ရုပ်ရည်ရော၊
ကိုယ်လုံးကိုယ်ပေါက်ပါ ပြည့်စုံလွန်းသော အလှအပကြောင့် သက်ရှိထင်ရှား
ဘာဘီရုပ်ကလေးအဖြစ် တင်စားခံနေရသော၊ ရုရှားအင်တာနက် ဝက်ဘ်ဆိုက်များတွင်
လူအများ၏ နေရာပေး ဆွေးနွေးမှုကို ခံနေရသော မိန်းမပျိုလေးသည် လူသားစင်စစ်
ဟုတ်မဟုတ် အငြင်းပွားစရာ ဖြစ်လာခဲ့သည်။


အသက်(၂၁)နှစ် ရှိသည်ဆိုသော ဗယ်လာရီ လူယာနိုဗာသည် သူမပိုင် Blogတစ်ခုတွင် လှပလွန်းသော ဓာတ်ပုံများကို လွှင့်တင်ရိုက်ယူထားပြီး လူအများက ချစ်စရာ ဘာဘီရုပ်မလေးအဖြစ် ခိုင်းနှိုင်းညွှန်းဆိုခြင်းကို ခံနေရသည်။
သူမ၏ အလှအပအတွက် ပလပ်စတစ် ဆာဂျရီ အထူးကု ဆရာဝန် တစ်ဦးထံတွင် ဗယ်လာရီက သွားရောက် ပြသခဲ့ဟန် Animation ဗီဒီယို တစ်ခုကိုလည်း You Tubeတွင် လွှင့်တင်ထားရာ သူမနှင့် ပတ်သက်ပြီး အချက်အလက်တိုင်းသည် သို့လောသို့လော ဖြစ်နေရသည်။

ယခုအခါ ဗယ်လာရီသည် အမှန်စင်စစ်၊ လူသားလော၊ ကွန်ပျူတာ ဓာတ်ပုံSoftwareများဖြင့် ဖန်တီးထားသည့် Graphic ပုံရိပ် တစ်ခုလော ဆိုသည်မှာ ကျယ်ကျယ်ပြန့်ပြန့် အငြင်းပွားရမည့် မေးခွန်းတစ်ခု ဖြစ်လာကြောင်း သိရသည်။


သူမသည် Facebookတွင် Accountဖွင့်ထားပြီး သူငယ်ချင်း (၇၈)ဦးနှင့် Subscribe ပြုလုပ်ထားသူ (၁၅၅)ဦး ရှိနေခြင်းကြောင့်လည်း သူမကို လူသားဟုတ်မဟုတ် ယုံရခက်၊ မယုံရခက် တွေဝေမှုကို ပိုမိုအားကောင်းလာစေခဲ့ကြောင်း သတင်းများက ဖော်ပြသွားသည်။


by: planet
No comments:
Post a Comment