စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရသ(၉) ပါး၊ ၀င်္က၀ုတ္တိအလင်္ကာနှင့် နိမိတ်ပုံ

ရသ(၉) ပါး၊ ၀င်္က၀ုတ္တိအလင်္ကာနှင့် နိမိတ်ပုံ..။
                      အင်း..... ဆိုက်တွေမှာ စာတွေ ၀င်ဖတ်နေရင်းနဲ့  ကကြီးသတိထားမိလာပါတယ်.... ကဗျာရေးသူတွေ ကဗျာ ချစ်သူတွေ အတော်တိုးတက်များပြားလာတာကို တွေ့ရ  မြင်ရ တော့   အလွန်ပဲ အားရ ပီတိဖြစ်လာရပါတယ်....။
                   တစ်ချိန်တုန်းကဆိုရင် ဆိုက်တစ်ဆိုက်မှာ  တစ်နေ့မှ ကဗျာလေး ၈ ပုဒ်လောက်သာ  တက်ခဲ့တာပါ...ခုတော့ ဟိုစဉ်အချိန်
တွေနဲ့ ခြားနားစွာ ကဗျာချစ်သူ ကဗျာရေးသူတွေ တိုးတက်လာကြ   ခံစားလာကြတာ တွေ့ပါတယ်.... ဒီလိုတွေ့လာရတဲ့ အခါမှာ ကကြီး
ဒီလူတွေရဲ့ ကဗျာလေးတွေကို ဖတ်ကြည့်မိရာကနေ လိုတာလေးတွေ.... မပြည့်စုံတာလေးတွေကို မြင်လာခဲ့ရတော့ ...ကကြီးသူတို့ကို
ကူညီပေးချင်တဲ့ စိတ်ကလေး ဖြစ်လာခဲ့ပါတယ်...။
                  ဒီကူညီမှုဟာ တခြားမဟုတ်ပါဘူး.... တစ်ချိန်က ကကြီး ကဗျာတွေနဲ့ပါတ်သတ်လို့  ကူညီလက်စရှိခဲ့ဖူးသလို  သိသလောက်လေး ပြောပြဖို့ပါပဲ..... ကကြီး ဆုံးဖြတ်လိုက်ပါတယ်.... အလွန်သိမ်မွေ့နက်နဲ့တဲ့ ....စကားချုံ စကားပိုဒ်တွေ (ကဗျာ)ကို မြတ်နိုးသူတွေ အတွက်....ကဗျာတစ်ပုဒ် ဒါမှမဟုတ် စာတစ်ပုဒ်မှာ မဖြစ်မနေပါရမယ့်..... အဓိက အကြောင်းချင်းရာလေးတွေ ကို  ဒီပိုစ့်လေးကနေ ပြောပြချင်ပါတယ်.... ဒီပြောပြမယ့် အကြောင်းအရာတွေဟာ... အရင်က လေးချိုး၊ဒွေးချိုးတြိချိုး၊ ဧချင်း၊ အိုင်းချင်းနဲ့ပတ်ပျိုး  အစရှိသဖြင့်သော ရှေးစပ်ဆိုပုံတွေနဲ့ သက်ဆိုင်နေရုံမျှမက  အခုလက်ရှိမှာ ပြောင်းလဲ ပေါ်ပေါက်လာတဲ့.....   မော်ဒန်၊ ပိုစ့်မော်ဒန်၊ အယ်လ်ပီ၊ အက်ဆေး ၊လက်တားဖော်ဖရီးဒန်းနုတ် လို့ခေါ်တဲ့အလွတ်ရေးမှတ်စုတို ကဗျာတွေနဲ့ပါသက်   ဆိုင်နေပါ တယ်....။  ဒီအတွက် ကဗျာကို လေ့လာသူတွေ... မြတ်နိုးသူတွေ.. ဖန်တီးလိုသူတွေ...ခံစားလိုသူတွေ အတွက်  ကကြီးရဲ့ ခုရေးတဲ့ ပိုစ့်ဟာ  အနည်းငယ် အထောက်အကူဖြစ်စေမှာပါ.... ဒီလို ဖြစ်သွားစေတယ် ဆိုရင်ပဲ ကကြီးခုလို သိသလောက်လေး မျှပေးရကျိုး နပ်ပါတယ်...။ သိတဲ့လူတွေလဲ ပိုသိ၊ မသိသေးသူတွေလဲ သိသွာတဲ့ အခါကြတော့  ထပ်မံဖန်တီးမယ့် ကဗျာတွေဟာ.... လေးနက်တဲ့ ပုံဆောင်မှုရှိတဲ့ ကဗျာတွေ အဖြစ် ပေါ်ထွန်းလာမှာ အမှန်ဧကန်မလွဲဆိုတာ ကကြီး သိနေပါတယ် ..... ဒါကြောင့် ဒီပိုစ့်လေးကို သိသလောက်လေး ပြောပြမိပါရဲ့.....
          ပထမဦးဆုံးအနေနဲ့ (ရသ-၉) ပါး အကြောင်းကို ပြောပါမယ်....။
ရသ(၉)ပါးဆိုတာ ....
