စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရန်ကုန်က ရေခဲကမ္ဘာ ( Ice Wonder Land ) သို့ အလည်တစ်ခေါက်

ရေခဲကမ္ဘာ ( Ice Wonder Land ) သို့ အလည်တစ်ခေါက်

ရန်ကုန်မြို့ မှာ ရေခဲကမ္ဘာ ဖွင့်တယ်လို့  ကြော်ငြာတာနဲ့  တူမလေးက လိုက်ပို့ ဖို့  ပူဆာပါတယ်...
မသွားခင် ရုံးမှာ ရေခဲကမ္ဘာရောက်ဖူးတဲ့သူကို စုံစမ်းမေးမြန်းရပါတယ်...


အထဲမှာ အရမ်းအေးကြောင်း၊ လက်၊ ခြေထောက်များ အေးလာကြောင်း၊ အထဲမှာ ဓါတ်ပုံရိုက်ရင်း ခလုတ်နှိပ်မရတော့ကြောင်း စတဲ့အချက်တွေ သိရပါတယ်...


ဒါကြောင့် နှစ်ထပ်အကျီင်္ဝတ်သွားပါတယ်... လက်အိတ်နဲ့ Magic Scarf ကို ဆောင်သွားပါတယ်...


လွမ်းသွားတာ ၀၆-၀၃-၂၀၁၂ နေ့  ရွှေတိဂုံဘုရားက အပြန်ဝင်တာမို့  ကြားရက်ဖြစ်တော့ တစ်ယောက် ၄၀၀၀-ကျပ်ပဲ ပေးရပါတယ်...


ရုံးပိတ်ရက်ဆိုရင် ၀င်ကြေးက လူကြီး - ၅၀၀၀-ကျပ်၊ ကလေး - ၃၀၀၀ ကျပ်ပါ...


အထဲဝင်တော့ ကုတ်အကျီင်္ ပေးပါတယ်... ဖွင့်တာမကြာသေးတော့ အကျီင်္တွေက သစ်ပါတယ်...


လွမ်းသွားတာ လွမ်းမမကြီးနဲ့  တူမလေးနဲ့ ဆိုတော့ (၃)ယောက်ပါ... ကင်မရာ တစ်ယောက်တစ်လုံးယူလာပါတယ်...


အထဲရောက်တော့ ရေခဲနဲ့  လုပ်ထားတဲ့ အရုပ်တွေကို အခန်းလေးတွေ ခြားပြီး လုပ်ထားပါတယ်...


သူငယ်ချင်းတွေအတွက်ပါ စိတ်ကူးပြီး ဓါတ်ပုံရိုက်ရင်း လွမ်း ကင်မရာ Error ဖြစ်သွားပါတယ်... Lens ပွင့်ရက်နဲ့  ပြန်ပိတ်လို့ လည်း မရတော့ပါဘူး... တော်ပါသေးရဲ့ ကင်မရာ နှစ်လုံးကျန်သေးလို့ ...


အထဲက ရေခဲရုပ်တွေ အရည်မပျော်ဖို့  အထဲမှာ အအေးလွှတ်ထားတာ ဘယ်လောက်အေးမလဲဆိုတာ ခန့် မှန်းကြည့်လို့ ရပါတယ်...


လွမ်းက အထဲရောက်တော့ လက်အိတ်ဝတ်တယ်... Magic Scarf ကို လည်ပင်းပတ်ထားလိုက်တယ်...


နောက်ဆုံးအခန်းမှာ ရေခဲလျှောစီးဖို့  နှစ်ဖက်လုပ်ထားပါတယ်... လက်မှတ်တစ်စောင်ကို တစ်ကြိမ်စီးခွင့်ပေးတာမို့  လွမ်းလည်း လျှောစီးခဲ့ပါသေးတယ်...


ရေခဲလျှောက အရမ်းမြန်တယ်လေ... အောက်မှာ လူတွေကာထားပေလို့ ပဲ... ၀င်တိုက်ပြီး ရပ်သွားတာ


အထဲမှာ ကြိုက်သလောက်နေခွင့်ပေးထားပါတယ်... လွမ်းတို့ က အထဲမှာ ၂-ပတ်လောက်ပတ်ပြီး ဓါတ်ပုံရိုက်နေတာ...


သူငယ်ချင်းတွေအတွက် ဓါတ်ပုံရိုက်လာတာတွေကို ဝေမျှလိုက်ပါတယ်...
































သူငယ်ချင်းတို့ သွားမယ်ဆိုရင် အကျီင်္ထူထူဝတ်သွားပါ... လက်အိတ်၊ ခြေစွပ်များ ၀တ်လျှင် ပိုကောင်းပါတယ်...


အထဲက အပြင်ရောက်ရင် ရေနွေးကြမ်း အလကားတိုက်ပါတယ်... အပြင်ခန်း Air Con. နဲ့  ခဏနေပါ... ရုတ်တရက် အပြင်ဖက်ကို မထွက်သင့်ပါ...


မိမိခန္ဓာကိုယ် ခံနိုင်ရည်ပေါ်မူတည်ပြီး နေထိုင်ဖို့ တော့ သတိပေးပါရစေ...


အလည်သွားရောက်သင့်သောနေရာလေးတစ်ခုအဖြစ် ရေးသားလိုက်ပါတယ်...





လွမ်းဧကရီ
၁၀-၀၃-၂၀၁၂
နံနက် ၇း၃၀နာရီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...