စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကြို့ထိုးတာ ရပ်တန့်အောင် ဒီလို လုပ်ကြည့်ပါ

နှာချေတာ၊ ကြို့ထိုးတာနဲ့ ဗိုက်ထဲက တဂွမ်ဂွမ် မြည်သံတွေ ထွက်နေတာဟာ  အိမ်မှာဖြစ်ရင် ပြဿနာ မဟုတ်လှပေမယ့် လူကြားသူကြားထဲမှာ ဖြစ်ရင် စိတ်ပျက်စရာ ကောင်းလှပါတယ်။ လေ့လာမှုအရ သက်သေပြထားနိုင်တဲ့ စိတ်ကသိကအောက် ဖြစ်စေတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

နှာချေချင်တာကို ရပ်တန့်အောင်

နှာချေလိုက်တာဟာ ကျန်းမာရေးအတွက် ကောင်းပါတယ်။ သင့်ကို ဖျားနာစေနိုင်တဲ့ နှာခေါင်းအတွင်း ရောက်နေတဲ့ ပိုးမွှားတွေကို ရှင်းထုတ်နိုင်တာကြောင့်ပါ။ ဒါပေမဲ့ စည်းဝေးပွဲလို၊ မိတ်ဆုံ စားပွဲလိုမျိုး လူရှေ့၊ သူရှေ့ရောက်နေချိန်မှာ နှာချေချင်ရင်တော့ အောက်ပါအတိုင်း ပြုလုပ်ကြည့်ပါ။

(၁) လေကို ကြာကြာ ရှူသွင်း ရှူထုတ် လုပ်ပါ

လေကို ကြာကြာ ရှူသွင်းပြီး စိတ်ထဲက ၁၀ မှ ၁ သို့ နောက်ပြန် ရေတွက်ကာ အသက်ခေတ္တ အောင့်ထားပါ။ ဒီလို လုပ်တာကြောင့် အလိုအလျောက် တုံ့ပြန်တဲ့ အာရုံကြောစနစ် နှေးကွေးသွားပြီး နှာချေချင်စိတ် ပျောက်ကင်း သွားနိုင်ပါတယ်။

(၂) နှာခေါင်းအောက် နေရာကို နှိပ်ပါ

သင့်လက်ညှိုးနဲ့ လက်ခလယ်ကို အပေါ်နှုတ်ခမ်းအထက် နေရာမှာထားပြီး နှာချေချင်တဲ့စိတ် ပျောက်ကင်းသွားတဲ့အထိ ဖိနှိပ်ပေးပါ။ နှာချေအောင် လှုံ့ဆော်တဲ့ အာရုံကြောတွေအပေါ် ဖိထားမိတဲ့အတွက် နှာချေတာ ပျောက်ကင်းသွားပါလိမ့်မယ်။

By Good Health

သမ်းဝေချင်တာ ရပ်တန့်အောင်

ကျွန်မတို့ဟာ ပင်ပန်းလွန်းနေမှ သမ်းဝေနေတာ မဟုတ်ပါဘူး။ တခြားသူတွေ သမ်းဝေတာတွေ့ရင်လည်း လိုက်ပြီး သမ်းဝေ တတ်ပါတယ်။ တခြားသူတစ်ယောက် သင့်အရှေ့မှာ သမ်းဝေနေပြီး သင်ဟာ သမ်းဝေတာ မဖြစ်ချင်ရင် အောက်ပါအတိုင်း ပြုလုပ်ကြည့်ပါ။

(၁) လက်သီးဆုပ်လိုက်ပါ

လက်သီးဆုပ်လိုက်ပြီး လက်သန်းနဲ့ လက်သူကြွယ် လက်ဆစ်ကြားက အသားစိုင်နေရာကို ဖျစ်ညှစ်လိုက်ပါ။ ဒီလို ညှစ်လိုက်တာကြောင့် အယ်ဒရီနလင်လိုမျိုး စွမ်းအင်မြှင့်တင်နိုင်တဲ့ ဟော်မုန်းတွေ ထွက်လာပြီး သမ်းဝေချင်စိတ်တွေ ပျောက်ကင်း သွားနိုင်ပါတယ်။

