စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စိတ်ဓါတ်ခွန်အား....သူငယ်ချင်းများအတွက်facebookမှ


“ အပြင်ပန်းပုံသဏ္ဍာန်ကိုကြည့်ပြီး မဆုံးဖြတ်ပါနဲ့ - - - ဆင်းရဲသားတစ်ယောက်ရဲ့ ကုတ်အကျီင်္အတွင်းမှာလည်း ချမ်းသာတဲ့ နှလုံးသား ရှိပါတယ် ”

သက်တန့်ချို

( အပိုင်းအစ အချို့မှ )


“ ကိုယ့်မှာ ဘာရှိသလဲဆိုတာကိုပဲ တွေးပြီး ကျေးဇူးတင်ပါ ။ ကိုယ့်မှာ မရှိတာတွေ မရသေးတာတွေ တွေကိုတွေးပြီး စိတ်ဓါတ်မကျပါနဲ့ အနည်းဆုံးတော့ စီးဖို့ဖိနပ်တစ်ရံ ရှိနေခဲ့ရင် လမ်းလျှောက်တဲ့အခါ ဆူးညှောက်ခလုတ်တွေကနေ ကာကွယ်ပေးနိုင်မှာပါပဲ ”


တစ်နေ့မှာ ချမ်းသာတဲ့ ဖခင်တစ်ယောက်က သားဖြစ်သူကို ခရီးတစ်ခုကိုခေါ်သွားတယ် ။ သူ့သားကို တချို့သောလူတွေ ဘယ်လောက်ဆင်းရဲနေတယ်ဆိုတာ ပြသဖို့ပေါ့ ။ သူတို့ဟာ ဆင်းရဲတဲ့မိသားစုတစ်ခုရဲ့ ယာခင်းထဲမှာ အချိန်အတော်ကြာအောင်နေခဲ့ကြတယ် ။

အိမ်ပြန်တဲ့လမ်းမှာ ဖခင်ကပြောတယ် ။ “ သူတို့ ဘယ်လောက်ဆင်းရဲတယ်ဆိုတာသားသိပြီမဟုတ်လား သားဘာတွေ သင်ယူခဲ့သလဲ ”

သားဖြစ်သူကပြန်ပြောတယ် ။ “ ကျွန်တော်တို့မှာ ခွေးတစ်ကောင်ရှိတယ် သူတို့မှာ လေး...ကောင်ရှိတယ် ကျွန်တော်တို့မှာ ရေကူးကန်ရှိတယ် သူတို့မှာ မြစ်ပြင်ကြီးရှိတယ် ကျွန်တော်တို့မှာ အိပ်ခါနီးရင်ညအိပ်မီးတွေရှိတယ် ။ သူတို့မှာ ကောင်းကင်က ကြယ်တွေအများကြီးရှိတယ် ကျွန်တော်တို့ က အစားအသောက်တွေကို ၀ယ်စားရတယ် သူတို့က သူတို့ဘာသာ စိုက်ပျိုးပြီးစားတယ် ကျွန်တော်တို့မှာ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အဆောက်အဦးနံရံတွေလုပ်ထားရတယ် သူတို့မှာ သူတို့ကိုကာကွယ်ဖို့ သူငယ်ချင်းတွေရှိတယ် တရားစာအုပ်တွေရှိတယ် ဗဟုသုတအသိမြင်တွေရှိတယ် ”

ပြီးတော့ သားဖြစ်သူက ဖခင်ကိုကြည့်ပြီး “ ကျေးဇူးတင်ပါတယ် ဖေဖေ ကျွန်တော်တို့ဘယ်လောက်ဆင်းရဲသလဲဆိုတာ လိုက်ပြတဲ့အတွက်ပါ ” လို့ပြန်ပြောလိုက်တယ် ။

##############################################

ကျွန်တော်တို့ကို တကယ်ချမ်းသာအောင်လုပ်ပေးနေတာ ငွေကြေးတွေမဟုတ်ပါဘူး တကယ်တော့ ဘုရားသခင်ဖန်ဆင်းထားတဲ့ ရိုးရှင်းတဲ့ လူနေမှုဘ၀တွေကသာ ကျွန်တော်တို့ တကယ်ချမ်းသာပိုင်ဆိုင်တဲ့အရာတွေပါ ။ ကိုယ်ဟာ ဆင်းရဲနေပေမယ့်စိတ်ဓါတ်ကျဖို့မလိုပါဘူး ကိုယ့်မှာ အိပ်စက်စရာ ကမ္ဘာမြေကြီးရှိတယ် လုံခြုံတဲ့ကောင်းကင်ကြီးရှိတယ် ညဖက်ဆိုရင် ညအိပ်မီးကြယ်ကလေးတွေရှိတယ် အဲကွန်းထက်ကောင်းတဲ့ လေနုအေးလေးတွေရှိတယ် ။ ချမ်းသာအောင်လူနေမှုအဆင့်အတန်းမြင့်မားအောင်ကြိုးစားကြရမယ်ဆိုတာ မှန်ပေမယ့်လည်း လူ့ဘ၀ရဲ့ တကယ့်အနှစ်သာရကိုတော့ကျွန်တော်တို့သိဖို့လိုတယ် ။

