စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပိတောက် နဲ့ သင်္ကြန်

ပိတောက် နဲ့ သင်္ကြန်
သင်္ကြန် ဆိုတာ ကို ကျွန်မ သိပ်ချစ်ပါသည်။ သင်္ကြန် ရဲ့  ချစ်သူ ပိတောက်ကို လဲ ကျွန်မအရမ်းကြိုက်တယ်ရှင့်............ပိတောက်ပန်းလေးတွေ ပွင့်ပြီဆို ကျွန်မအရမ်းပျော်တယ်..............ကျွန်မနာမည် က ပိတောက်လို့ ခေါ်ပါတယ် .............ပိတောက်ပန်းတွေ အရမ်းပွင့်တဲ့ အချိန်မှာ မွေးလို့ မေမေက အမှတ်တရ ပေးထားခဲ့တဲ့ နာမည်လေးပေါ့............ပိတောက်တို့ ခြံထဲမှာ ပိတောက်ပင် အကြီးကြီး ရှိတယ်ရှိတယ်..............တစ်ပင်လုံး ပန်းတွေ ပွင့်ပြီဆို အရမ်းကိုလှတာဘဲ............ပိတောက် ကသူငယ်ချင်းတွေကို ပြောပြတယ်.........*ပိတောက်ပန်းနဲ့ သင်္ကြန်ပွဲတော် *ဆိုတာ တစ်ကယ်တော့ သိပ်ချစ်ကြတဲ့ ချစ်သူတွေဘဲ လို့ ..........သူတို့က
*အေး........နင်နာမည်က ပိတောက်ဆိုတော့ နင်ချစ်သူရရင် သင်္ကြန်ဆိုတဲ့ နာမည်ပါတဲ့ ကောင်လေးကို ရွေးလို့* ပေါက်ပေါက်ရှာရှာ ပြန်စကြတယ်လေ
 
ဒီနေ့ သင်္ကြအကြိုနေ့လေး မှာ ပိတောက် အိပ်ယာကနိုးတာနဲ့ ပြင်တင်းတံခါးကို ဖွင့်ပြီး ခြံထဲက ပိတောက်ပင်ကြီးကို ကြည့်လိုက်မိပါသည်။ အံ့သြစွာ သေသေချာချာ ပြန်ကြည့်မိတော့ တပင်လုံးကို ၀ါဝင်းနေတဲ့ ပိတောက်ပန်းတွေ.... အရင်နှစ်တွေထက် ပိုများသော ပိတောက်ပန်းများ...........။ချက်ချင်း ပိတောက်ပင်အောက်ကို ပြေးသွားမိရင်း လေနှင်ရာ ယိမ်းနွဲ့နေတဲ့ ပိတောက်ခက်တွေကို ကျွန်မ ကြည်နူးစွာ ကြည့်နေမိသည်။မွှေးကြိုင်နေတဲ့ ပိတောက်ပန်းရနံ့တို့နှင့် မြေပြင်ပေါ်မှာ ပိတောက်ပန်းပွင့်လေးတွေ ကျဲပြန့်စွာ ကျနေပုံကိုက အရမ်းလှတဲ့ သဘာဝပန်ချီကားတစ်ချပ်ကို ကြည့်နေရသလိုပါဘဲ................ရင်ထဲမှာ အရမ်းကြည်နူးချမ်းမြေ့တယ်..........အဲဒီလောက်ထိကို သင်္ကြန်ဆိုတာကို ပိတောက်က ရူးသွပ်တာရှင့်.........
ကျွန်မရေချိုးအ၀တ်စားလဲပြီး လမ်းထိပ်က သူငယ်ချင်းတွေ ဆီထွက်လာခဲ့သည်။

ကိုယ်အတွေးနဲ့ ကို လမ်းလျှောက်လာစဉ် ရုတ်တရက် ခပ်လှမ်းလှမ်းမှ ဆူညံသံများကြောင့် ကျွန်မသေချာကြည့်မိတော့ ပိတောက်သူငယ်ချင်းတွေ ပိတောက်ကို ရေလောင်းဖို့ ပြေးလာတာကို တွေ့လိုက်ရတော့ အံ့သြသွားမိသည်။
*ပိတောင်ရေ ရေလောင်းပြီ...................ဒီနှစ်သင်္ကြန်ရဲ့ ပထမဆုံး ရေလောင်းခြင်းဘဲဟေ့ *
သူငယ်ချင်းတွေ စကားသံမဆုံးခင် .........

