စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြန်မာ လူငယ်စုပေါင်းသွေးလှူဒါန်းပွဲ စတင်တော့မည့် အကြောင်း ဖိတ်ကြားခြင်း

 
မင်္ဂလာပါ 

ဧဒင်အဖွဲ့ဝင်များ သွေးလှုရန်စာရင်းပေးထားသူများ ၊ လုပ်အားပေးအဖွဲ့ဝင်များ ၊ အကူညီတောင်းလိုသူများ နှင့် လှူဒါန်းမည့်သူများခင်ဗျာ။

လာမယ့် ၁၁. ၃ . ၂၀၁၂ ( လာမည့် တနင်္ဂနွေနေ့) နံနက် ၁၀ နာရီတိတိမှာ ကျွန်တောတို့ မြန်မာလူငယ်များအားလုံး ရဲ့ ပထမအကြိမ်သွေးလှူဒါန်းပွဲ အခမ်းအနားကို စတင်တော့မှာ ဖြစ်ပါတယ် ။ ကျွန်တောတို့ မလေးရှားရောက် မြန်မာ လူငယ်များစုစည်းဖွဲ့စည်းတဲ့ ဒီပရဟိတ လူငယ်များ သွေလှူရှင်အဖွဲ့မှ ယခုလအတွင်း လုပ်ဆောင်မှု့များ နှင့် လှုပ်ရှားမှု့များကို အဖွဲ့ဝင်များ ပီတိ ဖြစ်စေရန် အလို့ငှာကျွန်တော် မှတ်တမ်းတင် အသိပေးရပါတယ်ခင်ဗျာ ....

၂၀၁၂ ဖေဖော်ဝါရီလ တစ်လစာအတွက် မလေးရှား ရှိ ဆရာတော် တစ်ပါး ပျံလွန်တော် မှု၍ အန္တိမ ဇာပန အခမ်းနားတစ်ခုနှင့် ဖုန်းဖြင့်အကူညီတောင်းလာသော နာရေး တစ်ခု ဆေးရုံ လူနာတစ်ယောက်ကို ကူညီပေးနိုင်ခဲ့ပြီး သွေးလှူဒါန်းပွဲ အခမ်းအနားအတွက် လိုအပ်ချက်များစွာနှင်အတူ Hospital of University Malaya ( Peteling Jaya ) - (မြန်မာ ဆေးကုလူနာများစွာ နှင့် မြန်မာ ဆရာဝန်များစွာ ရှိသည့်အတွက် ) ပထမဦးစားပေးအနေနဲ့ စတင်းလှူဒါန်းသွားမည်ဖြစ်ပါတယ် ။
ဖေဖော်ဝါရီလ အတွင်း မြန်မာ ပရဟိတ လူငယ်သွေးလှူရှင် အဖွဲ့မှ ဆောင်ရွက်ခဲ့သော ကူညီမှု့မှတ်တမ်းပုံများ 
KL ကိုတာရာယာ ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်၏ ဇာပန