(၂) ရေသောက်ပါ

သမ်းဝေချင်စိတ် ပေါက်လာရင် ရေအေးအေးတစ်ခွက် သောက်လိုက်ပါ။ သမ်းဝေတာဟာ ခန္ဓာကိုယ်တွင်း ရေဓာတ်လိုအပ်တဲ့ လက္ခဏာ တစ်ခုဖြစ်တာမို့ ရေတစ်ဖန်ခွက် သောက်တာကြောင့် သင့်ကိုယ်တွင်း ရေဓာတ်ပြန်လည် ပြည့်ဝသွားပြီး ဦးနှောက်အတွင်း သွေးလှည့်ပတ်မှု ကောင်းမွန်စေတဲ့အတွက် သင်ဟာ ပိုပြီးတက်ကြွ သွားနိုင်ပါတယ်။

ဗိုက်ထဲက တဂွီဂွီ မြည်သံတွေ ထွက်နေရင်

ဗိုက်ထဲက တဂွီဂွီမြည်သံတွေဟာ ဆာလောင်နေတဲ့ လက္ခဏာပါ။ ဒါမှမဟုတ် သင့်ဝမ်းဗိုက် ပြည့်တင်းလွန်းရင်လည်း တဂွီဂွီ မြည်သံတွေ ကြားရတတ်ပါတယ်။ အသံတိတ်သွားအောင် အောက်ပါအတိုင်း လုပ်ကြည့်ပါ။

(၁) နားရွက်ကို ဖိထားပါ

သင့်ဝမ်းဗိုက်ထဲက တဂြီဂြီ မြည်နေတာဟာ သင်ဗိုက်ဆာနေတာကြောင့် ဖြစ်ပြီး သင်နေ့လယ်စာ စားရမယ့် အချိန်ရောက်ဖို့ကလည်း လိုနေသေးတယ်ဆိုရင် သင့်လက်မနဲ့ လက်ညှိုးကို အသုံးပြုပြီး နားရွက်အနားသားတွေကို တစ်မိနစ်ခန့် ဖိထားပေးပါ။ အပ်စိုက်ကုထုံး ပြုလုပ်သူတွေက နားရွက်အနားနေရာကို Hunger Point လို့ခေါ်ကြပြီး အဲဒီနေရာကို ဖိထားတာကြောင့် အစာအိမ် ကြွက်သားတွေ ကျုံ့တာကို ယာယီ ရပ်ဆိုင်းပေးတဲ့အတွက် တဂွီဂွီ မြည်သံတွေ ပျောက်ကင်း သွားနိုင်ပါတယ်။

(၂) နာနတ်သီးဖျော်ရည် သောက်ပါ   

အစာအိမ်မှ တဂွီဂွီ မြည်သံဟာ အစားကြူးတာကြောင့် ဖြစ်နေရင် နာနတ်သီးဖျော်ရည် သောက်လိုက်ပါ။ နာနတ်သီးမှာ အစာခြေ အင်ဇိုင်းဘရိုမီလိမ်း ပါဝင်တဲ့အတွက် အစာချေဖျက်နှုန်း မြန်ဆန်စေပြီး လေထိုးတာ သက်သာသွားနိုင်ပါတယ်။

ကြို့ထိုးတာ ရပ်တန့်အောင်

သင်ဟာ အလုပ်အတွက် Interview ဖြေနေစဉ် ဒါမှမဟုတ် Meeting အခန်းထဲ ဝင်နေစဉ်မှာ ကြို့ထိုးနေတာ မရပ်မနားဖြစ်နေရင် အောက်ပါအတိုင်း ပြုလုပ်ကြည့်ပါ။

(၁) လျှာထုတ်လိုက်ပါ

လေကို ကြာကြာရှူသွင်းနေစဉ်မှာ လျှာကို အပြင်ထုတ်နိုင်သလောက် ထုတ်လိုက်ပါ။ အသံအိုးတစ်ခုနဲ့ တစ်ခုကြားက အပေါက်တွေကို လှုံ့ဆော်သလို ဖြစ်သွားပြီး ကြို့ထိုးတာ သက်သာသွားနိုင်ပါတယ်။

(၂) သကြားအနည်းငယ် စားပါ

သင်ရဲ့ လျှာနောက်ဘက်ကို သကြား အနည်းငယ် ဖြူးလိုက်ပါ။ သကြားမှုန့်တွေက သင့်လည်ချောင်း အတွင်းမှ အာရုံကြောတွေကို လှုံ့ဆော် ပေးတာကြောင့် ဝမ်းဗိုက်အတွင်း ကန့်လန့်ကာ ကြွက်သား (Diaphragm) ရရှိစေနိုင်တဲ့အတွက် ကြို့ထိုးတာ သက်သာ သွားနိုင်ပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...