သူငယ်ချင်းတွေ မလောင်ရသေးခင်မှာဘဲ အေးမြ မွှေးကြိုင်နေတဲ့ ရေအေးလေးတွေ ပိတောက်ကိုယ်ပေါ်ကျလာပါသည်..........ပိတောက်
အံ့သြသွားသလို သူငယ်ချင်းတွေလဲ ကြောင်သွားကြသည်။ ပိတောက် သင်္ကြန်ရေစိုတာကို နှစ်သက်ပါတယ်..........ရုတ်တရက် အလောင်းခံရတာကို အံ့သြသွားမိတာပါ.........ရေလောင်းတဲ့သူကို ငဲ့ကြည့်မိစဉ်မှာ အံသြခြင်းဆိုတဲ့ ခံစားမှုကနေ ထူးဆန်းတဲ့ ခံစားမှုတစ်ခုက ရင်ထဲကို  လှိုင်းခတ်သွားတယ်............ချောလိုက်တာလို့ ပြောရမလား............ဒါမှမဟုတ် ကြည့်ကောင်းလိုက်တာလို့ ပြောရမလား .............ဘာပြောရမှန်းမသိအောင်ကို စွဲဆောင် မှုရှိလွန်းတဲ့ ယောကျာင်္းတစ်ယောက်ကို တွေ့လိုက်၇တယ်......
*ကျွန်တော် ခွင့်မတောင်းဘဲ ရေလောင်းမိတာ တောင်းပန်ပါတယ် နော်............ကျွန်တော်နာမည်က သင်္ကြန်ပါ ခင်ဗျာ*
လို့  သူကိုယ်သူ မိတ်ဆက်လိုက်တယ်ဆိုရင်ဘဲ ကျွန်မကော သူငယ်ချင်းတွေပါ
*ဟင်..........*
ဆိုတဲ့ အာမေဋိတ်သံက ပြိုင်တူထွက်သွားကြတော့..........သူက
*ခင်ဗျာ ဘာလို့လဲ မသိဘူးနော်*
*သြော် ! ဘာမှ မဟုတ်ပါဘူးရှင် သင်္ကြန်မှာ ရှင်ကို စသိပြီး ရှင်နာမည်ကလဲ သင်္ကြန် ဆိုလို့ အံ့သြမိသွားတာပါ*
*သြော်! တော်သေးတာပေါ့ဗျာ...............ဘာဖြစ်လို့များလဲလို့လေ....*
*ဘာမှ မဖြစ်ပါဘူး..........ရေလောင်းတာလဲ ရပါတယ်........သင်္ကြန်တွင်းဘဲလေ*
*ကျွန်တော်က မနေ့က မှ ဒီလမ်းထဲကို ပြောင်းလာတာလေ*
*ဟုတ်လား...........*
*ဟုတ်..........ဒီက သူငယ်ချင်းတွေနဲ့ ခင်ချင်လို့ပါ.......မိတ်ဆက်ချင်လို့ပါ*
*သြော်! ရပါတယ်ရှင်.........တစ်လမ်းထဲ သားတွေဘဲလေ..........ပိတောက်တို့ကတောင် ကြိုဆို၇မှာလေ...........မှတ်ထားနော်........သူက မိသူ...သူက နီလာ...ဒါက သူရ....ဒီတစ်ယောက်ကတော့ မင်းမင်း.......ဒို့နာမည်ကတော့ ပိတောက်ပါရှင်*
*ဟုတ်ကဲ့ ..........အားလုံးကိုတွေ့ရတာ ၀မ်းသာပါတယ်နော်................ပိတောက်နာမည်လိုက်အောင် ပိတောက်ပန်းတွေ ဝေနေအောင်ပန်ထားတာပေါ့နော်*
*ဟုတ်တယ်ရှင်..........ပိတောက်က နာမည်နဲ့ လိုက်အောင်ကို ပိတောက်ပန်းတွေကို ချစ်တယ်ရှင့်*

