယ်တာ” တဲ့…။ ဒီစကား လေးနဲ့ တင် အဖေ့ အပေါ်မှာ ကျွန်တော် မျက်ကွယ်ပြုလိုက်နိုင်ပါပြီ …။
မ ဖြစ်တဲ့ မေမေ့ ကို မချစ်မှ တော့ ဥ ဖြစ်တဲ့ ကျွန်တော်တို့ မောင်နှမတွေ ကိုလည်း အဖေ ဘယ်တွယ်
တာ ပါတော့ မလည်း ..… ။ အဲဒီထဲကနေ ဘ၀ကို မခံချင်တဲ့ စိတ်တွေနဲ့ ရုန်းကန်ရင်း မေမေ့ ပေါ်ကို
ကျွန်တော်တို့မောင်နှမတွေ အချစ်ပို ခဲ့ကြပါတယ်…။ နောက် များ မကြာခင်မှာ တော့ အဖေ နောက်အိမ်
ထောင်ပြု သွားပြီဆိုတဲ့ သတင်း အဖေ နဲ့ ပတ်သက်လို့ ကျွန်တော် နောက်ဆုံးကြားရ ခြင်းပါ…။ သူလည်း
သူ့ဘ၀နဲ့ သူ၊ ကိုယ်လည်းကိုယ့်ဘ၀နဲ့ကိုယ် မို့ ဆယ်စုနှစ် တခုစာလောက် အဆက်အသွယ် ပြတ်သွား
ခဲ့ပါတယ်…။ မေမေ ရဲ့ကျန်းမားရေး အရမ်းစိုး ရိမ်နေရတဲ့ အချိန်မှာတော့ အဖေ့ ရဲ့ မိဘများ ဖြစ်တဲ့
ကျွန်တော်ရဲ့ အဖိုးအဖွားများ ထံ အသိပေးအကြောင်း ကြားဖို့ မောင်နှမ တွေတိုင်ပင်ပါတယ်…။ မေမေ နဲ့
အဖေ အိမ်ထောင်ကွဲသွားကတည်းက မေမေရဲ့ ဆန္နအရ အဖေ့ ရဲ့ ဆွေမျိုးတွေကို အဆက်အသွယ်ဖြတ်
ထားခဲ့ပြီး မိသားစုတွေ ခြေရာဖျောက်လို့ ရန်ကုန်မြို့ စွန်လေးမှာ မိသားစု လေးယောက်တအိုး တအိမ်ထူ
ထောင်လို့နေကြတာပါ…။ အခုတော့ မေမေရဲ့ အခြေအနေက နေ့လား ညလားဖြစ်နေချိန်မှာ လူကြီးတွေ
ကို အသိပေးသင့်တယ်လို့ အကိုကြီး ရဲ့အကြံပေးချက်အရ ကျွန်တော် တို့လက်ခံခဲ့ကြတာပါ…။ အကြောင်း
ကြားဖို့ တာဝန်ကတော့ ကျွန်တော်ပေါ့…။ ကားဂိတ်ရောက်လို့ ရွာကလူကြုံတွေ့ ရင်စာထည့်ပေးလိုက်မယ်
… ။ မတွေ့ ရင်တော့ လူကိုယ်တိုင်သွားမယ်ပေါ့…။ အမှန်ကတော့ မသွားချင်ပါ…။ မေမေ့ရဲ့နောက်ဆုံး
ထွက်သက်လေးမှာ မေမေ့ အနားမှာ ကျွန်တော်ရှိနေချင်လို့ပါ…။ အဖေ မရှိတဲ့နောက် ပိုင်း အလုပ်လုပ်
ရင်း မိသားစုနဲ့ ကျွန်တော်ခွဲ နေရတဲ့ အချိန်ကများပါတယ်…။ အခုလည်း ကန်းရိုးတန်းသင်္ဘော လိုက်နေရာ
ကနေ နားလိုက်ပြီး မေမေ့ အနားမှာ နေနေတဲ့အချိန်ပါ…။ အခုလည်းမဖြစ်မနေသွားရမယ်ဆို တော့
နောက် ဆံတင်းတင်း နဲ့ ပဲ ကျွန်တော် ဒလ ဖက်ကမ်းကူး သွားပြီး ကားဂိတ်မှာ ရွာကလူကြုံကိုရှာရပါတော့
တယ်…။




