စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...
အသည်းရောဂါသည်များအတွက် သိထားသင့်သည့်ဆေးဝါးဓါတ်စာများ
အသည်းရောဂါဆိုင်ရာ ရိုးရာဆေးပညာသဘောတရား
          ရိုးရာဆေးပညာတွင် အသည်းကို ယကန ဟုခေါ်၍ သည်းခြေအိတိကို ပိတ္တသယဟုခေါ်သည်။
သည်းခြေရည်ကို အစာခြေလမ်းကြောင်းရှိ အခြားသော အစာခြေအင်းဇိုင်းများနှင့်အတူ ပါစကပိတ္တ ဟုခေါ်သည်။
သည်းခြေရည်ကို အစာခြေလမ်းကြောင်းရှိ အခြားသော အစာခြေအင်ဇိုင်းများနှင့်အတူ ပါစကပိတ္တ ဟုခေါ်သည်။
၎င်းသည် သည်းခြေ ၅ မျိုးတွင် တစ်မျိုးအပါအ၀င် ဖြစ်၏။
          တစ်ခါတစ်ရံတွင် သည်းခြေရည်ကို ပိတ္တ ဟုခေါ်၏။ကျွဲ၊နွား၊ဆင်၊၀က်ဝံ၊ငါးတို့ ၏ သည်းခြေကို ရိုးရာဆေး
ပညာတွင် ကျုယ်ပြန့် စွာ အသုံးပြုကြလေ၏။
          တိရစ္ဆာန်တို့ ၏ အသည်းကို ဟင်းလျာ(ဓါတ်စာ)အဖြစ် ရောဂါများတွင် စားရ၏။ရိုးရာဆေးပညာ အလိုအား
ဖြင့် ပိတ္တ(သည်းခြေ)သည် အစာခြေခြင်း၊စုပ်ယူခြင်း၊ဇီဝကမ္မပြုခြင်း၊အပူထုတ်လုပ်မှု၊ဟော်မုန်းလုပ်ငန်းအားလုံး
အတွက် တာဝန်ရှိသော အင်ဇိုင်းများနှင့် ဟောမုန်းများကို ကိုယ်စားပြုထားလေသည်။
          ထိုသို့ ဖြင့် ခန္ဓာကိုယ်ရှိ ကာယစိတ္တလှုပ်ရှားမှုများစွာကိုလည်း ထိန်းချုပ်ပေးသည်။အစားအစာ၏ သဘာဝ
စားသောက်နည်းစနစ်နှင့်ရာသီဥတုဆိုင်ရာ အချက်များအပြင် အသည်းတွင် သည်းခြေရည်ထုတ်လုပ်ခြင်းနှင့်
အသည်း၏လုပ်ငန်းအားလုံးတို့ ကို စိတ်ခံစားမှုဆိုင်ရာ အချက်များက ထိန်းချုပ်လေသည်။
          သွေးဖွဲ့ စည်းမှုနှင့် အစာခြေချက်မှုအပြင် အသည်းသည် ဘူတဂ္ဂိပါက၏ တည်ရာလည်း ဖြစ်၏။
ထိုနေရာတွင် အမျိုးမျိုးသော အစားအစာများသည် တစ်မျိုးတစ်စားတည်း ဖြစ်ပြီး ကြေကျက်ပြီးသော အစားအစာ
များကိုလည်း တစ်ရှူးများသို့ ပို့ ဆောင်ပေးနိုင်လေသည်။
          ထို့ ကြောင့်လည်း အာယုဗ္ဗေဒ သမားတော်များသည် အသည်းအခြေအနေကောင်းမွန်စေရန် အခြားသော
ရောဂါများမကုသမီ ကောင်းမွန်စေရန် ကြိုးပမ်းကြခြင်းမှာ အံ့သြဖွယ်ရာ မရှိပါလေ။
          အသည်းကြီးခြင်း၊အသည်းမာကြမ်းခြင်း၊သည်းခြေလမ်းကြောင်း ပိတ်ဆို့ ခြင်း၊သည်းခြေကျောက်တည်ခြင်း
တို့ အပြင် တစ်ခါတစ်ရံတွင်အသည်း၏လုပ်ငန်း ချို့ ယွင်းမှုများ ရှိတတ်လေသည်။
          ထို့ အပြင် အသည်းလုပ်ငန်း ညံ့ဖျင်းပျက်စီးခြင်းကြောင့် လူနာသည် အောက်ပါရောဂါတစ်ခုခု သို့  အားလုံးကို
ခံစားနေရ၏။
          ထိုရောဂါများမှာ
၁။       ခံတွင်းပျက်ခြင်း၊၀မ်းချုပ်ခြင်း
၂။       အထွေထွေအားကုန်ခမ်းခြင်း
၃။       အသည်းနေရာမှ ထိုးအောင့်ခြင်း၊နာကျင်ကိုက်ခဲခြင်း
၎။       မောပန်းခြင်း၊အစာမကြေခြင်း၊ခေါင်းကိုက်ခြင်း
၅။       ၀မ်းဗိုက်အထက်ပိုင်းတွင် ပူလောင်နေခြင်း
၆။       လေပွခြင်း၊လေချဉ်တက်ခြင်း
၇။       ခေါင်းခြောက်ခြင်း၊အာရုံမစူးစိုက်ခြင်း
