စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အမွှေးပါသော ထူးဆန်းသော ထရောက်ငါး







အမွှေးအမျှင်တွေပါတဲ့ ထူးဆန်းသော ထရောက်ငါးကို မြောက်အမေရိက အထူးသဖြင့် Canada , Montana ,
Wyoming , Colorado နဲ့ Great lakes တို့မှာ တွေ့နိုင်ပါတယ် ။ ဒီငါးတွေဟာ စိတ်ကူးယဉ် ပုံပြင်ဆန်တဲ့ ငါးတစ်မျိုး
လည်း ဖြစ်ပါတယ် ။ ပုံပြင်တွေအရဆိုရင်တော့ သူတို့ နေထိုင်ကျက်စားရာ ရေပြင်တွေ ကန်တွေနဲ့ ပင်လယ်တွေဟာ
အရမ်းကို အေးလွန်းတဲ့အတွက် ဒီငါးတွေဟာ သူတို့ကို သူတို့ အနွေးဓါတ်ရစေရန်အတွက် အမွှေးအမျှင်တွေ ထွက်
ပေါ်လာရခြင်းဖြစ်တယ်လို့ ဆိုပါတယ် ။ နောက်ပုံပြင်တစ်ခုကတော့ အမွှေးအမျှင်တွေ အပြည့်ပါတဲ့ ခရားအိုး လေးလုံး
ဟာ Arkansas မြစ်ထဲကို မျောပါလာတဲ့အတွက် အဲဒီငါးတွေဟာ အမွှေးတွေပေါက်လာရခြင်းဖြစ်တယ်လို့ဆိုပါတယ် ။
တကယ့် တကယ်မှာတော့ ဒါဟာ နားလည်မှုလွဲနေတာပဲဖြစ်ပါတော့တယ် ။ ၁၇ ရာစု စကော့တလန် လူမျိုးစုတွေရဲ့
ရေးသားထားတဲ့ စာတမ်းတွေအရ ဒီလို အမွှေးပါတဲ့ ငါးတွေများပြားလာခြင်းဟာ ကမ္ဘာသစ်မှာ သူတို့ အမွှေးတွေနဲ့ တင်
မြို့တည်လို့ရလောက်အောင်များပြားလာလိမ့်မယ်တဲ့ ။ တကယ်တော့ မှိုတစ်မျိုးဖြစ်တဲ့ Cotton mold-Saprolegnia
ဟာ ဒီငါးတွေကို ကူးစက်သွားတာ ဖြစ်ပါတယ် ။ အဲဒီမှိုပိုးဟာ ငါးတွေရဲ့ ခန္တာကိုယ်မှာ အမွှေးသဏ္ဍာန် ပရိုတိန်းတစ်မျိုး
ကို ပွားများလာစေခြင်းဖြစ်ပါတယ် ။ဒါဟာ ရောဂါပိုးတစ်မျိုးဖြစ်ပြီး ပိုးကူးစက်တာများသွားရင်တော့ ငါးတွေကို သေစေ
နိုင်ပါတယ် ။ ငါးတွေသေသွားပေမယ့်လည်း အမွှေးတွေကို ပွားများစေတဲ့ မှိုရောဂါပိုးက ဆက်လက်ပွားများလာတဲ့
အတွက် ကမ်းခြေတွေမှာ အမွှေးဖြူတွေ ဖုံးအုပ်နေတဲ့ ငါးတွေကိုတွေ့ရလေ့ရှိပါတယ် ။


Ref:သက်တန့်ချို

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...