ဒီလိုနဲ့ သင်္ကြန်ဆိုတဲ့ ကောင်လေးက ပိတောက်တို့ အဖွဲ့လေးနဲ့ ငယ်ပေါင်းကြီးဖော်တွေ လို ကို ရင်းနှီးခင်မင်မိသွားပါတယ်...........သင်္ကြန်နဲ့ပိတောက်ဆိုတာ သူငယ်ချင်းဆိုတဲ့ သံယောဇဉ်ထက်တဆင့်တိုးကာ ချစ်သူတွေ ဖြစ်ခဲ့ကြတယ်လေ.........................ပိတောက်နဲ့ သင်္ကြန်က အိမ်ချင်းလဲ ပိုနီးကြတယ် ခုဆို နှစ်ဖက်မဘချင်းတွေကလဲ  နှစ်အိမ်တစ်အိမ်လိုကို ရင်းနှီးနောကပါပြီ...........သင်္ကြန်က ကျောင်းပြီးလို့ ကိုယ်ပိုင်ကွန်ပြူတာအရောင်းဆိုင်တစ်ခုကို အောင်မြင်စွာ တည်ထောင်ထားနိုင်နေပြီလေ..........ပိတောက်ကတော့  ကျောင်းပြီးလို့ ဘွဲ့လွန်ထပ်တက်နေခဲ့တယ်လေ..............

ဘာလိုလိုနဲ့ ဒီနှစ်သင်္ကြန်တောင် နီးလာပါပြီ...............သင်္ကြန်၇က်လေးတွေ နီးတိုင်းပိတောက် ရင်ခုန်ရမြဲပါဘဲရှင်............ဒီနှစ်တော့ ပိုပြီး ထူးခြားမယ်ထင်တယ်ရှင့်............ဒီနေ့ ကျောင်းကပြန်တော့ သင်္ကြန်ကိုပြောစရာ စကားတွေ ပိတောက်မှာ ရှိနေခဲ့ပါသည်...............ညနေ သင်္ကြန်လာမဲ့ အချိန်ကို စောင့်ရတာလဲ မောလိုက်တာနော်..............ပိတောက် ပြောလိုက်ရင် သူဘာပြန်ပြောမှာလဲ.....................
မျှော်လင့်နေတဲ့ အချိန်ကို ရောက်ပါပြီ............သင်္ကြန်ရောက်လာသည်...........နှစ်ယောက်သား ပိတောက်ပင်ကြီးအောက်က ခုံတန်းလျားလေးမှာ တူတူ ထိုင်မိတယ်ဆိုရင်ဘဲ
*သင်္ကြန် ပိတောက် ပြောစရာရှိတယ်*
*ဟုတ်လား......ပြောလေ ပိတောက်*
*ပိတောက်လေ အင်္ဂလန်ကို ပညာတော်တင် သွားရမယ်...............3နှစ်ကြာမယ် ...........အမြန်ကြီး ကျလာတာလေ.............ခုနှစ်ဆန်းတစ်ရက်နေ့ကို ထွက်ရမယ်.............မေမေတို့လဲ ခုမနက်မှ ပြောရတာ..............အဲဒါ.........
*ဘာပြောတယ်................ပိတောက် ကျောင်းတက်ချင်တယ်ဆိုလို့ ကိုစောင့်ပေးခဲ့တယ်လေ.............ခုသုံးနှစ် ထပ်စောင့်ရအုံးမယ်ဆိုတော့ ကိုဘက်ကိုလဲ ကြည့်ပါအုံးကွာ...........ကို ပိတောက်ကို 3နှစ်မပြောနဲ့ 3ရက်တောင် မခွဲဘူးဘူး...........ခွဲလဲ မခွဲနိုင်ဘူး.................ခွင့်လဲမပြုနိုင်ဘူး................*
*သင်္ကြန်ရယ် ဒါပိတောက် ကြိုးစားမှုရဲ့ ရလာဒ်လေကွယ်.............ဒါကို လက်လွှတ်ခံရမှာလားဟင်*
*ဒါဆို ကိုယ်ကတော့ မင်းပညာလောက် တန်ဖိုးမရှိဘူးပေါ့.......ဟုတ်လား ပိတောက်.............*
*မဆိုင်ဘူးလေ ကွာ............ခုက 3နှစ်ပြီးရင် ပြန်လာ လက်ထပ်မှာပေါ့.........ပြီးတော့ အင်တာနက်ကနေလဲ တွေ့လို့ရနေတာဘဲ*
*မလိုချင်ဘူး.........ကို နဲ့ မင်းအင်္ဂလန ပညာတော်သင်ခွင့် ကို  ကြိုက်တာ တစ်ခုကို ရွေး ပိတောက်*
လို့ပြောပြီးတာနဲ့ ချာကနဲ ကျောခိုင်းထွက်သွားတယ်ရှင်..........ပိတောက် ဘာလုပ်ရမလဲနော်.............ပိတောက် သွားဖို့ အားလုံးစီစဉ်ပြီးနေပြီလေ..............သူစိတ်ဆိုးလဲ ခဏပေါ့လေ ဟိုရောက်မှ ဖုန်းဆက်ပြီးချော့မယ်လို့ ပေါ့ပေါ့လေးတွေးလိုက်မိသည်။