၈။       အဆီစားလျှင် မခံနိုင်ခြင်း
၉။       အိပ်မပျော်ခြင်း၊ခေါင်းမှုးခြင်း
၁၀။     နှလုံးတုန်၊ရင်ခုန်ုခြင်း
၁၁။     ၀မ်းဗိုက်ရှိ အသည်းနေရာ ရောင်တင်း၍ အထိမခံနိုင်ခြင်းတို့  ဖြစ်လေသည်။
အသည်းရောဂါများအပေါ် ထိရောက်အာနိသင်ရှိသည့် ရုက္ခဆေးဝါးများ
ဆေးခါးကြီးပင်
ဆေးခါးကြီးသည် ၀မ်းမှာအခါးဆိုသည့်အတိုင်း အစာအိမ်၊အစာခြေလမ်းကြောင်း ယန္တရားစနစ်နှင့် အသည်းဆိုင်
ရာတို့ အတွက် အထူးအကျိုးပြု၏။ဝမ်းမီးကို တောက်စေ၏။အစာကို ကြေစေ၏။အဖျားကို ပယ်ဖျောက်စေ၏။
ဝမ်းသက်ခြင်းကို ပယ်ဖျောက်နိုင်၏။အသည်း၏ လုပ်ငန်းဆောင်စွမ်းရည်ကို တိုးတက်စေရန် ဆောင်ရွက်၏။အသည်း
ပျက်စီးချို့ ယွင်းမှုမှ ကာကွယ်ပေး၏။
          ထို့ အပြင်ဆေးခါးကြီးသည် သည်းခြေစီးဆင်းမှု ကိုလည်းကောင်း ၊သည်းခြေဆားပမာဏ ကိုလည်းကောင်း
သည်းခြေအက်ဆစ်ပမာဏကိုလည်းကောင်း ကောင်းစွာတိုးတက်စေနိုင်၏။
          သင်္ဘောဆေးခါးကြီးကိုမူ ရေဖျဉ်းရောဂါအတွက် ထိရောက်စွာ အသုံးပြုနိုင်ပါသည်။
ကြက်သွန်ဖြူ
ကြက်သွန်ဖျြူ တွင် အချဉ်အရသာမှတစ်ပါး ကျန်သော အရသာ ၅ မျိုးလုံးပါဝင်၏။ကြက်သွန်ဖြူသည် ဗိုင်းရပ်စ်စသည့်
ပိုးရောဂါအမျိးမျိုး၊လိပ်ခေါင်းမြင်းသရိုက်၊၀မ်းဗိုက်ရောဂါ၊အသည်းရောဂါ နှလုံးရောဂါ၊နာတာရှည်အဖျားရောဂါတို့ ကို
ပယ်ဖျောက်စေနိုင်၏။အသက်ရှည်ဆေးလည်းဖြစ်၏။
တမာကြီး
          တမာသည် ရောဂါအခြေအနေအားလုံးအတွက် ထူးခြားသည့် ဆေးပင်ဖြစ်၏။တမာကြီးသည် ထူးခြားစွာပင်
ဒေါသ သုံးပါးလုံးကို နိုင်၏။ထို့ ကြောင့်  ဒေါသသုံးပါးလုံး အပြစ်ပြုသည့် အသည်း၊၀မ်းဗိုက်နှင့် အစာခြေအင်္ဂါစုဆိုင်ရာ
သန္နိပါတ ရောဂါများကိုပင် နိုင်နင်းပါသည်။အထူးသဖြင့် တမာသည် အသည်းရောင်ဗိုင်းရပ်စ် စသည့်ပိုးရောဂါများကို
ပင် ပယ်ဖျောက်စေနိုင်ပါသည်။
ပရန္န၀ါ(အမြစ်)
          ပါစက ၀မ်းမီးကို အားရှိစေ၏။ဝမ်းသက်စေ၏။ဆီးကို ရွင်စေ၏။သလိပ်ကို ပယ်ဖျက်နိုင်၏။
ဖောရောင်ခြင်းကို ပယ်ဖျက်နိုင်၏။ထို့ အပြင် အသည်းရောဂါ၊အဆိပ်ရောဂါ၊ရေဖျဉ်းရောဂါ၊အဆုတ်ရောင်ခြင်း၊အူရောင်
ခြင်း၊ခန္ဓာကိုယ်၏ အပြင်ဘက်တွင် ရောင်ခြင်း၊အသည်းရောင်ခြင်း၊အလုံးစုံသော အင်္ဂါကြီးငယ် ရောင်ခြင်းတို့ ကို ပယ်
ဖျောက်နိုင်၏။သလိပ်၊သည်းခြေ၊သွေးဖောက်ပြန်ခြင်းတို့ ကို ကောင်းစွာပယ်ဖျောက်နိုင်၏။
ဆေးဖော်နည်း
          ပရန္န၀ါမြစ်ကို ရေစိမ်၍ ဆော်ဒါနှင့်ရော၍ သောက်ခြင်း၊နို့ ရည်ဖြင့်သောက်ခြင်း၊ချင်းခြောက်ပြုတ်ရည်ဖြင့်
သောက်ခြင်း ပြုလုပ်ရမည်။
ထို့ အပြင် ဆီးအိမ်နှင့် ဆီးရောဂါများကို ထူးခြားစွာ သက်သာ ကောင်းမွန်စေ၏
ပေါက်ပင်
          ပေါက်ပွင့်သည် အသည်းနှင့် အစာခြေအင်္ဂါစုဆိုင်ရာ ရောဂါများ မြင်းသရိုက်ရောဂါ၊ဗိုင်းရပ်စ်စသည့်ပိုးရော
ဂါများ၊အကျိတ်အဖုရောဂါ များကို ပယ်ဖျောက်နိုင်၏။