ကံကြမ္မာ များ အတော်ဆန်းကျယ် ပါတယ်...။ ကျွန်တော် ခါးခါး သီးသီး မတွေ့ချင်လှပါတဲ့ အဖေ့ ကို ရွာကို
သွားမယ့် နောက်ဆုံးကားပေါ်မှာ သူ့နောက်မိန်းမ နဲ့ ခန့်ခန့်ကြီး တွေ့လိုက်ရလို့ပါ…။ အဖေ့ကို မမျှော်လင့်
ပဲတွေ့ လိုက်ရတော့ ကျွန်တော်စိတ်ထဲ ဘယ်လိုဖြစ်သွားမှန်းသိ၊ အလိုလိုစီးကျလာတဲ့လာတဲ့ ကျွန်တော့်
ရဲ့မျက်ရည် တွေကို သုတ်ရင်းကျွန်တော် လှည့်ပြန်မယ် အလုပ်မှာ“ လူလေး ”လို့ ကျွန်တော့်ကို ခေါ် လိုက်
တဲ့အဖေ့ အရဲ့ အ သံဟာ ကျွန်တော့် ခြေထောက်တွေကို တုတ်နှောင်လိုက်သလိုပါ ပဲ…။ “ လူလေးဘယ်
သွားမလို့လည်း ”လည်း လို့ပြောလည်းပြော ရင်း ကျွန်တော့် ပခုံးပေါ် အဖေ့လက်ကရောက်လာ ပါတယ်…။
ရင်ထဲမှာ နွေးကနဲ ခံစားလိုက်သလို အဖေ့နှုတ်ကထွက်လာတဲ့ “လူလေး” ဆိုတဲ့စကားလေးကို ကျွန်တော်
နှစ်သက်မိပါတယ်…။ ကျွန်တော်နဲ့ အဖေ့ကြားမှာ အဖေ့နှုတ်ကထွက်လာတဲ့ ကျွန်တော့်အတွက် အနွေး
အထွေး ဆုံးစကားလေးပါ…။ အဖေတခါ ဘူးမှ ကျွန်တော့် အပေါ်ဒီလို ငြင်ငြင်သာသာ မခေါ်ဖူးတဲ့ စကားပါ
…။ အဲဒီအချိန် မှာ အိပ်ယာထဲက ဝေဒနာခံ စားနေရတဲ့ မေမေ့ရဲ့ မျက်နှာကို မြင်လိုက်ရတော့ ခုန အဖေ
နဲ့ ပတ်သတ်တဲ့သာယာမှုလေးတွေဟာရုတ် ခြည်း ပဲ အငွေ့ပျံ ပျောက်ကွယ်သွားပါတယ်…။ “ရွာသွားမ
လို့လား လူလေး… အဖေတို့လည်း မင်းအဖိုးတွေ အဖွားတွေကို သွားကန်တော့ မလို့… သန်းသန်း ရော နေ
ကောင်း” ဆိုတဲ့စကားတွေအဖေပြောပါတော့ တယ်..။ အဖေအဲလိုပြောလေ ကျွန်တော် မျက်ရည်တွေ
ကျလေပါ…။ သန်းသန်းဆိုတဲ့ မေမေ့ ရဲ့နာမည်ကို အဖေပြောတော့ ကျွန်တော့် ရင်ထဲဆို့လေပါ… ။ တ
ချိန်တုန်းကတော့ နှစ်ယောက်တစ်ဘ၀ ရွှေလက်တွဲလို့တစ်အိုးတစ် အိမ်ထူထောင် လို့၊ ရင်ချင်းဆက် ကျော
ချင်းကပ်ခဲ့တဲ့ အရင်းအနှီးဆုံးသူတွေဖြစ်ခဲ့ကြပေမယ့် အခုတော့ တ စိမ်းတွေ လိုပါလားလို့ တွေးရင်း
“မကို မချစ်တော့တဲ့ အဖေ… ဥတွေဖြစ်တဲ့ ငါတို့တွေကိုပိုပြီးစိမ်းကားနေနိုင်တာပေါ့”ဆိုပြီးလည်း စိတ်မ
ကောင်းဖြစ်ရင်း ကျွန်တော်ရဲ့မျက်ရည်တွေလည်း အတားအဆီး မရှိ ကျချင်တိုင်းကျနေပါ တော့တယ်… ။
အခြေအနေကို ရိပ်မိတဲ့ အဖေက ခပ်လှမ်းလှမ်းက သူ့မိန်းနဲ့စကားခဏပြောပြီး ကျွန်တော့် ဆီ ရောက်လာ
ခဲ့ပါတယ် …။ “ လူလေးလာ အဖေတို့ လ္ဘက်ရည်ဆိုင်မှာ သွားစကားပြောရအောင်”ပြော ပြီးရှေ့ ကနေဦး
ဆောင်သွားပါတယ်…။ အဖေ့ကို ပြောချင်တဲ့ စကားတွေ ရင်ထဲမှာအပြည့်မို့ ကျွန်တော်ပေါက်ကွဲ တော့
မယ်ဆိုတာ အဖေသိပုံရပါတယ်…။ လ္ဘက်ရည်မှာပြီး အရင်စကားစတာ အဖေပါ…။“ လူလေးအခုဘာလုပ် နေ
လည်း၊ အကို နဲ့ မမ တို့ရောဘာလုပ်လည်း၊ မင်းအမေရော နေကောင်းလား၊ အခုရွာကိုအလည်သွားမှာလား
၊ စားဝတ်နေရေးတွေရောအဆင်ပြေလား၊ ဘယ်လိုဖြေရှင်းကြလည်း၊ အခုဘယ်မှာနေလည်း” စဖြင့်သူသိချင်
တဲ့ လည်း ပေါင်းများစွာကို မျက်ရည်တွေသုတ်ရင်း ကျွန်တော်အဖြေပေးလိုက်တာကတော“ မေမေသေ

တော့မယ် အဖေ…။ နေ့လားညလားပဲ၊ ဒါကြောင့် အဖေ့အမျိုးတွေသိရအောင် ကျွန်တော်တို့ လာအ

ကြောင်း ကြားတာ…။ တော်ကြာသေတာတောင် အကြောင်းမကြားရကောင်းလားဆိုပြီး အပစ်တင်ခံရမှာ

စိုးလို့ပါ…။ အဖေ မရှိထဲက အားလုံးနဲ့ အဆက်အသွယ်ဖြတ်ပြီး ကိုယ့်ဘ၀ကိုယ်ရပ်တည်နေတာပါ အဖေ