်ပိတောက်  သူကို မျှော်နေလဲ.............သင်္ကြန်ရက်တွေ ပိတောက်ဆီကို သူလုံးဝရောက်မလာခဲ့ပါဘူးရှင်...............ချစ်သူလောင်းတဲ့  သင်္ကြန်ရေအေးအေးလေး ကို မျှော်လင့်မိပေမယ့် ပေါ်မလာခဲ့ပါဘူး...........အိမ်သွားတော့လဲ ရှောင်နေတယ်............ဖုန်းဆက်တော့လဲ ရှောင်နေတယ်လေ............နောက်ဆုံး ပိတောက် ကို လေယာဉ်ကွင်းသွားတဲ့ အထိ သူကို အရိပ်ယောင်တောင် မတွေ့ခဲ့ရဘူးရှင်

..............သင်္ကြန်ဒီလောက်ပြတ်သားတာကိုလဲ ခုမှ ပိတောက်သိရတော့တယ်လေ............ဟိုရောက်လို့ သင်္ကြန်ဖုန်းတွေဆက်လဲ လုံးဝကို မကိုင်ဘူးရှင် နောက်ဆုံးတော့ ပြတ်သားလွန်းတဲ့သူကို စိတ်နာလာမိတယ်............ဒါပေမယ့် သင်္ကြန်ကို ပိတောက် ချစ်တဲ့ ချစ်ခြင်းတွေကတော့  လျော့ပါးပြောင်းလဲ ခြင်းမရှိဘူးရှင်..............