          အသည်းတွင်အမာရွတ်ဖြစ်ခြင်း၊ အသည်းတွင် ဒဏ်ရာအနာတရဖြစ်ခြင်းတို့ တွင် ပေါက်ပွင့်သည် ထိရောက်
သော အာနိသင်ရှိ၏။
ကျွဲနှာခေါင်းချိတ်ပင်
          ကြက်မောက်ဆူးပြန်ဟုလည်း ခေါ်သည်။ပါစက ၀မ်းမီးကို တောက်စေသည်။ဆီးဝမ်းရွှင်စေသည်။ပျို့ ခြင်း
အန်ခြင်း၊ဆီးရောဂါ၊နှလုံးရောဂါ၊မြင်းသရိုက်၊တင်းရောင်ခြင်းအမျိုးမျိုး။ဖျဉ်းရောဂါများတို့ တွင် အသုံးပြုကြ၏။
ဆေးဖော်စပ်နည်း
          ကြက်မောက်ဆူးပြန်ဆားကို ချင်းခြောက်၊ငရုတ်ကောင်း၊ပိတ်ချင်း၊သိန္ဓောဆားမှုန့် တို့ရော၍ သင့်လျော်
သည့် အနုပါန ဖြင့်သောက်ရပါမည်။
နနွင်းအမြစ်
          နနွင်းကို ရောဂါအခြေအနေအားလုံးတွင် အသုံးပြုနိုင်၏။
မြေဇာမြက်၊မြင်းစာမြက်
          သည်းခြေသလိပ်ဒေါသကို ငြိမ်းစေ၏။အဖျားရောဂါ၊သွေးမသန့် ရောဂါ၊ဆီးချုပ်ရောဂါ၊သွေးအားနည်းရော
ဂါ၊အသည်းရောဂါ၊ရေဖျဉ်းရောဂါ၊တို့ ကိုပယ်ဖျောက်နိုင်၏
အသည်းရေဖျဉ်းဆေးနည်း
မြေဇာမြက်တွင် ငရုတ်ကောင်း၊အနည်းငယ်ထည့်ကြိတ်ပြီး သောက်ပါက ဆီးရွှင်ပြီး အသည်းရေဖျဉ်း စသည့် ခန္ဓာ
ကိုယ်တွင်း ဖောရောက်သည့် အင်္ဂါအစိတ်အပိုင်းများ အရောင်ကျဆင်းစေနိုင်၏။
ကြိတ်မှန်ပင်
          ကြိတ်မှန်သည် သွေးကို ကြေကျက်ရာတွင်လည်းကောင်း၊ဓါတ်တို့ ကိုပြောင်းလဲစေရာတွင်၎င်း၊ပိုးကိုသတ်
ရာတွင်လည်းကောင်း၊အဆိပ်တို့ ကို ပြေပျောက်စေရာတွင်လည်းကောင်း၊လေသလိပ်တို့ ကို နိုင်နင်းရာတွင်လည်း
ကောင်း အသက်ရှည်စေရာတွင်လည်းကောင်း မီးယပ်၊သားအိမ်၊သွေးရောဂါတို့ တွင်လည်းကောင်း ကောင်းစွာ
ပယ်ဖျောက်စေနိုင်၏။
အသည်းနှင့်အဖျဉ်းဆိုင်ရာ ကြိတ်မှန်ရွက် ရသာယနဆေးနည်း
အမြစ်နှင့်တကွသော ကြိတ်မှန်ပင်
ဆီးဖြူသီး
ကြစုသီး
သစ်ဆိမ့်သီး
တို့ကို အညီအမျှစီ ယူ၍ သကြားခဲကို ဆေး၏ ၂ ဆယူပြီး အမှုန့် ပြုပါက တစ်ကြိမ်လျှင် ဆေး ၅ မတ်သားတစ်နေ့ 
၃ ကြိမ် မှီ-၀ဲပါ။အသည်းအစာခြေအင်္ဂါစုဆိုင်ရာ ရောဂါများသာမက အချိန်အခါ သို့ မရောက်သေးဘဲ ရောဂါကြောင့်
ကာ မသေနိုင်ခြင်းဖြစ်ရ၏။
ဆီးဖြူသီး
          ဆီးဖြူသီးသည် အသီးတကာ့ အသီးထဲတွင် ထူးခြားသော အသီးဖြစ်၏။ဒေါသသုံးပါးလုံးကိုနိုင်“၏။အစာ
ကိုကြေကျက်လွယ်စေ၏။ဝမ်းမီးကိုတောက်စေ၏။ဝမ်းရောဂါ၊အစာခြေချက်မှုဆိုင်ရာ အင်္ဂါများ၊အသည်းရောဂါတို့ 
ကို ပယ်ဖျောက်စေနိုင်၏။
          သွေးကိုဖြစ်စေ“၏။သွေးတွင်ဝင်စိုက်၍ ငုပ်နေသော သည်းခြေဒေါသ အပူကိုလည်း ငြိမ်းစေနိုင်၏။သွေး
တွင်ဝင်ရောက်နေသော သလိပ်၊ဒေါသ ဖြစ်သည့် မကြေကျက်သေးသော သွေးကိုလည်း ပယ်နိုင်၏။ဝမ်းမီးကိုလည်း
ထူးခြားစွာ တောက်ပစေ၏။သမ၀မ်းမီးကို ဖြစ်စေ၏။သည်းခြေဒေါသအပူကို ငြိမ်းနိုင်၏။အေးစေ၏။အညစ်အကြေး
ကို သုတ်သင်တတ်“၏။၎င်း၏ အေးသော စွမ်းရည်သတ္တိကြောင့် သွေးပူကို နိုင်၏။သွေးအညစ်အကြေးများကို သုတ်
