စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အံမခန်း လှူဒါန်းသွားခဲ့သော မလေးရှားရောက်မြန်မာများ၏ သွေးလှူပွဲ မှတ်တမ်းဓာတ်ပုံများ


မင်္ဂလာပါ

ဒီဘလော့ကို ကျွန်တော်တို့ ဧဒင်ဥယျာဉ်မှူးများအဖွဲ့ နှင့်အတူ မလေးရှားရောက် ရွေမြန်မာ နိုင်ငံသားများရဲ့ အံမခန်း စေတနာများဖြင့် မလေးရှားမှဆေးရုံများပင် အံ့သြသွားစေခဲ့သော သွေးလှူဒါန်းမှု့ပွဲကြီးအား နိုင်ငံတကာ နှင့် မလေးရှားမှ အဖွဲ့ဝင်များသာမက မြန်မာ နိုင်ငံသားအားလုံး ဂုဏ်ယူသာဓုခေါ် ဝမ်းမြောက်ကြစေရန် အထူး တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ ။

ယနေ့ ၁၁.၃.၂၀၁၂ ခု တနင်္ဂနွေနေ့ နံနက် ၁၀ နာရီမှ စတင်ပြီး မလေးရှားရောက် မြန်မာ ပရဟိတလူငယ်များ သွေးလှူရှင် အဖွဲ့မှ မလေးရှားနိုင်ငံ ကွာလာလမ်ပူ ၊ ပတ်တလင်းဂျာရာ ရှိ ၊ Hospital University Malaya ( မလေးရှား သက္ကသိုလ် ဆေးရုံကြီး ) သို့ သွေးလှူဒါန်း သော အခမ်းအနားကို တရုတ်တန်း လမ်းထိပ်ရှိ Chinese Assembly Hall မှာ တစ်နေကုန် ကျင်းပခဲ့ပါတယ် ။

သွေးလှူဒါန်းပွဲမစတင်မီ မြန်မာနိုင်ငံနာရေးကူညီမှု့အသင်းကြီး မှ ဒုတိယ ဥက္ကဌ လည်းဖြစ် စာရေးဆရာမလည်းဖြစ်သူ ဒေါ်သန်းမြင့်အောင်မှ အသင်းကြီး၏ နာယက အနေဖြင့် နှုတ်ဆက်စကားနှင့် မြန်မာ ပရဟိတ အဖွဲ့ မလေးရှာတွင် ဖွဲ့စည်းနိုင်ခြင်း အတွက် ဝမ်းမြောက်ကြောင်းနှင့် အဖွင့်အမှာစကားကို အွန်လိုင်းမှတဆင့် Projector ဖြင့်ပြောကြားပေးသွားခဲ့ပါတယ် ။ ပြီးနောက် အသင်း ဥက္ကဌ ၊အတွင်းရေးမှူး ၊ တာဝန်ခံများ က ပရဟိတ သွေးလှူရှင်အသင်း ၏ လုပ်ဆောင်ချက်များနှင့်တကွ ဆက်လက်မည့်လုပ်ငန်းစဉ်များကို ပြောကြားသွားခဲ့ပါတယ် ။ 

ပြီသည်နှင့် မလေးရှားနိုင်ငံရောက် သားဖွားနှင့်မီးယပ် အထူးကု ပါရဂူ ဆရာမကြီး ဒေါ်တာစီလေးခိုင်မှ သွေးလှုဒါန်းရခြင်းအတွက်မည်သို့သော လူနာများ၏ အသက်ကို ကယ်တင် နိုင်ကြောင်း ယနေ့အထိ သွေးအား အစားထိုးနိုင်သော ဆေးဝါး မပေါ်ပေါ်က်သေးကြောင်းနှင့် သွေး လှူရန် လိုအပ်ချက်များ သွေလှူပြီး နေထိုင်မှု့များကို ရှင်းလင်းပြောကြားပေးသွားပေးခဲ့ပါတယ် ။

နိုင်ငံတကာရောက်မြန်မာ နိုင်ငံသားများနှင့် ယနေ့ ဒီဘလော့ကို ဖတ်နေသော အဖွဲ့ဝင်များခင်ဗျာ .....
ကျွန်တော်တို့ မထင်မှတ်ထားသော အလှူရှင် ပမာဏ များစွာဖြင့် သွေးထုတ်စရာ အိတ်မလောက်တော့သည်အထိ စေတနာသန့်သန့် ၊ မျှော်လင့်ချက် မဲ့ ၊ ပီတိစားပြီး သဒ္ဒါသရား ထက်သန်စွာဖြင့်  မြန်မာတွေရဲ့သြချရလောက်တဲ့ စိတ်ဓာတ်ကို ပြသ သွားခဲ့ကြပါတယ် ။