တခါတုန်းက ကြွက်တစ်ကောင်ဟာ နံရံတစ်ခုရဲ့ အကွဲကြောင်းကို ဖြတ်သန်းပြီး လယ်သမား နဲ့ သူ့ဇနီး အထုပ်တစ်ထုပ်ဖြည်နေတာကို ချောင်းကြည့်နေခဲ့တယ် ။ “ ဒီအထုပ်ထဲမှာ ဘာစားစရာတွေများ ပါမှာပါလိမ့် ” ကြွက်ဟာ သိချင်စိတ်တွေပြင်းပြနေခဲ့တယ် ။ သူဟာ အထုပ်ကို အသေအချာကြည့်လိုက်တဲ့အခါမှာတော့ အဲဒါဟာ ကြွက်ထောင်ချောက်တစ်ခုဖြစ်နေတဲ့အတွက် အလွန်ကို စိတ်ဓါတ်ကျသွားခဲ့ရတယ် ။

ဒါနဲ့ ကြွက်ဟာ ခြံဝိုင်းထဲ ပြန်လာပြီး အသံကျယ်ကျယ်နဲ့အော်ပြေ...ာလိုက်တယ် ။ “ အိမ်ထဲမှာ ကြွက်ထောင်ချောက်တစ်ခု ရှိတယ် -- အိမ်ထဲ မှာ ကြွက်ထောင်ချောက်တစ်ခုရှိတယ် !! ”

အဲဒီအခါ ကြက်ဖ က ကတော်ကတော်ဆိုပြီးအ သံပေးပြီး မြေကြီးကို ဒေါသတကြီး ခြစ်ကုတ်လို့ ဦးခေါင်းကို မော့ပြီး ပြောလိုက်တယ် ။ “ ဒီမယ် မောင်ကြွက် ဒါဟာ မင်းနဲ့ပဲ ဆိုင်တဲ့ အရေးကြီးအကြောင်းအရာဖြစ်တယ် ငါတို့နဲ့ ဘာမှ မဆိုင်ပါဘူး ဒါကြောင့် မင်းဘာသာ ငြိမ်ငြိမ်နေရင်ကောင်းမယ် ”

ကြွက်ဟာ ဒီလိုနဲ့ ၀က်ဆီကိုရောက်သွားပြီးပြောတယ် ။ “ အိမ်ထဲမှာ ကြွက်ထောင်ချောက်တစ်ခုရှိတယ် -- အိမ်ထဲမှာ ကြွက်ထောင်ချောက်တစ်ခုရှိတယ် !! ”

ဝက်ဟာ ခေါင်းခါလိုက်ပြီးကြွက်ကိုပြောတယ် ။ “ စိတ်မကောင်းပါဘူး မောင်ကြွက်ရယ် ငါမင်းအတွက် ဆုတောင်းပေးယုံကလွဲလို့ ဘာမှ လုပ်ပေးနိုင်စရာမရှိပါဘူး မင်းကိုငါဆုတောင်းပေးနေပါ့မယ် ”

ကြွက်ဟာ နွားဆီကိုသွားပြန်တယ် ။ “ အိမ်ထဲမှာ ကြွက်ထောင်ချောက်တစ်ခုရှိတယ် -- အိမ်ထဲမှာ ကြွက်ထောင်ချောက်တစ်ခုရှိတယ် !! ” လို့ပြောလိုက်တယ် ။ အဲဒီအခါနွားက ပြန်ပြောတယ် ။ “စိတ်မကောင်းပါဘူး မောင်ကြွက်ရယ် ငါလည်းမင်းကို ဘာမှ လုပ်ပေးနိုင်တာမရှိပါဘူး ”

အဲဒီညမှာ အိမ်ကြီးဆီကနေ အသံတစ်ခုကို ကြားလိုက်ရတယ် ။ ကြွက်ထောင်ချောက်မှာ သတ္တ၀ါတစ်ကောင်ကောင်မိနေတဲ့ အသံလိုမျိုးပေါ့ ။ ဒါနဲံ လယ်သမားရဲ့ဇနီးက ဘာအကောင်မိနေသလဲဆိုတာ သိဖို့ အမှောင်ထဲကို ပြေးထွက်သွားခဲ့တယ် ။ အမှောင်ထဲမှာတော့ -- အဆိပ်ရှိတဲ့မြွေတစ်ကောင်ရဲ့အမြှီးက ကြွက်ထောင်ချောက်ထဲ ညှပ်မိနေတယ်ဆိုတာ လယ်သမားရဲ့ဇနီးက မသိရှာခဲ့ဘူး ။ ဒါနဲ့ မြွေက လယ်သမားရဲ့ဇနီးကိုကိုက်လိုက်ပါတယ် ။

ဒီလိုနဲ့ လယ်သမားလည်း ပြာယာခတ်သွားပြီး သူ့ဇနီးကိုဆေးရုံကိုပို့ခဲ့တယ် ။ ဆေးရုံကနေ နည်းနည်းသက်သာလာပေမယ့် အဖျားက မပျောက်သေးပဲ ဆရာဝန်က စောင့်ကြည့်ဖို့ပြောတယ် ။

ဖျားနာနေတဲ့လူမမာအတွက် အကောင်းဆုံးက ကြက်စွပ်ပြုတ်ဟင်းရည်ဆိုတာ လူတိုင်းသိကြပါတယ် ။ လယ်သမားဟာ ပုဆိန်ကိုယူပြီး သူ့ဇနီးအတွက် လိုအပ်တဲ့ကြက်စွပ်ပြုတ်လုပ်ပေးဖို့ ခြံဝင်းထဲဆင်းသွားခဲ့တယ် ။ ကြက်ဖ ကိုသတ်ပြီး ကြက်စွပ်ပြုတ်အဖြစ်ပြောင်းလဲခဲ့တယ် ။

ဒါပေမယ့် လယ်သမားရဲ့ဇနီးဟာ အဖျားကနေမသက်သာလာပါဘူး ပိုပိုဆိုးလာခဲ့တယ် ။ သူငယ်ချင်းတွေနဲ့အိမ်နီးနားချင်းတွေက သတင်းလာမေးကြပြီး လူမမာမေးမှာ ထိုင်နေကြတယ် ။ သူတို့ကို ဧည့်ခံဖို့ လယ်သမားဟာ ၀က်ကိုသတ်ပြီးချက်ကျွေးခဲ့တယ် ။

လယ်သမားဇနီးဟာ ပြန်ကောင်းမလာခဲ့ပါဘူး ဒီလိုနဲ့ သူမ သေဆုံးသွားတယ် ။ နာရေးကို လူတွေလူတွေ အများကြီးလာကြတယ် ။ သူတို့အတွက်လုံလောက်တဲ့အသားကိုရရှိဖို့အတွက် လယ်သမားဟာ နွားကို သတ်ပြီး အမဲသားဟင်းကျွေးခဲ့တယ် ။

ကြွက်ဟာ နံရံ အကွဲကြောင်းထဲကနေ အဲဒီအဖြစ်အပျက်ကို မြင်ပြီး အလွန်ကို ၀မ်းနည်းစိတ်ထိခိုက်နေခဲ့ရတယ် ။

################################

ဒါကြောင့် သင်နောက်တစ်ခါ ပြဿနာတစ်ခု ကိုကြုံပြီဆိုရင် သင်တစ်ယောက်တည်းနဲ့ဆိုင်တယ်မဟုတ်ဘူးဆိုတာ သိထားပါ ။ မှတ်ထားဖို့က ကျွန်တော်တို့ထဲက တစ်ယောက်ယောက် ကြောက်နေပြီဆိုရင် ကျွန်တော်တို့အားလုံးလည်း အန္တရာယ်ရှိပါတယ် ။ ကျွန်တော်တို့ဟာ ဘ၀ လို့ခေါ်တဲ့ ခရီးရှည်ကြီးထဲမှာ အတူတူ ပါဝင်ပတ်သတ်နေကြတဲ့သူတွေပါ ။

- တခြားတစ်ယောက်ဘာဖြစ်နေသလဲဆိုတာ ကျွန်တော်တို့ မျက်စိဖွင့်နားစွင့်နေဖို့လိုပါတယ်
-တခြားတစ်ယောက်ဒုက္ခရောက်နေတာကို ကူညီဖို့ လိုပါတယ်
- စိတ်သာသာရာရအောင် အားပေးဖို့လိုပါတယ်
- ကျွန်တော်တို့ထဲက တစ်ဦးချင်းစီရဲ့ အသက်ကြိုးတွေဟာ တခြားလူတစ်ဦးချင်းစီရဲ့ မမြင်ရတဲ့ ကြိုးတွေနဲ့ ဆက်နွယ်ချည်နှောင်လို့ထားကြပါတယ် ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...