သင်ရှင်းလင်းပြီး အားကိုလည်း ဖြစ်စေ၏။-၀မ်းကို ချုပ်စေ၏။
နွယ်ချိုမြစ်
          နွယ်ချိုသည် ရိုးရာဆေးပညာတွင် အသည်းရောဂါအတွက် ရှေးနှစ်ပေါင်း ထောင်ချီကတည်းက အဓိကထား
သုံးစွဲခဲ့သည့် ရုက္ခပစ္စည်းဖြစ်၏။ အသုံးပြုရာတွင် အမြစ်ကို အသုံးပြု“၏။ချို၏။အေး“၏။လေသည်းခြေဒေါသ နှစ်
ပါးပြိုင်သည့် ရောဂါကို နိုင်၏။ အသည်း ၊အစာခြေအင်္ဂါစုဆိုင်ရာရောဂါများ ၊အနာပေါက်ရောဂါ၊အဆိပ်နှင့်
ပတ်သက်သောရောဂါ၊ခယရုဂ်၊သွေးအန်သွေးကျရောဂါ။အသည်းရောင်ဗိုင်းရပ်စ်ရောဂါ၊ကိုယ်တွင် အင်္ဂါများ
ရောင်ရမ်းသည့်ရောဂါတို့ တွင် ကောင်းစွာအသုံးပြုနိုင်ပါသည်။အသည်းနှင့်ပတ်သက်သော ထူးခြားချက်မှာ
အသည်းတွင်ကျရောက်မည့် အဆိပ်အတောက် ဒေါသများကို ကောင်းစွာ ကာကွယ်နိုင်ခြင်းဖြစ်ပါသည်။
အသည်းရောင် ရောဂါများအတွက် နွယ်ချိုဆေးနည်း
နွယ်ချို                     ၁၀ ကျပ်သား
ဆောင်မေခါး             ၁၀ ကျပ်သား
 တစ်ကြိမ် ၅ ပဲသား ရေနွေးနှင့် တစ်နေ့  ၃ ကြိမ်သောက်ပါ။
မြေဇီးဖြူပင်
          အသည်းရောင်အသားဝါ ရောဂါတို့ အတွက် အစွမ်းထက်သည့် ဆီးသက်ဆင်းစေသော ဆေးဝါးမျိုးဖြစ်၏။
အထူးသဖြင့် အသားဝါရောဂါ၊ကာမလာ၊ကုမ္ဘကာမလာရောဂါတို့ တွင် အသုံးပြု၏။
ထို့ အပြင် မြေဆီးဖြူသည် ရောင်တင်းမှုကိုလည်း လျော့ကျစေ၏။နာကျင်ကိုက်ခဲမှုကိုလည်း သက်သာစေ၏။
အထူးသဖြင့် အနှစ်ဆီကို သုံးပါ။မြေဆီးဖြူသည် အစာစားလိုစိတ်ဖြစ်၏။အဆိပ်ဒေါသ ကို ခြေဖျက်ပေးရသည်မှာ
အင်္ဂါတို့ မှာ အသည်းနှင့်ကျောက်ကပ်တို့ ဖြစ်၏။မြေဆီးဖြူသည် အဆိုပါအင်္ဂါများအား အဆိပ်၏ဒဏ်တို့ မှ
ကာကွယ်ပေး၏။
မုန်လာဥဖြူ(အမြစ်၊အစေ့)
          မုန်လာဥသည် အကြီးအသေး ၂ မျိုးရှိ၏။ ၂ မျိုးစလုံးပင် ဆေးဖက်ဝင်၏။ကြေကျက်လွယ်၏။ထက်မြက်၏။
ဝမ်းမီးတောက်၏။ဆီးဝမ်းရွှင်စေ၏။ဒေါသသုံးပါးလုံးကိုနိုင်သဖြင့် ဇရာကို ဆန့် ကျင်တားဆီးနိုင်၏။ကိုယ်ခံအားစနစ်ကို မြင့်မားစေ၏။အသည်းရောဂါ၊အသည်းရောင်အသားဝါတို့ ကို ပယ်ဖျောက်နိုင်စွမ်း၏။အကောင်းဆုံးဘက်တီးရီးယား
ပိုးသတ်ဆေးလည်းဖြစ်၏။
ဆူးပန်းလုံး(အစေ့)
          ဆူးပန်းလုံးသည် ယနေ့ ကမ္ဘာရိုးရာဆေးပညာလောကတွင် အသည်းရောင်ရောဂါနှင့်ပတ်သက်၍ နာမည်
အကြီးဆုံး ရုက္ခမူလဖြစ်သည်။၎င်းသည် အသည်းရောဂါအမျိုးမျိုးနှင့်အသည်းရောင်ဗိုင်းရပ်စ်ပိုးရောဂါတို့ အတွက်
ထိရောက်သော အာနိသင်ရှိ၏။အနှစ်ဆီကို ဖြစ်စေ၊အစေ့မှ ထုတ်ထားသော ဆေးတောင့်ကိုဖြစ်စေ အသုံးပြုနိုင်၏။
ဗောက်လောက်ညို(အသီး၊အပင်)
          ဗောက်လောက်ညိုသည် ရုက္ခဆေးလောကတွင် ထူးခြားသည့် ဆေးပင်ဖြစ်၏။
၎င်းသည် ဒေါသသုံးပါးလုံးကို နိုင်၏။ကိုယ်တွင်းအင်္ဂါများရောင်ခြင်း၊အသည်းရောင်ခြင်း၊ရေဖျဥ်းရောဂါများ။
ပျို့ အန်၊ကြို့ ထိုး၊နှလုံးရောဂါများကို ပယ်ဖျောက်နိုင်၏။ဝမ်းပျက်ဝမ်းလျှောရောဂါ၊ပိုင်လိုရီဝမ်းေ၇ာဂါတို့ ကိုလည်း
