စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဗိတိန်နိုင်ငံမှ လူသားစား ကွင်းဆက် လူသတ် ကောင်ကို ရာသက်ပန် အကျဉ်းချ




ဗြိတိန်နိုင်ငံ မြောက်ပိုင်း၊ အနောက် ရှော့ရှိုင်းယားနယ်ရှိ ဘရက်ဖို့ဒ် မြို့ရှိ တိုက်ခန်း တစ်ခုတွင် နေထိုင်သော တက္ကသိုလ် တစ်ခုတွင် ပါရဂူဘွဲ့အတွက် လူသတ်မှုများ ၏ သမိုင်းကို သုတေသန လုပ်လျက် ရှိသည့် အသက် ၄၀အရွယ် ပီအိတ်ခ်ျဒီ ကျောင်းသား စတက်ဖင်ဂရီဖစ်စ် ကိုသူ နေထိုင်ရာ တိုက်ခန်းမှ တိုက်ထိမ်းသိမ်း စောင့် ရှောက်ရေး တာဝန်ခံက လုံခြုံရေး ကင်မရာ အတွင်း တွင်သူ လူသတ် နေသည့်ပုံကို တွေ့မြင်ပြီး ရဲကို အ ကြောင်း ကြားရာမှ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ကင်မရာ က ရိုက်ကူးသည် ဗီဒီယိုတွင် ဂရီဖစ်စ်သည် ယခုရက် ပိုင်းအတွင်း တတိယမြောက် သတ်ဖြတ် ခဲ့သော အ သက် ၃၆နှစ် အရွယ် မစ်စ်ဘလာမီယားစ်မှာ သူ၏တိုက် ခန်းအတွင်းမှ ထွက်ပြေး ရပုံနှင့် နောက်မှ လိုက်လာ သော ဂရီဖစ်စ်က ဒူးလေးဖြင့် ခေါင်းကို ချိန်ရွယ်ပစ် သတ်ခဲ့ပုံ တို့ကို တွေ့မြင် ရသည်။ သူသည် သူမ၏ အလောင်းကို ဆွဲယူခဲ့ပြီး တီဗွီ ရှေ့တွင် ဒူးလေးကို မြှောက်လျက် အောင်ပွဲ ခံခဲ့ သည့်ပြင် အရက် ပုလင်းကို မြှောက်လျက် တို့စ်လုပ် ခဲ့သေးသည်။ သူ့ကို ရဲက လာဖမ်း သောအခါ ထွက်မပြေးပဲ `ဒီမှာဗျာ၊ ကျွန်တော်က အိုစမာဗင်လာဒင်´ဟု ဆိုခဲ့သည်။ သူက ယခု ရက်ပိုင်း အတွင်း သူသတ်ဖြတ် ခဲ့သည့် ဆူဆန်ရပ်ခ်ျဝပ်သ်၊ ရှယ်လီအာမစ် တေ့ဂ်ျ နှင့် ဆူဇန်ဘလာမီးယားစ် တို့ကို သတ်ဖြတ် ခဲ့ကြောင်း ၀န်ခံ ခဲ့သည့် အပြင် ပထမ နှစ်ဦး၏ အသား များကို ချက်ပြုတ် စားသောက် ခဲ့ပြီးနောက် တစ်ဦးကို အစိမ်းစား ခဲ့ကြောင်း ၀န်ခံ ခဲ့သည်။ သူသည် အသက် ၁၇နှစ် အရွယ် ကတည်းက ဆိုင်လုံခြုံရေး တစ်ဦး၏ လည်မျိုကို ဓါးဖြင့် ထိုးသည့် အတွက် ဖမ်းဆီး ခံခဲ့ရပြီး ၁၉၈၇ မှ ၂၀၀၉ ခုအတွင်း စိတ်ရောဂါ ဆရာဝန် သုံးဦးဖြင့် သီးခြား ဆေးရုံ သုံးခုတွင် ဆေးကုသ ခံခဲ့ရသည်။ ၂၀၀၇ နှင့် ၂၀၀၈တွင် အပြင် လူနာ အဖြစ် ဆေးကုသ ခံခဲ့ပြီး စိတ်ကျ ကုသ ဆေးများ ပေးခဲ့သည်။ စိတ်ရောဂါကု ဆရာဝန် များက အထူး အားဖြင့် မှတ်ချက်ပေး ခဲ့သည်မှာ `သူသည် စိတ်ဝေဒနာ ခံစား နေရသူ မဟုတ်´ဟု ဖြစ်ပြီး သူ့ကို `အလွန် အန္တရာယ် ရှိသူတစ်ဦး အဖြစ်´ သတ်မှတ် ခဲ့သည့်တိုင် သူ့ကို လူ့အဖွဲ့ အစည်း အတွင်း လွတ် လပ်စွာ နေထိုင်ခွင့် ပြုခဲ့ ကြသည်။ ယခု လောလောဆယ် သတ်ဖြတ် ခဲ့သော ပြည့်တန်ဆာ အမျိုးသမီး သုံးဦး အပြင် အခြား မည်မျှ သတ်ဖြတ် ခဲ့သည်ကို မသိရ သော်လည်း ယခင် အသတ်ခံ ရသူ ငါးဦးမှာ သူ့လက်ချက် ဖြစ်ကြောင်း ရဲက ထုတ်ဖော် နိုင်ခဲ့ သည်ဟု ဆိုသည်။ သူက ယခု သတ်ဖြတ်သူ သုံးဦးကို သတ်ဖြတ်ကာ ဖြတ်တောက် တုံးတစ် ထားပုံများ ဗီဒီယို  ရိုက်ကူးထား သည်လည်း ရှိသည်။ အမျိုးသမီး များ၏ ခန္ဓာကိုယ် အပိုင်းအစ များကို ကျောပိုးအိတ် ထဲတွင် ထည့်လျက် စွန့်ပစ် ခဲ့သည်။ သူသည် နာမည်ကြီး ကွင်းဆက် လူသတ် သမား ယော့ရှိုင်းယား ရစ်ပါ ပီတာဆပ်ကလစ်ဖ်ကို အားကျသူ ဖြစ်ပြီး နာမည်ကြီး ရာဇ၀င်တွင် လူသတ် သမား ဖြစ်လိုသူ ဖြစ်သည်။ တရားသူကြီး အိုးပင်းရှောက သူ့ပြစ်မှုအား `ယုတ်မာပြီး ဘီလူးသရဲ စီးမျှ စက်ဆုတ် ဖွယ်´ အဖြစ် တန်ဖိုး ဖြတ်လိုက်ပြီး သူ့အား ကျန်ဘ၀ တစ်သက် လုံးကို အကျဉ်း ထောင်ထဲ တွင်သာ ကုန်ဆုံး ရမည် ဖြစ်ကြောင်း ပြောကြားသည်။

Source : www.mailonsunday.co.uk

MC WAI YAN !

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...