စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အာကာသတွင်းသို့ ဓာတ်လှေကားဖြင့် သွားနိုင်ရန် ဂျပန်ကုမ္ပဏီစီစဉ်


       
  အာကာသအတွင်းသို့ ဓာတ်လှေကားဖြင့် သွားနိုင်ရန်အတွက် ကြိုးပမ်းလျက်ရှိကြောင်း ဂျပန်နိုင်ငံမှ နာမည်ကျော် ဆောက်လုပ်ရေးကုမ္ပဏီ အိုဘာယာရှိ ကော်ပိုရေးရှင်းက ထုတ်ပြန်ကြေညာခဲ့သည်။
ကမ္ဘာမြေပြင်အထက် ကီလိုမီတာ ၃၆၀၀၀ အကွာတွင်ရှိမည့် အာကာသစခန်းတစ်ခုသို့ ကမ္ဘာမြေမှ ခရီးသည်များကို ဓာတ်လှေကားဖြင့် ပို့ပေးနိုင်မည့် စီမံကိန်းအား ၂၀၅၀ ပြည့်နှစ် အစောဆုံးထားပြီး တည်ဆောက် သွားနိုင်ရန် မျှော်မှန်းထားကြောင်း ကုမ္ပဏီက ထုတ်ပြန်ကြေညာခဲ့သည်။ အာကာသဓာတ်လှေကားအတွက် ကေဘယ်ကြိုးများပြုလုပ်ရာတွင် သံမဏိထက်အဆ ၂၀ မာသော ကာဗွန်နာနိုကျုဘ်များကို အသုံးပြုသွား မည်ဖြစ်သည်။
စီမံကိန်းအရ ကေဘယ်ကြိုးသည် ကမ္ဘာနှင့်လအကွာအဝေး၏ လေးပုံတစ်ပုံမျရှိမည့် ကီလိုမီတာ ၉၆၀၀၀ ထိ ရှည်လျားမည်ဖြစ်သည်။ ကေဘယ်ကြိုး၏ အစွန်းတစ်ဖက်ကို မြေပြင်နှင့် ချိတ်ဆက်ထားမည်ဖြစ်ပြီး ကျန်အစွန်းတစ်ဖက်မှာ အလေးချိန်မျှစေမည့် အရာဝတ္တုတစ်ခုဖြင့် ချိတ်ဆက်ထားမည်ဖြစ်ကာ ကီလိုမီတာ ၃၆၀၀၀ အကွာအလယ်တွင် အာကာသစခန်းတစ်ခုရှိမည် ဖြစ်သည်။ ယင်းကေဘယ်တွင် တပ်ဆင်မည့် ဓာတ်လှေကားမှာ လူ ၃၀ ထိ တင်ဆောင်နိုင်မည်ဖြစ်သည်။ တစ်နာရီကီလိုမီတာ ၂၀၀ နှုန်းဖြင့် ရွေ့လျားမည်ဖြစ်ကာ စခန်းသို့ ရောက်ရန် ၇ ရက်ခွဲ ကြာမြင့်မည်ဖြစ်သည်။
Ref:Yomiuri
င်္Forward mail

အနာဂတ်ကြယ်ပွင့်လေးများ: http://www.futurestars-mm.com/profiles/blogs/6405389:BlogPost:305520?xg_source=activity#ixzz1p0u4guhQ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...