ပထမ ကျွန်တော်တို့ ရာထားချက် သွေး အထုတ် ၅၀ သာ ခန့်မှန်းပြင်ဆင်ထားခဲ့သော်လည်း သွေးစစ်ပြီး လှူဒါန်း နိုင်သော အလှူရှင် များစွာ များစွာ က သွေလှူရန် အသင့်ဖြစ်နေကြသည်မှာ ထိုင်ခုံမလောက် ၊ မတ်တတ်ရပ် ၊ ကုတင်မလောက် ထိုင်စောင့်ရုံသာမက သွေးစစ်သော ဓာတ်ခွဲခန်းမှူးများ ၊ ကျမ်းမာရေး စစ်ဆေးပေးသော ဆရာဝန်ကြီးများ ၊ သွေးဖောက်ထုတ်မည့် အကူသူနာပြုများ မျက်လုံးပြူးရသည်အထိ တိုးကြိတ်လှူဒါန်းသွားခဲ့သည်မှာ သွေးဖောက်ထုတ်ရန် အိတ်မလောက်တော့သည်အထိ ဖြစ်ခဲ့ရပါတယ်ခင်ဗျာ ။

ယနေ့ တစ်ရက်တည်း လှူဒါန်းမည့် အလှူ ရှင် ၃၀၀ ကျော် လာရောက် ခဲ့သော်လည်း သွေးလှူဒါန်းရန်စစ်ဆေးပြီး လူ ၁၅၀ ခန့်ကိုသာ ကျွန်တော်တို့ စီစစ်လက်ခံနိုင်ခဲ့ပါတယ် ။ အလှူရှင် ၁၅၀ ကျော်ကို ကျွန်တော်တို့ တောင်းပန် ပြီး သွေးအိတ်မလောက်တော့တာကြောင့် ဒုတိယအကြိမ်မှသာ လာရောက် လှူဒါန်း ပေးကြပါရန် မေတ္တာ ရပ်ခံ ရသည်အထိ ဖြစ်ခဲ့ရပါတယ် ။ ထို စစ်ဆေးပြီး အလှူရှင် ၁၅၀ ကျောမှ 500 cc သွေးအိတ်ပေါင်း ၁၀၀ ကျော် ကိုသာ ထုတ်ယူနိုင်ခဲ့ပြီး မိုးချုပ်သည်အထိ အခမ်းအနားကို ကြိတ်ကြိတ်တိုး ကျင်းပနိုင်ခဲ့ကြပါတယ် ။

သိုပါသောကြောင့် မလေးရှားမှ ဆရာဝန်များ ၊ ဆေးရုံဝန်ထမ်းများ ၊ Hospital University Malaya မှသွေးလှူဘဏ် တာဝန်ခံ မြန်မာ ဆရာဝန်ကြီး ဒေါက်တာ ဇော်ဝေလင်း အပါအဝင် အားလုံးမှ ကျေးဇူး အထူး တင်ရှိကြောင်းနှင့် မကြုံစဖူး ထူးသော သွေးလှူဒါန်းပွဲကို မှတ်တမ်းတင် ဂုဏ်ပြုသွားခဲ့ပါတယ် ။ 

အဖွဲ့ဝင်များ ကြည်နူး ပီတိ ဖြစ်စေရန် ဧဒင်ဥယျာဉ်မှ တာဝန်ရှိသူများ အောက်ပါအတိုင်း တင်ဆက်ပေးလိုက်ရပါတယ် ။

မလေးရှားပရဟိတ မြန်မာလူငယ်များသွေးလှူရှင်အဖွဲ့မှ ပထမဆုံးအကြိမ်ပြုလုပ်သော သွေးလှူမှု့မှတ်တမ်းပုံများ