လူငယ်ပရဟိတ အသင်းသို့ အကူညီတောင်းလာသော အရပ်သားဇာပန








အထက်ပါ အလှူ များကို ဖော်ဖေဝါရီလမှာ မြန်မာ လူငယ်ပရဟိတ အသင်းမှ လှူဒါန်းနိုင်ခဲ့ပြီး ဧဒင်အဖွဲ့သားများ ပီတိ ဖြစ်စေရန် ကျွန်တော်တို့ တင်ဆက်ပေးရပါတယ် ။
ဆက်လက်ပြီး မလေးရှားရောက် မြန်မာ လူငယ်များ မှ သွေးလှူရန် စာရင်းပေးပြီး လာမယ့် ၁၁ . ၃ . ၂၀၁၂ သွေးလှူဒါန်းပွဲအတွက်
ဧဒင်ဥယျာဉ်မှ အဖွဲ့သားများ များစွာ နှင့်အတူ မလေးရှားရောက်  မြန်မာ လူငယ် ၂၅၀ ကျော် က လာမယ့် တနင်္ဂနွေ (13.3.2012) မှာတရုတ်တမ်း လမ်းထိပ်ရှိ Chinese Assembly Hall မှာ သွေးလှူဒါန်းကြမည်ဖြစ်ပါတယ် ။
ဒါကြောင့် အသင်းဝင်ထားပြီးသားသူများသာမက မည်သည့်မြန်မာလူငယ်မဆို အထက်ပါ မြန်မာပရဟိတ လူငယ်သွေးလှူရှင် အသင်းသို့ လာရောက် ကူညီ လှူဒါန်းဖို့ လေးစားစွာ ဖိတ်ခေါ်ရင်း သွေလှူရန် စာရင်းပေးထားသူများ အတွက် အောက်ပါအစီအစဉ်များကိုအသိပေးအကြောင်းကြားရပါတယ် .....
ကျင်းပမည့်နေရာ   -  Chinese Assembly Hall (KL)
လမ်းညွှန်             - ချိုင်းနားတောင်း လမ်း ( Jalan Pataling ) အတိုင်းတည့်တည့်လျှောက်ဝင်လာပါရန် ။
ကျင်းပမည့် အချိန်  - နံနက် ၁၀ နာရီ စတင်ပြီး သွေးလှူဒါန်း ပြီးချိန်အထိ
ကျင်းပမည့်နေ့ရက်- ၁၁ . ၃. ၂၀၁၂ (လာမည့် တနင်္ဂနွေနေ့) 
သွေလှူဒါန်းပွဲကျင်းပမည့် နေရာ 
(Chinese Assembly Hall)
ဝင်လာရမည့် လမ်း (Jalan Pataling - ချိုင်းနားတောင်း လမ်း)
အောက်ပါလမ်းဆုံးအောင်လျှောက်ဝင်ခဲ့ပါရန်
အဖွဲ့ဝင် (သွေးလှူရှင်များနဲ့ လုပ်အားအလှူရှင်များ ၊ အလှူငွေအလှူရှင်များ ) အတွက် တူညီဝတ်စုံ ( Uniform ) ၊ အဖွဲ့ဝင်ကဒ် (Member Card) များ သွေးလှူဒါန်ပြီးပါက သွေးလှူရှင်မှတ်တမ်း ၊ စသည်တို့ကို အဖွဲ့မှ ထုတ်ပေးသွားမည်ဖြစ်သည့်အပြင် ... Hospital University Malaya ( မလေးရှားသက္ကသိုလ်ဆေးရုံ ) မှ သွေးလှူရှင်မှတ်တမ်းနှင့် ဆေးဝါးများ ၊ အားဖြည့်ဆေးများပြန်လည်ပေးအပ်သွားမည်ဖြစ်ပါတယ် ။
ယနေ့ ဒီ ပရဟိတ မြန်မာလူငယ်များအဖွဲ့ကို မလေးရှားတည်ဆဲဥပဒေအရ တရားဝင် မှတ်ပုံတင်သွားမည်ဖြစ်သည့်အပြင် ၊ ကျွန်တော်တို့ မြန်မာလူမျိုးများအတွက် ထိရောက်စွာ ကူညီရန် နှင့် မလေးရှား ရှိ မြန်မာနိုင်ငံသားများရဲ့ စိတ်ဓာတ် ၊ စေတနာ ကို ကျွန်တော်တို့ စုပေါင်း ဖော်ဆောင်ကြမည့် ဒီအဖွဲ့အတွက် ဧဒင်အဖွဲ့ဝင်များ တစ်တပ်တစ်အား ပါဝင်ဆင်နွဲ့ဖို့ ကျွန်တော် ဒီဘလော့နှင့်အတူ ဖိတ်ခေါ်လိုက်ရပါတယ် ခင်ဗျား ။
ကျွန်တော်တို့ ပရဟိတ မြန်မာလူငယ် အဖွဲ့စည်းတွင် မည်သူမဆို ၊ မည်သည့်နိုင်ငံသားမဆို ၊ မည်သည့်ဘာသာဝင်မဆို အောက်ပါအကူညီများတောင်းယူနိုင်ပါသည် ။
၁. အရေးပေါ်သွေးလိုအပ်ပါက
၂. ကျမ်းမာရေးအတွက် ဆေးကုသရန်၊ ဆေးရုံတက်သောအခါ စရံငွေလိုအပ်နေပါက
၃. မြန်မာနိုင်ငံသား များထဲမှ အကြောင်းအမျိုးမျိုးကြောင့်  မလေးရှားတွင် အသက်ဆုံးရုံးပါက နာရေးအတွက် အကူညီလိုအပ်ပါက
၎. မြန်မာနိုင်ငံသား များထဲမှ အနိုင်ကျင့်ခံ ၊ မတရား ခံရပါက 
ကျွန်တော်တို့ အဖွဲ့ကို ချက်ချင်း အကူညီတောင်းခံနိုင်သည် 