…။ ဘယ်သူ့ အထောက်အပံ့၊ ဘယ်သူ့အားကိုးမှ မပါဘူး အဖေ…။ အခုလာတာလည်း အသိပေးယုံ သက်

သက်ပါ အဖေ ။ ဘာအကူအညီ အထောက်ပန့်မှ မျှော်ကိုးပြီး လာတာမဟုတ်ဘူး အဖေ…။ အခုလည်း ကျွန်

တော် ရွာကလူကြုံကို လာရှာတာ ပါ…။  အဖေ့နဲ့ အဖေ့နောက် မိန်းမကို အခုလိုတွေ့လိုက်ရတော့

အမေ့အတွက်ကျွန်တော် တော်တော် ခံပြင်း မိတယ် အဖေ…။ အမှန်ပြောရရင် ကျွန်တော်အခု အဖေနဲ့ စ

ကားတောင်မပြောချင် ဘူးအဖေ…။ ဒါပေ မယ့် မေမေ့ ရဲ သတင်းလေးကို တော့အဖေ့ရဲ့ အမျိုးတွေဆီ

အဖေကိုယ်တိုင်ပဲ ယူသွားပေးလိုက်ပါ…။ လာ ချင်တဲ့ သူတွေလာလို့ရပါတယ် လိပ်စာလည်းရေးထား ပါ

တယ်...။ လာရင်လည်းလက်ချည်း ပဲလာပါလို့ ပြော လိုက်ပါ အဖေ…”ကျွန်တော်ပြောလည်း ပြောအသင့်ပါ
လာတဲ့စာအိတ်လေးလည်း စားပွဲပေါ်တင်လိုက်ပါ တယ်…။ စာအိတ်လေးကို အဖေ တွေတွေလေးကြည့် နေ
ရင်းသူ့ လက်ကိုင်အိတ်လေးထဲက ငါးထောင် တန်တအုပ် ကျွန်တော့် လွယ်အိတ်ထဲထည့်လိုက်ပါတယ်…။
ကျွန်တော် ချက်ချင်းပဲ အဖေ့ ရဲ့ငွေတွေပြန်ပေးပြီး “ကျွန်တော် တို့အတွက်ငွေမလိုပါ ဘူးအဖေ… အဖေ့ငွေ
တွေ အဖေသာပြန်ယူသွားပါ… သြော် အဖေ့အမျိုး တွေ ကျွန်တော်တို့ အိမ်ကို လာချင်ရင် လာလို့ရပါတယ်
အဖေ… ဒါပေမယ့် အဖေတော့မလာပါနဲ့ဗျာ… မေမေ ရဲ့နောက်ဆုံး အချိန်လေးမှာ စိတ်မဆင်းရဲစေချင်

လို့ပါ အဖေ… ”ကျွန်တော် ပြောလည်းပြောပြန်လည်းပြန်ခဲ့ပါ တယ်…။ အိမ်ပြန်ရောက်တော့ အကိုကြီး နဲ့
မမက ရွာကလူကြုံနဲ့တွေလား စာပေးလိုက်လားဆိုတဲ့ အမေးကို မေမေ့ ကိုကြည့်ရင်း ကျွန်တော်ခေါင်း
ငြိမ့်.လိုသာ အဖြေပေးလိုက်ပါတယ်…။ အဖေနဲ့တွေ့ခဲ့ကြောင်း တော့ကျွန် တော် မပြောလိုက်ပါ…။
မေမေ့ ရဲ့သတင်း ကို မေမေသိပ်မုန်းနေ တဲ့ အဖေသာသူ့ဆွေမျိုးတွေဆီကိုယူသွားခဲ့မှန်းသိသွားရင်
အသေတောင်ဖြောင့်ပါမလားဆိုပြီး မောနေတဲ့ မေမေ့ကို ကြည့်ရင်း ကျွန်တော်မျက်ရည်တွေသာတသွင်
သွင်စီးကျနေမိ ပါတော့ တယ်…။ မမျှော်လင့်ပဲ အဖေနဲ့ ဆုံတွေ့လိုက်ရလို့စိတ်ထဲမှာလည်းပိုဝမ်း နည်း
မိနေတာလည်းပါတာ ပေါ့…။




မေမေ့ရဲ့ ဆန္နအရရော၊ ဆရာဝန်ရဲ့“ သားတို့ရဲ့အမေ ကိုစိတ်ချမ်းသာအောင်သာထားလိုက်ပါ… သားတို့
အမေ ရဲ့ဆန္နကိုနောက်ဆုံးအကြိမ် သားတို့လိုက်ရောပေးလိုက်ပါ၊ သူ့ရဲ့နောက်ဆုံးအချိန်ကိုရောက်နေပါပြီ

