စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အတုယူစရာ ဦးဇော်ဇော်အလှူ



FOREVER FRIENDS မှ ကိုဖြိုး ၏ POST ကို ကူးယူတင်ပြပါသည်
# Posted by Ko Phyo on ဧပြီ 22, 2012 at 7:02pm
ရန်ကင်းမြို့နယ်၊ သစ္စာလမ်းမပေါ်ရှိ ယခင် သတ္ထုတွင်းဝန်ကြီးဌာန၀န်ကြီးရုံးနှင့် လက်အောက်ခံဌာနများ အဖြစ် ဖွင့်လှစ်ခဲ့သော ရုံးအဆောက်အဦးများကို ခုတင်(၅၅၀)ဆံ့ ကလေး အထူးကု ဆေးရုံသစ်ကြီးအဖြစ်သို့ ပြောင်းလဲဖွင့်လှစ်ပွဲ ကျင်းပခဲ့ပါသည်။ အဆိုပါ ကလေးအထူးကု ဆေးရုံသစ်ကြီး၏ အကျယ်အ၀န်းမှာ မြေဧရိယာ(၉.၅)ဧက ကျယ်ဝန်းပါသည်
ယခင်က သတ္တုတွင်းဝန်ကြီးဌာန ၀န်ကြီးရုံးနှင့် လက်အောက်ခံဌာနများအဖြစ် ဖွင့်လှစ်ခဲ့သည့် အဆောက်အဦးအား ပြန်လည်ပြုပြင် တည်ဆောက်ခြင်းဖြစ်ပြီး ဆေးရုံအတွက် လိုအပ်သည့် အဆောက်အဦးများကို အသစ်ထပ်မံ တည်ဆောက်ထားခြင်း ဖြစ်ကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ကုမ္ပဏီများမှလည်း ဆေးရုံသစ်ကြီးအတွက် လိုအပ်သလို အသုံးပြုနိုင်ရန် အလှူငွေများ ထည့်ဝင်ခဲ့ရာ စုစုပေါင်း ကျပ်ငွေသိန်း ၇၀၀၀ ကျော်ထိ လှူဒါန်းခဲ့ကြကြောင်း သိရသည်။
တစ်နှစ်အတွင်းတွင် လက်ရှိအဆောက်အဦးကို မွမ်းမံပြုပြင်ပြီး အသစ်လိုအပ်သည်ကိုအသစ်ထပ်မံ တည်ဆောက်ခဲ့သော နိုင်ငံတကာအဆင့်မှီ ကလေးဆေးရုံ တစ်ခုဖြစ်ကြောင်း၊ ယင်းဆေးရုံကို ဆေးတက္ကသိုလ် ကျောင်းသားများ၏ သင်ကြားရေးဆေးရုံ အဖြစ်လည်း အသုံးပြုမှာဖြစ်ကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံ လူဦးရေ၏ ၆၀ ရာခိုင်နှုန်းကျော်မှာ မိခင်နဲ့ကလေးများ ဖြစ်ပြီး ယခင်က ရန်ကုန် ကလေးဆေးရုံကြီး တစ်ခုတည်းရှိခဲ့သည့်အတွက် လွန်ခဲ့တဲ့နှစ်က ဆေးကုသမှု ခံယူခဲ့တဲ့ အရေအတွက်ဟာ ဆေးရုံက လက်ခံနိုင် သည်ထက် ပိုခဲ့ပြီး အတွင်းလူနာအဖြစ် ကလေး ၈၀၀ ခန့် ကုသပေးခဲ့ရသည်။
ယခုဆေးရုံသစ်ကြီး၏ ပင်မအဆောက်အဦး ၁ မှာ လေးထပ်ဖြစ်ပြီး စုစုပေါင်း ကုတင် ၃၇၀၊ အထူးသီးသန့်ခန်း ငါးခန်းနှင့် ဓာတ်လှေ ကား နှစ်စီး ပါဝင်ကြောင်း သိရသည်။ ပင်မအဆောက်အဦး ၂ မှာ သုံးထပ် အဆောက်အဦဖြစ်ပြီး စုစုပေါင်း ကုတင် ၁၈၀၊ သီးသန့်ခန်း ၂၄ ခန်းနှင့် ဓာတ်လှေကား တစ်စီး ပါဝင်ကြောင်း၊ အဆောက်အဦး ၃ မှာ နှစ်ထပ် အဆောက်အဦး ဖြစ်ပြီး ဓမ္မာရုံ၊ စာကြည့်တိုက်၊ ဈေးဆိုင်ခန်းများ၊ စားသောက်ဆိုင်ခန်းများ ပါဝင်ကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...