ပယ်ဖျောက်စေနိုင်၏။
အသည်းရောင်ရောဂါဆေးနည်း
          အပင်ပဉ္စငါးပါးသတ္တုရည်ကို ၁၀ ကျပ်သားမှ ၁၅ ကျပ်သားအထိယူ၍ မီးနွေးနွေးဖြင့် နှင်းဆီရောင်ဖြစ်လာ
သည်အထိချက်ပါ။ထိုချက်ထားသော အရည်ကို အသည်းေ၇ာင်ဗိုင်းရပ်ပိုးရှိသူအား တိုက်ကျွေးပါက အလွန်အင်
မတန်ပင် နှစ်ကာလကြာမြင့်စွာက ဖြစ်နေသော နာတာရှည်အသည်းရောင်ရောဂါကိုပင် ဖြစ်စေကာမူ လျင်မြန်စွာ
ပယ်ဖျောက်နိုင်၏။
ရေဖျဉ်းေ၇ာဂါဆေးနည်း
          အပင်၏ အသီး။အရွက်၊အကိုင်းအခက်များကို သတ္တုရည်ထုတ်၍ ၂ ပဲသားမှ ၈ ပဲသားအထိ တစ်နေ့ တစ်ကြိမ်
သို့ နှစ်ကြိမ် အခြေအနေကြည့်၍ တိုက်ခဲ့ သော် ရေဖျဉ်းရောဂါနှင့်အမျိုးအစား များပြားစွာသော နှလုံးရောဂါတို့ ကို
ပယ်ဖျောက်စေနိုင်၏။
အမွှေးအကြိုင်များ
          အမွှေးအကြိုင်ပစ္စည်းများတွင် ငရုတ်သီး၊ငရုတ်ကောင်း၊သစ်ကြံပိုး၊ဇီယာ၊ဖာလာ၊ပဲနံသာ၊ချင်း၊မုန်းညှင်းစေ့
နနွင်း စသည်တို့ ပါဝင်၏။
          အမွှေးအကြိုင်တို့ သည် အသည်း၏ လုပ်ငန်းဆောင်တာတာဝန်ထမ်းထောင်မှုကို ပုံမှန်ဖြစ်စေ၏။
အသည်းရောင်ဗိုင်းရပ်စ်ပိုးများအပေါ်တွင်လည်း လွှမ်းမိုးနိုင်၏။
ဆင်တုံးမနွယ်
          အသက်ရှည်ဆေး၊ရသာယနဆေး၊ကိုယ်ခံစွမ်းအားမြှင်တင်ဆေးအဖြစ် တွင်ကျယ်စွာ အသုံးပြုကြ၏။
ပါစက တေဇောကို အားကောင်းစေ၏။ကိုယ်ခံစွမ်းအားဓါတ်မီးကိုလည်း တိုးတက်စေနိုင်၏။
အသည်းေ၇ာဂါကိုလည်းကောင်း၊ကိုယ်ရေ၀ါရောဂါ၊သွေးဒေါသနာ၊သွေးမတည့်သောရောဂါ၊အဆိပ်အတောက်ရော
ဂါ၊ကိုယ်တွင်းအင်္ဂါရောင်ရမ်းမှုကိုလည်းကောင်း အသည်းရောင်ဗိုင်းရပ်စ်ပိုးတို့ ကိုလည်းကောင်း အထူးဖယ်ရှားနိုင်ပါ
သည်။ဒေါသသုံးပါးကိုလည်း နိုင်နင်းသည်။ဆေးပစ္စည်းတို့ တွင် ဒေါသသုံးပါးနိုင်သော ဆေးပင်သည် အစွမ်းအာနိသင်
ရှိ၏။
သည်းခြေဒေါသကို ငြိမ်းစေသည့် ငါးဖယ်ငါးဆုပ်ဟင်း
        ငါးဖယ်သည် ငါးတကာတွင် ထူးခြားသော ငါးတစ်မျိုးဖြစ်၏။ငါးဖယ်သည် ချိုဆိမ့်လွန်သော ရသာရှိခြင်း၊ ရေအောက်တွင်သာ နေထိုင်ခြင်းကြောင့် အာပေါ၊ပထ၀ီဓါတ်လည်းအားကောင်း၏။ထို့ ကြောင်းငါးဖယ်သည် လေအား ကိုလည်း ကောင်းစေ၏။သွေးအားကိုလည်း ကောင်းစေ၏။ကျစ်လျစ်မာကြောသဖြင့် အသားအားကို လည်းကောင်း
စေ၏။သုက်အားကိုလည်း ကောင်းစေ၏။
          လူသား၏ ခန္ဓာကိုယ်တွင် သည်းခြေဒေါသ ဖောက်ပြန်သဖြင့် ဖြစ်ရသော ရောဂါများကာ လွန်စွာများပြား
လှပါသည်။သည်းခြေဒေါသ အပူဓါတ်အပြစ်ပြုသောအခါတွင် အသား၊အသွေး၊အကြော၊ရသရည်များ ပူလာ၏။ခြောက်
လာ၏။သည်းခြေသည် ဆီးအိမ်သို့ ဝင်၍ လောင်သော အခါ ဆီးသည် နည်းလာ၏။ပူလာ ၀ါလာ၏။ကျောက်ကပ်သို့ 
ဝင်၍ လောင်သော အခါ တင်းလာ၏။သည်းခြေဒေါသ သင့်ရောက်သော ခန္ဓာကိုယ်အစိတ်အပိုင်းမှန်သမျှ တင်းလာ၏
ပူလာ၏။နောက်ဆုံးဝမ်းမီးကို ၀င်သောအခါတွင် ခန္ဓာကိုယ်တစ်ခုလုံးလောင်၍ ဖျားလာ၏။တစ်ကိုယ်လုံးရှိအကြော