ဆိုတဲ့ ဆ ရာဝန်ရဲ့ တိုက်တွန်းချက်ကြောင့်မေမေ့ရဲ့နောက်ဆုံးခရီးကို အိမ်မှာ ပဲ အဆုံးသတ်ဖို့ကျွန်
တော် တို့ မောင်နှမ တွေ တိုင်ပင်ပြီး မေမေ့ ကို အိမ်မှာ ပဲထားလိုက်ပါတော့တယ်… ။ ဒီနေ့တော့ အရင်နေ့
တွေ ကထက်စာရင်မေမေ နည်း နည်း ပို လန်း နေပါတယ် ၊ ခါတိုင်းနေ့တွေဆိုရင် အစာတောင်မ၀င်ချင် တဲ့
မေမေ ဒီနေ့ ကြက်သားစွတ်တွေဘာ တွေသောက်နေတာကြည့် ပြီးကျွန်တော်တို့မောင်နှမတွေ တော်တော်
လေး ၀မ်းသာ နေကြတာပါ…။ ဆီကုန်လို့ ငြိမ်းတော့မယ့် မီးဇာ မီးပိုတောက် တဲ့ သဘောကို ကျွန်တော်တို့
မသိခဲ့လို့ပျော်ခဲ့ကြတာပါ…။ မကြာခင် မေမေကျွန်တော်တို့ မောင်နှမတွေကို ထာဝရ ခွဲသွားတော့မယ်ဆို
တာ သတိမထားမိကြလို့ ပျော်မိတာပါ…။ ဒီလိုနဲ့ ညဖက် မှာ မောင်နှမတွေ မေမေ့ကိုအလှည့်ကျစောင့်
ရင်း မနက်လင်း ခါနီး ၄ နာရီအချိန်လောက်မှာပဲ ကျွန်တော်ရဲ့ လက်ပေါ်မှာတင် မေမေ ညင်ညင်သာသာ
လေးအသက် ထွက် လို့ ဘ၀တပါး ကိုကူးပြောင်း သွားခဲ့ပါတယ်…။ အကိုကြီးနဲ့မမကို နှိုးပြီး မေမေ့ ကို
ကျွန်တော်တို့ မောင်နှမတွေကြိုးစားခေါ်နေပါသော်လည်း မေမေ ကျွန်တော်တို့ရဲ့ အသံကိုမကြား နိုင်
တော့ ပါ ဘူး…။




