စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ငါးသလောက်ချက်စားကြမယ်

မင်္ဂလာပါရှင် တခုတလော စိတ်လေးနဲနဲရှုပ်နေတာနဲ့ဘလော့လေးလာလည်ကြတဲ့သူတွေပျင်းနေလောက်ရောပေါ့နော်။။
မပျင်းရလေအောင်ဟင်းချက်ကျွေးမယ်နော်။.. ကြိုက်သလောက်စားပါ အ၀စားပါ။။

ငါးသလောက်နောက် ဆား ၊နနွင်း ၊ ငံပြာရည် ၊အချိုမှုန့် နယ်ထားထားပါ။။

ကြက်သွန်နီ ဆီသက်ပါ အရောင်နီလာရင်ငရုပ်သီးမှုန့်ထည့်ပါ ငါးသလောက်ချက်ရင်လမင်းကြက်သွန်ဖြူမသုံးပါ။။။
ကြိုက်ရင်သုံးနိုင်ပါတယ် ဒါဆီသက်ပြီ ငါးထည့်လိုက်ပါပြီ။။ အနံမွှေးလာရင်ငါးဆိုတာကျက်ပါပြီး
လမင်းခရမ်းချဉ်သီးသုံးပါတယ်။။ မန်ကျည်းရည်နဲနဲထည့်ပါတယ် ။။ ချတော့မယ်ဆို နံနံပင်အုပ်လိုက်ပါ။။

ဒါကတော့အဆင်သင့်စားလို့ရပါပြီ ငါးသဘောက်ကို အများကတော့ပေါင်းစားကြပါတယ် အရိုးကြောက်ကြလို့ပါ
လမင်းကတော့အခုလိုလေးချက်စားတာပိုကြိုက်ပါတယ် အရိုးလည်းခဏခဏဆူးပါတယ် :P
ဟင်းချက်လည်းမတင်ဖြစ်တာကြာတော့ ရိုက်ထားမိတာလေတင်ပေးလိုက်တာပါ။။
အခုတလောဝိတ်ချနေတာဆိုတော့ ဟင်းသိပ့်ချက်မစားဖြစ်တာလေ ချက်မိရင်စားမိတယ်။။ စားမိတော့ သိတဲ့အတိုင်းပဲ :D

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...