တက်ရောက်လာသော အလှူရှင်များ

အခမ်းအနားစတင်ခြင်း

သွေးလှူရန် စာရင်းပေးကြစဉ်

BRO အဖွဲ့မှ သွေးလှူရှင်များ

ကျွန်တော်တို့က ဧဒင်ကပါတဲ့

တကူးတက ကေအယ်လ်ရောက်အောင်လာလှူတယ်

ဧဒင်အဖွဲ့သားတွေ ဒီလိုပြုံးပြီးလှူကြတယ်

မြန်မာတွေ သွေးလှူတာပီတိအပြည့်နဲ့

ဘယ်နားရောက်ရောက်လာလှူပါ့မယ်ဆိုတဲ့စေတနာရှင်တွေ

ဥယျာဉ်မှူးတို့မောင်နှမသွေးလှူအပြီး

ကုတင်မအားအောင်ကိုလှူပါတယ်

မြန်မာဓာတ်ခွဲခန်းမှူးဦးကျော်သာနှင့်တကွ

ကုတင်အပြည့်အားလုံးတူတူလှူကြတယ်

သတင်းထောက်များလည်းမမောမပန်း

မလေးရှားက ဒေါက်တာတွေလည်းလက်မလည်

ဒီလိုတန်းစီပြီးတောင်လှူတယ်ဗျာ

မထပါကြပါနဲ့ဦး ခဏလောက်တော့နားကြပါ 

စေတနာသန့်သန့် လှူဒါန်းသွားသောမြန်မာ့သွေး

နောက်တစ်ပုံးလည်းမလောက်ပါ

မြန်မာဆရာဝန်ကြီးများဆရာမများနှင့်ပရဟတိလူငယ်သွေးလှူရှင်အဖွဲ့ဝင်များ

ဧဒင်အဖွဲ့ဝင်တစ်ဦးရဲ့ ပီတိအပြုံး...

ဧဒင်အဖွဲ့လည်းဖြစ် အသင်းတည်ထောင်သူတစ်ဦးလည်းဖြစ်သူ
ကိုကြီး အော်စကာ

အောင်မြင်စွာကျင်းကျင်းပသွားသောအလှူအတွက်ပီတိတွေနှင့်
အသင်းတည်ထောင်သူ တစ်ဦးအဖြစ်
ကျွန်တော်တို့ ဥယျာဉ်မှူးကိုမျိုး


အဖွဲ့ဝင်များခဗျာ ၊ ဒီလို မကြုံစဖူး မလေးနိုင်ငံသားများကိုယ်တိုင် ချီးကျူးဂုဏ်ပြုသွားတဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပှုမြို့ တွင် အောက်မြင်စွာ တည်ထောင်ခဲ့နိုင်သော ၊ ယနေ့အထိ လုပ်အားအလှူ ၊ သွေးအလှူ ၊ ငွေကြေးအလှူ ၊စတဲ့ အလှူရှင် အဖွဲ့ဝင် တစ်လအတွင် ၃၀၀ ကျော် ဖြစ်လာတဲ့ .....


နှလုံးလှ ပရဟတိ မြန်မာလူငယ်များ သွေးလှူရှင် အဖွဲ့ 

ရဲ့ ပထမဆုံးအကြိမ် မိတ်ဆက်ပွဲနှင့် သွေးလှူဒါန်းပွဲကို စေသနာသန့်သန့်ဖြင့်လာရောက်လှူဒါန်းသွားသော သွေးလှူရှင်များ၊ သွေးလှူမည့်သူများအတွက် အစားအသောက်များ ၊ သွေးလှူဒါန်းပြီး သုံးဆောင်ရန် အားဖြည့်ဆေးများ ၊ Brand ကြက်ပေါင်းရည်များ ၊ တောကြက်ဥများ ၊ မိုင်လို များ ၊ ရေသန့် ၊ ကျွဲရိုင်း အချိုရည်များ ၊ မြန်မာ မီဒီယာများမှ လှူဒါန်းသော မဂ္ဂဇင်များ ၊ ဂျာနယ်များ စသဖြင့် ...

မြန်မာတို့ရဲ့  စေတနာ စိတ်ဓာတ်ကို ဖော်ထုတ်သွားတဲ့ ဒီသွေးလှူဒါန်းပွဲ အခမ်းအနားကို နိုင်ငံတကာရောက်မြန်မာနိုင်ငံသားများသာမက အားလုံး သိရှိ ပီတိဖြစ်ကြစေရန် မှတ်တမ်းဓာတ်ပုံများဖြင့် အထူးတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။ 

အစားအသောက် အလှူရှင်များနှင့် အားတက်သရော် ငွေကြေးထောက်ပံ့ကြသော  အသင်းအဖွဲ့များ
သတင်းဗွီဒီယိုနှင့် သွေးလှူရှင်အဖွဲ့ရဲ့ လိုအပ်နေသော ထောက်ပံမှု့များ၊ လုပ်အား များကို 
အသင်းမှကြော်ငြာသည်နှင် ဆက်လက် တင်ဆက်ပေးသွားပါမည် ။

Editor Group
ဒါမှ တို့ ရွှေမြန်မာ။မြန်မာဆိုတာ စေတနာအပြည့်နဲ့ သာကီဝင်မျိုးတွေပါ။
အလှူဒါန မှန်သမျှမှာ မြန်မာကို ကမ္ဘာက လိုက်မမှီပါဘူး။
တကယ် ပိတီဖြစ်မိပါတယ်။
သွေးလှူရှင်များအားလုံ ကျန်မာသက်ရှည် ပျော်ရွှင်ကြပါစေ။
သာဓု....သာဓု.....သာဓု 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...