ကျွန်တော်တို့ မောင်နှမတွေရဲ့ငိုသံကြောင့် ဘေးအိမ်တွေကလူကြီးတွေရောက်လာပြီးလိုအပ်တာတွေ စီစဉ်
ပေးကြပါတယ်… ။ ဘ၀မှာ အားအငယ်ဆုံးအချိန်ပါ။ မောင်နှမသုံးယောက် တယောက်က ငိုရင် တယောက်
က ချော့လိုက်နဲ့ လူတိုင်းကြုံတွေ့ရတဲ့ ပရိဒေ၀မီးကို ပူလောင်ခံစားနေတဲ့ အချိန်ပါ…။ အချိန်တန်ရင် အား
လုံးဒီလမ်းကို သွားရမယ်ဆိုတာ ကျွန်တော်သိထား နားလည်ပေမယ့်ကျွန်တော်တို့ ဘ၀ထဲကနေ မေမေ
ထွက်သွားတာအရမ်းစောပါသေးတယ်...။ မေမေဆုံးတဲ့ အချိန် အသက် ၄၈ နှစ်ပဲရှိပါသေးတယ်..။ မေမေ့
ကိစ္စအတွက် လိုအပ်တာ လေးတွေ လုပ်နေရင်း၊ မေမေ့ ကိုသတင်းမေးဖို့ရောက်လာတဲ့ အဖေ့ဆွေမျိုး
တအုပ် လည်း လူမမာသ တင်းမမေး လိုက်ရပဲ မေမေ့ အသုဘနဲ့တန်းတွေတာပါပဲ…။ မေမေ့ ကိစ္စ ကိုသူ
တို့ဝိုင်းဝန်းလုပ်ချင်ပေမယ့်ကျွန်တော်တို့ မောင်နှမ တွေလက်မခံတာကြောင့်အဖွားကစလို့်ဘကြီး၊ ဘထွေး
ကြီးတော်တွေစိတ်မကောင်းစွာဖြင့်ကျွန်တော်တို့မောင်နှမတွေကို လွတ်ထားလိုက်ကြပါတယ်… ။ မေမေ့ကို
သဂြိုလ် မဲ့နေမှာတော့ အဖေ ရောက်လို့ လာ ပါတယ်… ။ အရင်ဆုံးပေါက်ကွဲပြီး အဖေ့ ကို အိမ်ထဲမ၀င်ဖို့
မေမေ့ အလောင်းနား မကပ်ဖို့ ကျွန်တော် တော်တော်လေးပြော နေမိပါတယ်…။ အဖေကလည်း ကျွန်တော်
ဒေါသဖြစ်နေမှန်းသိလို့ အိပ်တွင်း ကိုမ၀င်ပါ..။ မမ ကတော့မိန်း ကလေးမို့ အဖေ့ကိုမြင်တာနဲ့ ပြေးဖက်ပြီး
ချုံးပွဲချငိုလို့ နေပါပြီ…။ အကိုကြီးကလည်း ကျွန်တော့် ကို ဖတ်ရင်း အဖေ့ ကို လာခွင့်ပြုလိုက်ပါ ညီလေးရာ
လို့လာပြောသလို အဖွားကလည်း လာပြီးနှစ်သိမ့်နေတာမို့ ကျွန်တော် အလျှော့ ပေးလိုက်ရပါပြီ…။ ပတ်
ဝန်းကျင်က လူတွေကတော့အားလုံးအံသြ သွားကြတာပေါ့…။ အား လုံးသိတဲ့ ကျွန်တော် တို့အဖေ ဟာ
သေသွားပြီဆိုတာလေ…။ ဆွေမရှိ မျိုးမရှိ မိသားစုလေးယောက်ကို သိထား တဲ့ သူတို့တွေ အရှင်လတ်လတ်
အဖေနဲ့ အမျိုးတွေ တွေ့သွားတော့ အံသြမှာပေါ့…။ မေမေ့ကိစ္စ ပြီးလို့ အဖေကျွန်တော်တို့မောင်နှမတွေ
ဆီကို မကြာမကြာလာတတ်ပေမယ့် ကျွန်တော်ဘယ်တော့မှ မျက်နှာချင်းမဆိုင်ခဲ့ ပါ…။ ဒီလို နဲ့ အ
ချိန်တွေ တရွေ့ရွေ့ကုန်ဆုံးသွားပြီး အကိုကြီးလည်း မွန်ပြည်နယ်မှာ တာဝန်ထမ်း ဆောင်း ရင်း အိမ်ထောင်
ရက်သားကျ သွားခဲ့ သလို မမလည်း အိမ်ထာင်ပြုသွားခဲ့ပါပြီ…။ ကျွန်တော်လည်း အကိုတွေ အမတွေ
မရှိတော့ ဘ၀ကပိုပြီး အထီး ကျန်ဆန်လာပါတယ်….။ မမ နဲ့ လိုက်နေရင်း မမ အမျိုးသားလုပ်တဲ့ဆောက်
လုပ်ရေး ကုမ္မဏီတခုမှာ ၀င်လုပ်ရင်း မမ ရဲ့သူငယ်ချင်း နဲ့ အကြောင်းပါခဲ့ ပါတယ်… ။ အတွင်းသိ အ
ဆင်းသိ တယောက်အကြောင်း တယောက်သိထားတာ မို့ ကျွန်တော် တို့အိမ်ထောင်ရေးဟာ သာယာလှ
ပါတယ်…။ ကျွန်တော်ပြည်ပကိုအလုပ် ထွက်လုပ်ဖြစ် ဖို့ အခွင့်အရေးလေးပေါ်လာတာ မို့ ၂၀၀၁ ခုနှစ်
ဧပြီလလောက်မှာ မြန်မာ ပြည်ကနေတယောက် ထဲထွက်ခဲ့ပါတယ် … ။ ရောက်စတော့ တော်တော်လေး
ရုန်းကန်ကြိုးစားခဲ့ရတာတော့ပြည်ပရောက်ဖူးတဲ့သူတိုင်းသိ ကြမှာပါ…. ။ ၄ နှစ်လောက်နေပြီး မှ အမျိုးသ
မီး ကို ခေါ်လိုက်ပါတယ်…။ ကျွန်တော်တို့ သုံးနှစ်လောက်အတူနေတော့ ကျွန် တော့် အမျိုးသမီး မှာသား
ဖိုးသား လေးကို ကိုယ်ဝန်ဆောင်နိုင်ခဲ့ပါတယ်…။ အဲဒီအချိန်အထိ ကျွန်တော် ဘာမှ မပြောင်း လည်းသေး
သ လို ဘာ ခံစားချက်မှ လည်းမရှိသေးပါဘူး…။ အချိန်မှန်ဆေးခန်းသွားပြရ၊ လိုအပ်တဲ့ ကျန်းမာရေးစောင့်
ရှောက် မှု့ လေး တွေလုပ်ရ၊ အမျိုးသမီးက ကျန်းမာရေးကြောင့်ဗိုက်ခွဲထားဖူးတော့ ရိုးရိုးမွေးဖို့ မဖြစ်နိုင်
တာ မို့ ဗိုက်ခွဲမွေးဖို့ ပဲ စီစဉ်ရပါတော့ တယ်… ။ ကိုယ်ဝန်ဆောင်နေစဉ်မှာ မိခင်အနေနဲ့ စားတာ၊ သောက်
တာ၊ နေတာထိုင်တာ၊ သွားတာလာတာကစလို့ အစစအရာရာ ဂရုစိုက်ရတာကို ကြည့်ပြီး မွေးသမိခင် မိခင်
များရဲ့ကြီး မားလှတဲ့ မေတ္တာ တွေ ကို ပိုပြီးနားလည်ခံစားရပါတယ်… ။ ဇနီးသည်မှာ ကျန်းမာရေးကြောင့်
အရင်ကဗိုက်ခွဲထားဖူးတဲ့ချုပ်ရိုးကြောင့် အခုလည်းဗိုက်နာတဲ့အချိန်ထိ အောင် မစောင့်ပဲ မွေးရမယ့်
ရက် ထက်စောပြီး မွေးဖို့ ဧပြီလ ၇ ရက်နေ့ကို ဒိတ်ပေးထားပါတယ်…။ မွေးခန်းဝင်ချိန် ဒေသ စံတော်ချိန်မ
နက် ၇ နာရီလို့ပြောထားပေမယ့်မနက် ၆ နာရီခွဲ လောက် ထဲကနေခွဲခန်းထဲသွင်းသွားလိုက်တာမနက် ၈
နာရီထိုးခါ နီး မှခွဲခန်းက ပြန်ထွက်လာပါတယ်…။ ဇနီးသည်ကိုကြည့်တော့အားနည်းနေသလို မျက်နှာက
လည်း မကောင်းလှပါ..။ အဲဒီမှာ ကျွန်တော်တခါမှ မခံစားရဘူးတဲ့ ဝေဒနာကို စပြီးခံစားရပါပြီ…။ ဇနီးသည်