ခုဆိုရင် ပိတောက် အင်္ဂန်ရောက်တာ သုံးနှစ်တင်းတင်းပြည့်ဖို့ 5ရက်ဘဲလိုတော့တယ်ရှင့်.....................
လူတွေ အများကြီးဘဲ ပိတောက်ကို ရေတွေ ၀ိုင်းလောင်းနေတယ်..........လူအများရဲ့ ရေတွေ အောက်မှာ ပိတောက် မွှန်းကျပ်လာသည်..........ခေါင်းတွေ တွင်တွင်ခါပြီး *ရပ်တော့ ရပ်တော့* ဟုအော်မိချိန်မှာဘဲ ပိတောက် အိမ်မက်က လန့်နိုးသွားသည်။
*ဟာ...........*
ပိတောက် အိမ်မက်မက်နေတာဘဲ...........။ပိတောက် ပြတင်းတံခါးနားကို ရပ်ပြီး အပြင်ဘက်ကို ကြည့်လိုက်တော့ မီးရောင်များနှင့် ထိန်လင်းနေတဲ့ အင်္ဂန်ည အလှကို တွေ့မြင်ခံစားလိုက်ရသည်။ အပြင်ကို ငေးကြည့်ရင်းအိမ်မက်တွေနဲ့ လွမ်းဆွတ်နေရတဲ့ ပိတောက် တို့လို အဝေးရောက် မြန်မာတွေ ဘ၀ကို တွေးမိနေသည်.....။ ပိတောက်နံ့တွေ သင်းနေတဲ့ သင်္ကြန်ဆိုတာကို လူတိုင်း လွမ်းဆွတ်သတိရမိကြမှာဘဲလေ...............သင်္ကြန်ဆိုတာ လူငယ် လူကြီး အားလုံးပျော်ကြတဲ့ ရာသီပွဲတော်တစ်ခုပါဘဲ..........
သင်္ကြန်ဟူသော စကားသည်သင်္ကန္တဟူသော ပါဠိ မှဆင်းသက်၍ ရွတ်ဆိုသောအခါ သက္ကတ၌ရှိသော ရရစ်သံဖြင့် ရွတ်ဆိုရသော စကားဖြစ်သည် ။ အဓိပ္ပါယ်မှာ ကူးပြောင်းခြင်းဖြစ်၏ ။ ဤကမ္ဘာမြေကြီးသည် နေကိုဗဟိုပြု၍ မိဿ ရာသီမှစ၍ ပြိဿမေထုန်ကရကဋ်သိဟ်ကန်တူဗြိစ္ဆာဓနုမကာရကုမ်မိန် ဟူသော ရာသီခွင်တို့သို့ အစဉ်လိုက် ကူးပြောင်း လှည့်လည်ပြီးနောက် သူရိယသိဒ္ဓန္တကျမ်း အလို ၃၆၅ ရက် ၊ ၆ နာရီ ၊ ၁၂မိနစ် ၊ ၃၇စက္ကန့် ပြည့်သောအခါ ၊ တနင်္ဂနွေ ရ၀ိဖုဋဂြိုဟ်စင်သည် မိဿရာသီအစ သုညအင်္သာသို့ဝင်၏ ။ သို့ရာတွင် နှစ်မကူးသေးချေ ။ ဗေဒင်တွက်ရိုးကျမ်း များ၌ ရ၀ိဖုဋဂြိုဟ်စင် နှင့် ရ၀ိမဓျဂြိုဟ်သွမ်း ဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားပြသည် ။ ထို့ကြောင့် မိဿရာသီသို့ ထိုဂြိုဟ်နှစ်မျိုးနှစ်စား ရောက်သော အချိန်ကာလသည်လည်း ကွဲပြားသည် ။ မိဿရာသီသို့ တနင်္ဂနွေ ရ၀ိဖုဋဂြိုဟ် ၀င်ရောက်ရှိပြီး၍ ၂ရက် ၊ ၄နာရီ ၊ ၄မိနစ် ၊ စက္ကန့် ၄၀ ကြာမှ တနင်္ဂနွေ ရ၀ိမဓျဂြိုဟ်သွမ်း ရောက်ရှိ၏ ။ ထိုကဲ့သို့ ကွာခြားသော နှစ်ရက်ကျော် ကာလသို့ ဝင်သောအခါကျမှသာ အတာတက်၍ နှစ်သစ်ကူးပြီဟု အသိအမှတ် ပြုကြ၏ ။ ဤသင်္ကြန်ပွဲတော်တွင် မြန်မာတိုင်းရင်းသားတို့သည် ပျော်ရွှင်စွာ ရေပက်ကစားကြသည် ။ သင်္ကြန်ရေပက် ဖျန်းခြင်းသည် လေးနက်မွန်မြတ်သော အဓိပ္ပါယ်ရှိသည် ။ ရေသည် မေတ္တာဓာတ်ကို တင်စားသည် ။ ရေကစား ကြသည်မှာ ရေလိုအေး၍ ပန်းလိုလန်းပါစေ ဟူသောမေတ္တာဓာတ်ဖြင့် ကစားခြင်းဖြစ်သည်။ လို့ ပိတောက် ဘွားဘွားက ပြောပြဘူးသည်။နောက်ပြီး သင်္ကြန်အခါမှာ ရှောင်သင့်တာတွေ ပြောပြတာကိုလဲ ပြန်ကြားယောင်နေမိတယ်......................*အထူးသဖြင့် ဤသင်္ကြန်အခါတွင် ရှောင်ကြဉ်သင့် ရှောင်ကြဉ်ထိုက်သည့်ကိစ္စများကိုလည်း သင်္ကြန်တွက်ရိုးကျမ်း များ၌ ဖော်ပြထားတယ် မြေး.........မဟာသင်္ကြန်စာများကလည်း အကျဉ်းချုပ်၍ တဖန်တင်ပြကြ ပြန်သည်။ သင်္ကြန်စာများတွင် ဖော်ပြပါရှိသည့် ရှောင်ကြဉ်ရမည့် အချက်တွေကတော့“အိမ်ရာမမှား၊ သားငါးသုတ်သင်၊ သစ်ပင်ခုတ်မြစ်၊ ပုတ်ခတ်ငိုကြွေး၊ ကိုယ်သွေးထုတ်ခြင်း၊ ဆီနနွင်းက၊ သောက်ခြင်းသေစာ၊ ဥစ္စာထုတ်သွင်း၊ အောင်တမန်စေလွှတ်ခြင်း၊ ဤ (၁၀) ပါးသော အမှုတို့ဖြစ်ပေသတည်း” သင်္ကြန်တွက်ရိုးများ၌ ဤ (၁၀) ပါးသော အမှုတို့ကို လူမဆိုထားဘိ သိကြားမင်းသော်လည်း ရှောင်ကြဉ်ရာ၏ဟု ပညတ်ချက်ထုတ်ထားရာ၊ တကယ်လည်းရှောင်ကြဉ်သင့်သော အချက်များဖြစ်ကြသဖြင့် ရှောင်သင့်သည်ကို ရှောင်၍ ဆောင်သင့်သည်ကို ဆောင်ကြပြီးလျှင် နှစ်သစ်ဘက်သို့ မင်္ဂလာယူပြီး ကူးပြောင်းနိုင်ကြပါစေသတည်း
လို့ ဘွားဘွား ရွတ်ပြသံကိုလဲ ကြားယောင်မိနေတယ်..............ငရုတ်သီးတွေ ထည့်ထားတဲ့ မုန့်လုံးရေပေါ်ကို စားမိလို့ သူငယ်ချင်းတွေ ၀ိုင်းရီခဲ့တာတွေ ..........ညဘက်တွေ သင်္ကြနဲ့တူတူ အကတွေ လိုက်ကြည့်ခဲ့ရတာတွေ............နှစ်ဆန်းတစ်ရက်နေ့မှာ ဥပုတ်သီလယူခဲ့တာတွေ ပိတောက် အရမ်းလွမ်းပါသည်။ သင်္ကြန်ဆိုတာ ဝေါဟာရမှာ အညစ်ကြေးများကို စွန့်ပစ်ပြီး နှစ်သစ်ကို ရွင်လန်းစွာ ကြိုဆိုခြင်းတဲ့ ...........ပိတောက်လဲ ဒီနှစ်သင်္ကြန်မှာ အလွမ်းတွေကို စွန့်ပစ်ပြီး လန်းဆန်းခြင်းတွေ နဲ့အတူ အမိမြန်မာပြည်ကို ပြန်မယ်ရှင်........................
..