မှန်သမျှသို့ ဝင်လောင်ရာတွင် တင်းလာ၏။ညောင်းညာကိုက်ခဲလာ၏။တင်းရောင်ပူညောင်း ရောဂါအပေါင်းတို့  ကင်း
ပျောက်စေရန် သည်းခြေဒေါသ ဖောက်ပြန်မှုကို ငြိမ်းသတ်ပေးရာ၏။ငုပ်စွဲလောင်နေသော အပူရှိန်ကို ပွင့် စေ၏။
ပွင့်စေနိုင်သော လမ်းကြောင်းကို ပွင့်စေပြီး ပြင်ပသို့ ထုတ်ပယ်ပေး၇ာ၏။အာကာသ ဓါတ်ကိုလည်း ရစေနိုင်ရာ၏။
ထိုအခါ သည်းးခြေဒေါသ ထွက်ပေါက်ရသဖြင့် ဆီးပူ၊သွေးပူ၊အဖျား၊အကြောတင်း၊အညောင်း၊အမျိုးသမီးများ မီးရပ်
သွေးပူ၊မီးရပ်ပူဆင်းခြင်း၊အမျိုးသားများဆီးပူခြင်း၊အဆုတ်။အသည်း၊နှလုံး၊အူသိမ်၊အူမ တင်းရောင်ခြင်းမှစ၍ အဖျား
ရောဂါ၊လည်းချောင်းနာ၍ ချောင်းဆိုးခြင်း၊ပါးစပ်ကွဲရောဂါ စသည့် သည်းခြေ ဒေါသဆိုင်ရာ ရောဂါအရပ်ရပ်ကို ငါးဖယ်
ငါးဆုပ်ဟင်းဖြင့် ပျောက်ကင်းစေနိုင်ပါသည်။
ငါးဖယ်ငါးဆုပ်ဟင်း
ငါးဖယ်ခြစ်                ၂၅ ကျပ်သား
ကြက်သွန်နီဥကြီး        ၂ လုံး
ကြက်သွန်ဖြူဥ           ၂ လုံး
ငရုတ်သီးအပွခြောက်   ၅ တောင့်
ဆီ                         ၂ ကျပ်သား
ခရမ်းချဉ်သီး             ၁၀ ကျပ်သား
တို့ ကိုယူ၍ ငရုတ်သီး။ကြက်သွန်နီတို့ကို ဆုံတွင်ထည့်၍ ညက်အောင်ထောင်းပါ။ညက်၍ တ၀က်ခွဲပြီး ခြစ်ထားသော
ငါးဖယ်ခြစ်များထဲသို့  ထည့်၍ နယ်ပါ။လိုအပ်သော ငန်ပြာရည်၊ဆားတို့ ကို ပါရေထည့်နယ်ပြီး ထောင်းပါ။ငါးဖယ်သား
များညက်၍ စေးပိုင်လာအောင်ထောင်းပါ။များများထောင်းနိုင်လေပိုကောင်းလေဖြစ်၏။သာယာဖြေးညှင်းတေဇောသွင်း
ခြင်းဖြစ်၏။
          ပြီးလျှင် ငါးဖယ်သားများကို အပြားအလုံး လုပ်ပါ။ဒယ်အိုးပေါ်ဆီထည့် ဆီဆူပါက ထောင်းထားသော
ငရုတ်သီး ဆီသတ်ပါ။ဆီမွှေးလာလျှင် ငါးဖယ်များထည့်ပါ။ခပ်ထပ်ထပ်ဖြစ်လာပါက ခရမ်းချဉ်သီးတို့ ကိုယူ၍ အနှစ်ဖြစ်အောင်လုပ်ပါ။ရေနည်းနည်းထည်ြ့ပီး အုပ်ထားပါ။ဆီပြန်ပါက စားလို့ ရပါပြီး။
ဆီးရောဂါ၊သွေးအန်သွေးလျှံရောဂါ၊အသည်းရောင်ရောဂါ စသည့် ရတ္တပိတ်ရောဂါတို့ ကို ပျောက်ကင်းစေသည့်
ကြက်သားနှင့် ကျောက်ဖရုံသီးဟင်း
        ကျောက်ဖရုံသီးသည် လူသား၏ ခန္ဓာကိုယ်တွင် နှစ်ရှည်လများ ကိန်းအောင်းနေသော သွေးသည်းခြေ
တို့၏ ငုပ်ခိုး၊ပုပ်ခိုး ကို ကောင်းစွာ စုပ်ယူခြေဖျက်နိုင်သည့်အပြင် ခန္ဓာကိုယ်တွင်း ရောဂါပြီးစနစ်၏ စွမ်းအားများ
ကို ကောင်းစွာတိုးတက်စေသည့်အပြင် အခြားတစ်ပါးသော ရောဂါဘယများ လွယ်ကူစွာ မ၀င်ရောက်နိုင်တော့ပဲ
ရောဂါတို့ကို ကြိုတင်ကာကွယ်ပြီးသား ဖြစ်သွားနိုင်သည်။
          အာယုဗ္ဗေဒ ဆေးကျမ်းတို့ တွင် ကျောက်ဖရုံသီးသည် ဆီးကိုများစေ၏။ဆီးအိမ်ကို စင်ကြယ်စေ၏။
နှလုံးကို အကျိုးပြု၏။ကျောက်တည်ခြင်းကို နိုင်၏။လေနှင့်သည်းခြေဖောက်ပြန်ခြင်းကို နိုင်၏။အသီးစိမ်းသည် ဓါတ်သုံး
ပါးကို နိုင်၏။အသီးမှည့်သည် ဒေါသသုံးပါးကို နိုင်၏။ချောင်းဆိုး၊ပန်းနာရင်ကြပ်၊သံပိုး၊တုတ်ပိုး၊ရောဂါများကို ပျောက်