သာခွဲခန်းကနေထွက်လာ တာ ကလေးကတခါထဲ ပါမလာ…။ ချက်ချင်းလိုက်မေးချင်ပေမယ့် အမျိုးသမီးက
တော်တော် အားနည်းနေတာမို့ ဆရာဝန်က စကားမ ပြောပါနဲ့ အုန်းဆိုတော့ မေးလို့ကမရ…။ ဒီအချိန်ကျွန်
တော် စိတ်ပူနေတာ ဇနီးသည်မဟုတ်..။ ကျွန်တော် စိတ် ပူနေတာ ကျွန်တော်မမြင်ရသေးတဲ့ သားလေးပါ…
။ ဆေးရှိန် နဲ့မှိန်းနေတဲ့ ဇနီး ကိုသူငယ်ချင်း ရဲ့ဇနီးလေးက စောင့်ပေးနေတာမို့ ကျွန်တော်နဲ့ ကျွန်တော့်ရဲ့
သူငယ်ချင်း ကိုရဲတို့ ကျွန်တော့်ဇနီးကို တာဝန်ယူခွဲမွေးပေးတဲ့ ဆရာဝန်ကို ရှာရ ပါတော့ တယ်…။ မွေး
ကင်းစ ကလေးတွေထားတဲ့ အဆောင် ထဲမှာ ဆရာဝန်ကိုတွေ့လိုက်ရ တော့ အပြေးအ လွားသွားမေးမိပါ
တယ်… ။ ကလေးက မွေးရမယ့် အချိန်မတိုင်မှီ ခွဲမွေးလိုက်ရတာ မို့အသက် ကောင်းကောင်း မ ရှုနိုင်သေး
လို့ အောက်စီဂျင် ပေးထားရပါတယ်..။ စိတ်မပူပါနဲ့နောက် ၃ ရက်လောက်ဆို ကောင်သွားမှာပါ လို့ဆိုပြီး
ကလေးထားတဲ့ အခန်းကိုလမ်းညွန်လိုက်လို့ကျွန်တော် သွားကြည့်လိုက်ပါတယ် … ။ တွေ့လိုက်ရတဲ့ မြင်
ကွင်းက ကျွန်တော့် ရင်ထဲ မှာစို့သွားသလို မမျှော်လင့်ပဲ သားသမီးနဲ့ပတ်သက် တဲ့ပထမ ဦးဆုံး မျက်ရည်
တွေကျွန်တော့်မျက်နှာပေါ်မှာ ကျလာပါတော့ တယ်…။ ကိုယ့်ရင် သွေး နီတာရဲ လေးကို ဖန် ပေါင်းချောင်
လေးထဲမှာ ထည့်ပြီး နှာခေါင်း၊ လက် နဲ့ ချက်နေရာတွေမှာ ပိုက်တွေနဲ့မြင်မ ကောင်းအောင် ထိုး တာကို
မြင် လိုက်ရတော့ ဖခင်တယောက်အနေ နဲ့ကျွန်တော့်ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲ ခံ စားလိုက်ရသလို မျက်
ရည်တွေကလည်းထိမ်းလို့မရအောင် ကျလာမိပါတယ်…။ စိတ်ထဲမှာလည်း ငါ့သားလေးအသက်မှ ရှင် နိုင်ပါ့
မလားဆိုတဲ့ ဖခင်တယောက်ရဲ့ စီုးရိမ်စိတ်ကလည်း ကျွန်တော့် ကိုတော်တော် ဒုက္ခပေးနေပါပြီ …။ မေမေ
ဆုံးတုန်းက ၀မ်းနည်း စိတ်မကောင်းဖြစ်တာ ကတမျိုး၊ အခုကိုယ့်ရင်သွေးလေးကို အခုလို အခြေအနေ နဲ့
မြင် လိုက်ရလို့ ၀မ်းနည်းစိတ်ထိခိုက်ရတာက တမျိုး ပါ… ။ ကိုယ့်ရင်သွေး အသွေးအသားမို့ထင်ပါရဲ့ ကျွန်
တော်သားနဲ့ပတ် သက်ပြီးတော်တော်လေး ၀မ်းနည်းနေ မိပါတယ်…။ မေမေ ဆုံးတုန်းက ထက်ကျွန်တော်
ပိုပြီးခံစားနေရတယ် ဆိုတာ ကျွန်တော့်ကိုယ် ကျွန်တော်အသိဆုံးပါ…။ ဇနီးသည် သ တိ ကောင်းကောင်းရ
လာလို့ ကျွန်တော် ဇနီးသည် ရှိရာ အဆောင်ကို ပြန်လာလိုက်ပါတယ်…။ ကလေးအခြေအနေ မေး လာတဲ့
ဇနီး သည် ကို စိတ်သက်သာ ရအောင်အခြေအနေကောင်းပါတယ်လို့ ကျွန်တော်ပြောလိုက်ပေမယ့် ရင်
ထဲမှာ တော့သား အတွက် အတော် လေးစီုးရိမ်နေတုန်းပါ….။ သူငယ်ချင်းတွေ လည်းအလုပ်တွေနဲ့ မို့ နေ့
လည်လောက်မှာပြန် ကြပါတယ်…။ ကျွန်တော်သူတို့ကို ကားလိုက်ဌားပေးပြီး ဆေးရုံရှေ့ ကအရိပ်ကောင်း
တဲ့ ခုံတန်းလေးမှာခဏ ၀င်ထိုင် ရင်း ကျွန်တော့်ရဲ့ ကလေးဘ၀ ကို အတွေးဇာချဲ့ မိပါတယ်…။ အဖိုး၊ အ
ဖွားတွေ နဲ့ မေမေရဲ့ ပြောပြချက် တွေအရ ကျွန်တော့် ကို လည်း ဗိုက်ခွဲ မွေးခဲ့ရကြောင်း၊ မွေးပြီးပြီးချင်း
အခုလိုပဲ အရေးပေါ်ကုသမှုကိုခံယူရ ကြောင်း၊ ကျွန်တော်ကတော့ တပတ်နဲ့ တင်ကျန်းမာရေးကောင်း လာ
လို့ ဆေးရုံကနေဆင်းလို့ရပေမယ်.. မေမေ ကတော့ ကလေးခွဲမွေးတဲ့ဒဏ်ကြောင့် ဆေးရုံမှာ တလကျော်
လောက်နေခဲ့ရကြောင်း၊ ကျွန်တော် နို့စာလို့ ငိုရင်အဖေက အိမ်ထောင်သည် သူ့ညီမ(ကျွန်တော့်ဒေါ်လေး)
ဆီ ပို့ပြီး နို့တိုက်စေတဲ့အကြောင်း၊ ကျွန်တော့် ကိုကျန် တဲ့သားနဲ့ သမီး ထက် ပိုပြီးဂရု တစိုက် ဒုက္ခခံခဲ့
ကြောင်းတွေကို ပြန်စဉ်း စားမိပါ တော့တယ်..။ အခုလို ကျွန်တော် သားအတွက်ပူဆွေးသောကရောက်ခံ
စားခဲ့ သလို တချိန်က အဖေလည်း ကျွန် တော့် အပေါ် မှာကိုယ်ရင်သွေးဆိုတဲ့အသိနဲ့ အခုလိုပဲ ခံစားရမှာ
ပဲလို့  ကိုယ်ချင်းစာနာတတ် ခဲ့ ပါတယ် ။ အဖေ ဆိုတဲ့နေရာ ကိုရောက်လာမှ အဖေ့ရဲ့ မေတ္တာကို ကျွန်
တော် နားလည် ခံစားတတ်မိပါ ပြီ…။ ဖြစ်ပြီးခဲ့တဲ့ မိ သားစုအရေး ကိစ္စတွေအတွက် အဖေမှာတာဝန်ရှိ
သလို၊ အဖေ မှားနေပေမယ့် ကျွန်တော် အဖေ့ပေါ် ဆက်ဆံခဲ့တဲ့အပြုအမူတွေက လည်းသားသမီး
တယောက်အနေ မမှန်ခဲ့ဘူး ဆိုတာကို ကျွန်တော်သိလိုက်ရပါပြီ …။ အဖေ ဘာတွေ ပဲလုပ်နေလုပ်နေ၊
ဘာတွေပဲမှားနေမှားနေ အဖေဟာ အဖေပါ ပဲ…။ အနန္တ ဂိုဏ်းဝင် ကျေးဇူးရှင် ပါပဲ..။ အဖေ့အပေါ် မှာ
အမြင်မကြည်ပဲ အမှောင်ဖုန်းနေတဲ့ကျွန်တော်ရဲ့ အတ္တနဲ့ မာနတွေက သားလေး ဖိုးသား ကြောင့်
ကျွန်တော် အမြင်ကြည်လင်သွားခဲ့ပါပြီ… ။ တနည်းပြောရရင် ဖခင်တယောက်အနေ နဲ့


