စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲ တိုက်တွန်းနှိုးဆော်လွှာ


Friends18.com Orkut Scraps


Friends18.com Orkut Scraps


Friends18.com Orkut Scraps



မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲ
ဆွမ်းသင်္ကန်းစသော လှူဒါန်းဖွယ်ရာများ
စုပေါင်းဆပ်ကပ်လှူဒါန်းပွဲ
တိုက်တွန်းနှိုးဆော်လွှာ
မလေးရှားနိုင်ငံတွင် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများစုပေါင်း၍
မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကြီးကို
၂၀၁၂- ခုနှစ်၊ ဧပြီလ ( ၁၅ ) ရက်၊
တနင်္ဂနွေနေ့တွင် မလေးရှားနိုင်ငံ၊ ပီဂျေမြို့၊ ရတနာရာမ မြန်မာကျောင်းတိုက်တော်၌
ခမ်းနားကြီးကျယ်စွာ ကျင်းပသွားမည် ဖြစ်ပါသည်။
ကျေးဇူးတော်ရှင် ကမ္ဘာ့ဗုဒ္ဓသာသနာပြု ပီနန်းဆရာတော်ဘုရားကြီး ဦးပညာဝံသ အမှူးရှိသော၊
သံဃာတော်အရှင်သူမြတ်အပေါင်းတို့အား၊ ဆွမ်းသင်္ကန်းအစရှိသော၊
လှူဒါန်းဖွယ်ရာအဖြာဖြာတို့ကို စုပေါင်းဆပ်ကပ်လှူဒါန်းပြီး၊
ကြွရောက်လာကြသည့် ဧည့်ပရိတ် အပေါင်းတို့အားလည်း၊
မြန်မာ့ရိုးရာ မုန့်ဟင်းခါး၊ ဒံပေါက်၊ မုန့်လုံးရေပေါ်များဖြင့်
ကျွေးမွေးဧည့်ခံသွားမည် ဖြစ်ပါသည်။
"BRO" ကျောင်းသား၊ ကျောင်းသူလေးများမှလည်း၊ ကြွရောက်လာကြသည့် ဧည့်ပရိတ်သတ်တို့အား၊
သင်္ကြန်ယိမ်းအက၊ ခေတ်ပေါ်တေးဂီတတို့ဖြင့် ဖျော်ဖြေဧည့်ခံသွားပါမည်။
သို့ဖြစ်ပါ၍ မလေးရှားရောက် မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး၊ လာရောက်ကြည်ညို သဒ္ဓါပွား၍
ပျော်ရွှင်စွာ ရေပက်ကစားနိုင်ပါကြောင်း ဖိတ်ကြားအပ်ပါသည်။


ကျင်းပရန်နေရာ
ရတနာရာမဘုန်းတော်ကြီးကျောင်း
အမှတ် 30 ၊ ဂျလန်း SS2/72 PJ - 0377271193


ဆက်သွယ်ရန် 
ဦးစန္ဒာသီရိ - 0102715376
ဦးဇာဂရဗုဒ္ဓိ - 0126253057


ရတနာရာမကျောင်းတိုက်ဆရာတော် ဦးစန္ဒာသီရိ၏ မိန့်မှာကြားချက်အရ
ပီနန်းဆရာတော်ဘုရားကြီးအမှူးရှိသော
သံဃာတော်အရှင်သူမြတ်များအား ဆွမ်း၊ သင်္ကန်း အလှူဖြစ်မြောက်ရေးနှင့်၊
မြန်မာ့ရိုးရာ သင်္ကြန်ပွဲ ဖြစ်မြောက်အောင်မြင်စွာကျင်းပနိုင်ရေးတို့အတွက်၊
မိမိတို့သဒ္ဓါတတ်အားနည်းများမဆို ပါဝင် ကုသိုလ်ယူနိုင်ရန် အလို့ငှာ၊
ကျွန်တော် ညီလင်းနိုင်မှ အနာဂတ်ကောင်းကင် မိသားစုဝင်တို့အား
နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်အပ်ပါသည်။



အလင်းအားဖြင့် ညမီးအိမ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...