ကင်းစေ၏။ဒေါသသုံးပါးနိုင်သည့် အပင်သည် အလွန်အစွမ်းထက်သည်။
          အသီးရင့်ပြီးမှည့်မှ ကောင်း၏။တေဇော၊၀ါယော ဦးဆောင်မှုများလာ၏။အသီးအသားကို ကြည့်ပါ။အူတိုင်များ
ကြီးထွားလာပြီး အခေါင်းကျယ်လာခြင်း အသားဖြူလာခြင်း တို့ကို တွေ့ နိုင်ပါသည်။တေဇော၊အာပေါ၊၀ါယောတို့ သည်
အဖြူဓါတ်များဖြစ်လာပြီး ဒေါသသုံးပါကို နိုင်ခြင်းဖြစ်၏။
          ထို့ ကြောင့် ကျောက်ဖရုံသီးရင့် သည် မီးလွန်လေလွန်၊တေဇောလွန်၊၀ါယောလွန်၊အပုပ်အခိုးလွန်သော
စိတ်ရူးသွပ်သောရောဂါအတွက် ကျောက်ဖရုံသီးနှင့် ၀က်သားကိုချက်၍ ၀အောင်စားပါက စားပြီးသည်နှင့်
အိပ်ပျော်သွား၏။အထက်သို့ တက်နေသော မီးလေအပုပ်အခိုး တို့ ကို ငြိမ်းသွားသောကြောင့်ဖြစ်သည်။
          ကြက်သားနှင့်ကျောက်ဖရုံသီးသည် အပူအအေး၊အတက်၊အသက်၊အဖွင့်၊အပိတ်၊အပြည့်အဖျက်တို့ ညီမျှသော
ကောင်းမွန်သည့် အာဟာရ ဓါတ်စာဖြစ်သဖြင့် လူသားတို့ အား ကောင်းစွာ အကျိုးပြုနိုင်မည်ဖြစ်ပါသည်။
                   ကျောက်ဖရုံသီး ကြက်သားချည်ရည်ဟင်း
ကျောက်ဖရုံသီး                   ၂စိတ်
ကြက်သား(တောင်ပံ)  ၁၀ ကျပ်သား
ငရုတ်သီး                 ၃ တောင့်
ကြက်သွန်နီ              ၃ ဥ
ကြက်သွန်ဖြူ             ၁ ဥ
ခရမ်းချဉ်သီး             ၃ လုံး
မန်ကျည်းသီးမှည့်       သင့်ရုံထည့်ပါ
ဆား။ငံပြာ/ရည်         ၂ ကျပ် ၈ ပဲသား
ဆီ                         ၂ ကျပ် ၈ ပဲသား
အသည်းကျွတ်ခြင်း၊အသည်းရောင်ခြင်း၊ရေဖျဉ်းနှင့်အဖျဉ်းရောဂါ အမျိုးမျိုးတို့ကို ပျောက်ကင်းစေသည့်
သပြုသီးနှင့် ၀က်နံရိုးဟင်းချို
          ရင်ဝထိုးအောင့်သောရောဂါ၊မောပန်းခြင်း၊အပူပြင်းထန်သော အဖျား၊ချောင်းဆိုးရောဂါ၊အပူချောင်း၊
ချောင်းခြောက်ဆိုးခြင်း၊အပူလွန်အဖျား၊အဆိပ်သင့်သောအနာ၊ဒူလာသွေးဝမ်း၊မီးယပ်သွေးဝမ်း၊သွားကိုက်
သွားနာ၊ပွေးဝဲနှင်းခူများကို ပျောက်ကင်းစေသည်။အသည်းအဖျဉ်းရောဂါကိုလည်း ပျောက်ကင်းစေသည်။
အထူးခြားဆုံးအာနိသင်မှာ ခွေးရူးပြန်ရောဂါကို ပျောက်စေတတ်သည်။ခွေးကိုက်ခံရသည်နှင့် သပြုသီးကို
ဖြစ်စေ၊သပြုခေါက်ကိုဖြစ်စေ အနာပေါ်လိမ်းပေးခြင်း၊စားသောက်ခြင်းများပြုလုပ်ပါက အနာအမြန်ကျက်ပြီး
ခွေးရူးပြန်ခြင်းလုံးဝ မဖြစ်နိုင်ပါ။
          လူသား၏ ခန္ဓာကိုယ်တွင် အဆိပ်အတောက်များကို အဓိက ဖယ်ရှားရသည့် အင်္ဂါအစိတ်အပိုင်းမှာ အသည်း
ဖြစ်၏။အသည်းထိခိုက်ပျက်စီးရမှု မှန်သမျှသည် ခန္ဓာကိုယ်တွင်းဝင်လာသည့် မလိုလားအပ်သော အဆိပ်အတောက်
ကို ဖယ်ရှားရခြင်းစသည့် ကြီးမားပြင်းထန်သော အလုပ်များကို လုပ်ကိုင်ရသောကြောင့် ဖြစ်၏။
          နောက်ဆုံးအသည်းကောင်းစွာ အလုပ်မလုပ်နိုင်သော အခါတွင် အသည်းရောင်ခြင်း။အသည်းကျစ်ခြင်း၊ရေ