“ ကိုယ်ချင်းစာနာတတ် ခဲ့ပါပြီ ”




အိတ်ကပ်ထဲမှ ဟန်းဖုန်းမည်သံလေးကြောင့် ကျွန် တော့် အတွေးလေးတွေ ပျက်သွားပါတော့တယ်… ။
နံပါတ် ကို ကြည့်လိုက်တော့မှ ဇနီးသည် ခေါ်နေတာပါ…။ ဖုန်း ဖွင့်လို့နားထောင်လိုက်တယ် ဆိုရင်ပဲ
“ မောင် အဖေ့ ဆီကိုဖုန်းဆက်ပြီး အကြောင်းကြားလိုက်ပါအုန်း… ညကဖုန်း ဆက်သေးတယ်… သူဖုန်း
စောင့်နေမယ်တဲ့…အမ ဖုန်း ထဲမှာပိုက်ဆံမရှိ တော့”ဇနီးသည်ရဲ့ စကားမဆုံးခင်လိုင်းကျသွားတာမို့
သူ့ဖုန်းထဲပိုက်ဆံ ကုန်သွားပါ ပြီ…။ ကျွန် တော် နဲ့ အဆက်အသွယ် မလုပ်ပေမယ့် ကျွန်တော့်ဇနီး နဲ့
အဆက်အသွယ်ရှိတယ် ဆိုတာ တော့ကျွန်တော် သိထားပါတယ်…။ ဒီအချိန်မှာ ကျွန်တော်ဘာလုပ်ရမယ်
ဆိုတာကို သိထားပြီးသား မို့ ဇနီးသည် ပေးထားတဲ့ အဖေ့ ရဲ့ဖုန်းနံပါတ်လေးကို တုန်ယင်စွာနှိတ်ရင်း
အဖေ့ဖုန်း ကို လှမ်းခေါ်လိုက်ပါတယ်…။ ကျွန်တော့် ဖုန်းမှန်းအဖေ သိထားလို့ အရင်ဆုံးပဲ သူက စမေးပါ
တယ်…“ လူလေး အဖေ့ မြေးလေးနဲ့ သမိးရော ကျန်းမာလား၊ ကလေး ရော အင်္ဂါစုံလား လူလေး၊ ဘယ်နှ
ပေါင်ရှိလည်း၊ ဘယ်အ ချိန်ကမွေးတာလည်း လူလေး၊ အချိန်ကိုသေချာမှတ် ထား ကလေးဇာတာတွက်လို့