ထို့အတူကျွန်တော်တို့ အဖွဲ့မှ အောက်ပါ အလှူရှင် မြန်မာလူငယ်များ အရေးပေါ် လိုအပ်လျှက်ရှိပါသည် 
၁. အရေးပေါ်သွေးလိုသောအခါ လှူဒါန်းမည့် မြန်မာလူငယ်များ
၂. အခမ်းနားဖြင့် သွေးလှူဒါန်းသောအခါ ပါဝင်မည့် မြန်မာလူငယ်များ 
၃. အားလပ်ရက်များအတွင်း လုပ်အားဒါနပြုလိုသော မြန်မာလူငယ်များ 
၎. မြန်မာနိုင်ငံသားများ၏ အခက်ခဲများကို ကူညီသောအခါ လိုအပ်သောကုန်ကျမှု့များအတွက်သဒ္ဒါတရား အလိုက်တတ်နိုင်သောမည်သည့်ပမာဏဖြင့်မဆို လှူဒါန်းလိုသော  ငွေကြေး အလှူရှင် မြန်မာနိုင်ငံသားများ မြန်မာလူငယ်များ မြန်မာလုပ်ငန်းရှင်များ ကို ကျွန်တော်တို့ လိုအပ်လျှက်ရှိပါတယ် ။




ယနေ့အထိ ကျွန်တော်တို့ သွေး ၊  ချွေးနည်းစာလုပ်အားခ ဖြင့် ဖြူစင်စွာ လှူဒါန်းမည့် မြန်မာ့ပရဟိတ လူငယ်များ အစည်းအရုံးကို မည်သူမဆို မိမိသွေးဖြင့် ဖြစ်စေ ၊ လုပ်အားဖြင့်ဖြစ်စေ ၊ ငွေအားဖြင့်ဖြစ်စေ လှူဒါန်းလိုလျှင် (သို့) အဖွဲ့ဝင် ဖြစ်လိုလျှင်
အမှတ် ၁၁၈ ၊ Jalan Tun H.S Lee ၊ ဘန်ကောက်ဘဏ် အရှေ့ ၊
အောင်မြန်မာ မြန်မာစတိုး နှင့် မြန်မာရွာ မြန်မာစတိုး ဆိုင် ကြား ပထမထပ်
သို့လူကိုယ်တိုင် လာရောက်၍ုဖြစ်စေ ။
အောက်ပါ အဖွဲ့ဝင်များသို့ ဖုန်းဆက်အကြောင်းကြား၍ ဖြစ်စေ


အမည်
ရာထူး
   ဆက်သွယ်ရန် ဖုန်းနံပတ်
ကိုသက်
ဥက္ကဌ
 017 2838 470
ကိုဆန်းမင်းဦး
ဒုဥက္ကဌ
  016 3687 939
ကိုစိုးဝင်း
ရုံးအဖွဲ့မှူး
  016 6938 766
ကိုအော်စကာ
အတွင်းရေးမှူး
 016 6738 398
ကိုစိုးမိုးအောင်
အတွင်းရေးမှူး-၂
  0111 3033 475
ကိုကျော်မင်း
ဘဏ္ဍာရေးမှူး
  012 2165 872
ကိုကျော်သူ
ဘဏ္ဍာရေးမှူး-၂
  012 3653 130
ကိုတင့်ဇော် (ဇော်ဗွီဒီယို)
စာရင်းစစ်
  012 2651 729
ကိုမင်းမင်းသိန်း
စာရင်းစစ်
  016 2546 885
ကိုထိုက်
မီဒီယာ
  017 5137 930
ကိုမျိုး (ဧဒင်ဥယျာဉ်)
တာဝန်ခံ
  012 446 8842
ဒေါ်အေးအေးစိန်
နာယက
  012 3427 729
မစိမ်းမို့မို့
မီဒီယာ
  010 2667 513
ကိုကျော်ဇောလင်း
စည်းရုံးရေး
  012 6400 918



ဆက်သွယ်ပြီး ၊ အဖွဲ့ဝင် မှတ်ပုံတင်ခြင်း ၊ သွေးလှူဒါန်းခြင်း ၊ ငွေကြေးလှူဒါန်းခြင်း နှင့် လုပ်အားလှူဒါန်းခြင်းများကို
မြင့်မြတ်စွာလာရောက်လှူဒါန်းနိုင်ကြပါပြီခင်ဗျာ။
For More Information
Scan our Qr code

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...