ဖျဉ်းဖြစ်ခြင်း စသည့်ရောဂါဆိုးများ ဖြစ်ပေါ်လာ၇ခြင်းဖြစ်၏။ထိုရော၈ါများအတွက် သပြုသီးနှင့် ၀က်နံရိုးဟင်းချိုရည်
သည် ကောင်းစွာထောက်ပံ့အားပေးပြီး ရောဂါကို ပျောက်ကင်းစေနိုင်ကြောင်း တွေ့ ရှိရပါသည်။
          သပြုသီးနှင့် ၀က်နံရိုးဟင်းချို
သပြုသီးမှည့်ရင့်ရင့်               ၁ လုံး
ဝက်နံရိုး                            ၁၀ ကျပ်သား
ဆီ                                   အနည်းငယ်
်ကြက်သွန်ဖြူ၊နီ၊ဆား၊ချင်း        သင်ရုံ
ငရုတ်သီး        လုံးဝမထည့်ရ
ဝက်နံရိုးများကို ကြေမွသွားအောင် ခုတ်စဉ်းထုထောင်း၍ အရွယ်တော်အတုံးများတုံးပါ။ ဆားနယ်ပါ။ဆီ၊ကြက်သွန်ဖြူ
နီ၊ချင်းတို့ ကို ထုထောင်းပြီးရောနယ်ပါ။ ဒယ်အိုးထဲထည့်လုံးပါ။ရေသန့် သန့် ထည့်ပြီး ဆူအောင်တည်ပါ။ရေဆူလျှင်
သပြုသီး အမှည့်များကို အမြှောင်းလိုက်လှီး၍ ထည့်ပါ။နူးပါက ကုန်အောင်စားပေးရပါမည်။
နှလုံးရောဂါနှင့် အသည်းရောင်အသားဝါရောဂါတို့ အတွက် ၀က်သား၊ကြွက်နားရွက်ဟင်းလျာ(ပေါင်း)
        တစ်မျိုးခြင်းပုံမှန်စွမ်းအား ကိုသာ ပေးစွမ်းနိုင်သော်လည်း အစားအစာ နှစ်မျိုးသုံးမျိုးပေါင်းစပ်လိုက်သောအခါ
ယခင်က မပေါ်ထွက်ဖူးသေးသည့် စွမ်းအားသစ်ဖြစ်သော သဘာဝသတ္တိထူးတစ်ခု ပေါ်ထွက်လာပါသည်။ဝက်သား
သည်အသည်းရောင်အသားဝါရောဂါတွင် အပူကြောင့်ဖြစ်သဖြင့် ၀က်သားသည် အကျိုးပြုနိုင်၏။နှလုံးရောဂါကို အ
ကျိုးပြုနိုင်၏။ကြွက်နာရွက်သည် ဒေါသသုံးပါးလုံးကို နိုင်၏။အသက်ကို ရှည်စေ၏။ကိုယ်ခံစွမ်းအားတို့ ကို ကောင်းမွန်
စေ၏။
ထို့ ကြောင့် ၀က်သားကြွက်နားရွက်ဟင်းလျာသည် နှလုံး။အသည်းရောဂါတို့အတွက် ကောင်းစွာ အကျိုးပြုနိုင်
သည်။
ဝက်သားကြွက်နားရွက်ဟင်း(ပေါင်း)
ဝက်သားအသားသက်သက်              ၁၀ ကျပ်သား
ကြွက်နားရွက်                               ၁ ကျပ်သား
တရုတ်ဆီးသီး  (အနီ၊အမည်း)           ၁ ကျပ်သား
ဆီ                                             စားပွဲဇွန်း ၂ ဇွန်း
ကြက်သွန်ဖြူနီ                              ၃ ဥ
ဆား၊ငံပြာရည်၊သကြား                    သင်ရုံ
ငရုတ်ကောင်းမှုန့် 
ဝက်သားကို ရေဆေး၍ နုပ်နုပ်စင်းပါ။ကြက်သွန်ဖြူနီတို့ကိုလည်း စဥ်းပါ။ကြွက်နား၇ွက်ကို လှီးထားပါ။ဆားသကြား
ငရုတ်ကောင်းမှုန့် ၊ငံပြာရည်တို့ ဖြင့် နှံ့ အောင်နယ်ပါ။တရုတ်ဆီးသီး အနီ၊အနက် ထည့်၍ အသားများအားလုံးအား
ပေါင်းအိုး သို့  အဖုံးပါသော ခွက် သို့ ချို င့်တွင်ထည့်ပြီး အဖုံးဖုံး၍ ရေနွေးအိုးတွင်ထည့်၍ ပြုတ်ပါ။အသားများဆီသို့ 
ရေမ၀င်ရန်လိုသဖြင့် လေးသောပစ္စည်းတစ်ခုခုဖြင့် ဖိထားပါ။အသားကျက်လောက်လျှင် ချ၍ သုံးဆောင်နိုင်ပါသည်။
ဆရာဦးဆက်ထွန်းလင်းရေးသားသော အသည်းရောဂါများနှင့် ရိုးရာဆေးပညာစာအုပ်မှ ကောက်
နုတ်ချက်    
No comments:
Post a Comment
Related Posts Plugin for WordPress, Blogger...