သင်္ကြန်အကြိုနေ့ ...............

ပြန်ဖို့ ရက်ကလဲနီးနေပြီဆိုတာ သိနေပေမယ့် သင်္ကြန်ေ၇ာက်ပြီဆိုတဲ့ အသိဝင်လာတာနဲ့ ပိတောက် ငိုချင်တယ် ............ပိတောက်ချစ်တဲ့ သင်္ကြန်ဆိုတဲ့ ချစ်သူကိုကော ရေသဘင်ပွဲတော်လေးနဲ့အတူ ပိတောက်ပန်းမွှေးမွှေးလေးတွေကိုပါ အရမ်းလွမ်းတယ်.................အခန်းဖော်က ဧည့်သည်ရောက်နေတယ်လို့လာခေါ်လို့ ပိတောင် ဧည့်ခန်းကို ထွက်လာတော့ ဘယ်သူမှ မတွေ့ရဘူး...................ဟင် ပိတောက်ကို နောက်ကြပြန်ပြီတော့.............ပိတောက် အခန်းကို ပြန်ဖို့ လှည့်အထွက်မှာဘဲ ပိတောက်ကိုယ်ပေါ်ကို အေးမြမွှေးကြိုင်တဲ့ ရေစက်လေးတွေ ကျလာတယ်...............အံသြ ၀မ်းသာခြင်းတွေနဲ့ အရမ်းထူးဆန်းသွားတယ်ရှင်...........ဒီလို သင်္ကြန်ရေအေးလေးတွေနဲ့ ဝေးခဲ့ရတာ 2နှစ်ရှိပြီလေ.........*ဟင်.............*
ဆိုတဲ့ အာမေဋိတ်သံနဲ့ အတူ လှည့်မိတော့
 
*ဟယ်! သင်္ကြန်...........သင်္ကြန်ပါနော်*
*ဟုတ်ပါ................ပိတောက်ရယ်.............ကိုလေ ပိတောက်ကို နာကျည်းစိတ်တွေနဲ့ တင်းနေခဲ့ပေမဲ့ ကို ရင်ထဲ မှာ ပိတောက်ကို တစ်ရက်မှ မမေ့နိုင်ခဲ့ဘူးကွာ...........ကို အတ္တတွေ ကြီးမိခဲ့တယ်...........နုနယ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ရင်ထဲက ခံစား၇တာတွေကို ဥပက္ခာ ပြုမိခဲ့တယ်............ကို ကိုခွင့်လွတ်ပါနော် ပိတောက် ...........ပိတောက်ကို ဒီထိလာကြိုတာက ကိုယ့်အပြစ်တွေအတွက် ပိတောက် ကိုယ်ကို နာကျည်းနေမှာစိုးလို့ပါ....................ပိတောက်ကို ကိုယ်အရမ်းချစ်တယ်..........အရမ်းလည်းလွမ်းတယ် ပိတောင်ရယ်........*

*ပိတောက် သင်္ကြန်ကို အရမ်းသတိရတယ်................စိတ်တော့နာမိတယ်............ပိတောက် ဒီလောက် တောင်ပန်နေတာကို ခွင့်မလွတ်လို့လေ..........ဒါပေမယ့် သင်္ကြန်ကို ချစ်တဲ့ အချစ်ကတော့ ပိတောက်ရင်ထဲက ပျောက်ပျက်မသွားပါဘူး..............*ပိတောက်နဲ့သင်္ကြန်*.............သင်္ကြန်ပွဲတော်နဲ့ ပိတောက်ပန်းဆိုတာလဲ ခွဲခြားလို့ မရနိုင်သလို............
သင်္ကြန်ဆိုတဲ့ကောင်လေးနဲ့ ပိတောက်ဆိုတဲ့ ကောင်မလေး ကလည်း ခွဲခွာလို့မရတဲ့  ဘ၀လက်တွဲဖော် ချစ်သူတွေပါဘဲ သင်္ကြန်၇ယ်...........*


 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...