ရအောင်”လို့ အဖေတရဆက် ပြောနေမယ့် ကျွန်တော် မျက်ရည်တွေကြားမှာ ဘာစကားလုံးတွေမှ ရှာမ
ရခဲ့ပါ ဘူး..။ ကျွန်တော်ပြန်ပြောမိ တာကတော့ “ အားလုံးအဆင်ပြေပါတယ် အဖေ… စိတ်မပူကြပါနဲ့

လို့ကျန်တဲ့သူတွေကိုလည်းပြောလိုက်ပါ အဖေ… ကျွန်တော် အဖေ့အပေါ်မှား ခဲ့တာ တွေ ရှိပါတယ်

ခွင့်လွတ်ပေး ပါ အဖေ… ကျွန်တော်အခု ဖခင်တ ယောက်ဖြစ်နေပြီမို့ ဖခင်တယောက်ရဲ့ မေတ္တာ ကို နား

လည်ခဲ့ပါပြီ အဖေ… ကိုယ်လည်းချင်းစာတတ် ခဲ့ပါပြီ အဖေ..” လို့ကျွန်တော် ပြောတော့…“ အဖေခွင့်

လွတ်ပါ တယ် လူလေးရာ… အဖေလည်း သားတို့အပေါ်တာဝန်မကျေခဲ့ ဘူးလေ…။ သားလည်း အဖေ့ လို

တာဝန်မကျေတဲ့ အဖေမျိုးမဖြစ်စေနဲ့ ငါ့သား… အဖေလည်းအသက်ကြီး ပြီမို့ အားလုံးကိုနားလည်သဘော

ပေါက်နေပါပြီ… အခုလည်း လူလေးအကို တွေ အမတွေဆီ တလှည့်စီနေရင်း မ မြင်ရတာ ကြာပြီ ဖြစ်တဲ့

လူ လေးကို အဖေ လွမ်းနေတာပါ လူလေးရာ… အသက်လေးကြီးလာတော့ သားသမီး တွေရဲ့ အပြုအစု

အယု အယတွေကို လိုချင်လာမိတယ်… အဖေလူလေးကို တွေ့ချင်နေပြီ လူလေးရာ… အင်း အဖေတို့

သားအဖချင်း ထမင်းလက်ဆုံမစားရတာ နှစ် 20 နီးပါးပဲ နော်…လူလေးရဲ့ မိသားစုကို ကောင်း မွန် အောင်

စောင့်လျှောက်ပါ … လူလေးတို့မိသားစုပြန်လာမယ့် အချိန်ကို အဖေစောင့်နေပါမယ်..”




သြော်.... အခုတော့သား ဖိုးသားလေးနဲ့ ဇနီး သည်တို့ မြန်မာပြည်ပြန်သွားတာ ၂ နှစ်နီးပါးတောင်ရှိနေ
ပါပြီ…။ ဇနီး ထက် သား ကို ပိုလွမ်းနေမိပါသည်…။ သားလေး ဖိုးသား ကတော့ သူ့အဖေကျွန်တော် သူ့ကို
လွမ်းနေတာ၊ သတိရနေတာ ဘယ်သိပါ့မလည်းခင်ဗျာ… ။ အဖေ လည်း အခုလိုပဲ ကျွန်တော့် ကိုလွမ်း
ဆွတ် တမ်းတသတိနေခဲ့တာ ပါလား ဆိုတဲ့ အသိ၊ ကိုယ်ချင်းစာ စိတ်လေး ကျွန်တော့် ရင်ထဲမှာ
ဖြစ်ပေါ်ခံစားနေရပါပြီ ခင်ဗျာ….။




သူငယ်ချင်း ညီအကို မောင်နှမတွေအားလုံး ဘ၀အမောတွေ ပြေကြပါစေ

ရာဇာထွေး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...