၁။ သိင်္ဂါရ ရသ = ချစ်ခင်ခြင်း ။
၂။ဟဿ ရသ = ရယ်ရွှင်ခြင်း ။
၃။ကရုဏာ ရသ =သနားကြင်နာခြင်း ။
၎။ရုဒ္ဒ ရသ = ကြမ်းကြုတ်ခက်ထန်ခြင်း ။
၅။ဝီရ ရသ =ရဲရင့်ခြင်း ။
၆။ဘယာနက ရသ =ကြောက်ရွံ့ခြင်း ။
၇။ဝိဘစ္ဆ ရသ = စက်ဆုတ်ခြင်း ။
၈။အဗ္ဘုတ ရသ = အံ့သြခြင်း ။
၉။သန္တ ရသ = ငြိမ်းအေးခြင်း ... နဲ့ (မိဘ၏အချစ်ဟူသော ၀စ္ဆလျ "၀စ္ဆလ" ရသကို ထည့်၍ ရသ(၁၀)ပါး ဟုလည်း ဆိုပါသည်။)
                                                 
                     အချုပ်အားဖြင့်တော့ ရသ(၉)ပါး ဟု မှတ်ယူပါ....။
                   အထက်က ဖော်ပြခဲ့တဲ့  ရသ(၉)ပါးဟာ..... မည်သည့်စာမှာမဆို အနည်းဆုံး ရသ တစ်ခုတော့ ပါရပါမည်.... ကဗျာတွင် ဖြစ်စေ... ၀တ္တုတို၊ ၀တ္တုရှည် တွင်ဖြစ် မပါမဖြစ် ပါဝင်အောင် ဖန်တီးသူက ပြုလုပ်ရပါသည်....။ ထိုသို့ ပြုလုပ်သည် ဆိုရာဝယ်
ကကြီး အကြောင်းသင့်လို့ ပြောရပါဦးအံ့.... စာပေသည် အနုပညာထဲတွင် အခြားတစ်ပါး အနုပညာများနဲ့ ခြားနားစွာ နက်နက်နဲနဲ နေ
ရာမှာ ရှိနေသော ပညာရပ်တစ်ခု ဖြစ်ပါသည်...။ ထိုနက်နဲသော စာပေအနုပညာကို ဖန်တီးသူသည်.... မိမိ ဖန်တီးပြုလုပ်မှုများလို့ဆိုနိုင်
သော အထူးသဖြင့် ကဗျာများတွင်..... တကယ့် ခံစားမှုမရှိပဲ ရေးဖွဲ့ဖန်တီးမှု မပြုအပ်ပါ... အများအထင်ကြီးအောင်... အများလုပ်လို့ ငါလိုက်လုပ် သည်... သူရေးသလို ငါလိုက်ရေးသည်... စသည်သဖြင့်သော  စိတ်လိုအင်နှင့် ရေးဖွဲ့သော စာ..၊ကဗျာ များသည်...
ကဗျာဟု စာ ဟု မဆိုအပ်ပါပေ...။ တကယ်ခံစားမှု စစ်မှန်သော ကဗျာနှင့် စာများတွင် ဖန်တီးသူ၏ ဝေဒနာ ပါနေသည်ကို တကယ်ထဲ့ထဲ့
ဝင်ဝင် ကဗျာနှင့်စာများကို လေ့လာလိုက်စားသူများ မြင်တွေ့နိုင်ပါသည်.... ထိုကြောင့်  စာရေးသားရာတွင် ရိုးသားမှု လိုအပ်သည်ဟု
ပြောကြခြင်းလည်း ဖြစ်ပါသည်...။ ကဗျာဆိုတာ ဝေဒနာ (ခံစားမှု) မပါရင် ကဗျာရယ်လို့ မဖြစ်ပါဘူး....။ တကယ့် ဖတ်သူရင်ထဲရောက်
စေသော ကဗျာတိုင်းတွင် ရေးသူ၏... ဖန်တီးသူ၏ ဝေဒနာ(ခံစားရမှု) သည် ထပ်တူရောက်သွားစေပါသည်....။ ထို့ကြောင့် ရေးသားသမျှ
ကဗျာနှင့် စာများ..စကားပြေ များတွင် အထက်ပါရသ(၉)ပါး တစ်ပါးမဟုတ်တစ်ပါးသည် ပါဝင်သွားခြင်းလည်းဖြစ်ပါသည်...။
                   ဆက်လက်၍ -- ၀င်္က၀ုတ္တိအလင်္ကာနှင့် ပါတ်သတ်သော ပုံပြလေးတစ်ခုကို ဆက်ပြောပါမည်...။ ၀င်္က၀ုတ္တိအလင်္ကာ ကို မြန်
မာစာ ယူထားသော တက္ကသိုလ်ကျောင်းသားတိုင်းသိပါသည်.... ၀င်္က၀ုတ္တိအလင်္ကာ ဆိုသည်မှာ....သွယ်ဝိုက်ယဉ်ကျေးစွာ ပြဆိုခြင်း ..ဖြစ်
ပါသည်....
             ဥပမာ.. ၀ုတ္တိအလင်္ကာမြောက် ရေးဖွဲ့မှုတစ်ခုအား သာဓကပြရလျှင်... အနောက်နန်းမတော် မမြလေး၏ "ချစ်သမျှကို" ပတ်ပျိုးမှ
စာတစ်ချို့ကို ကောက်နှုတ်၍ ကကြီး ပြလိုပါသည်...။
                       "ရုံးညှာပြိုင် ၊ အုံးပိုင်သဉ္စာကြွေ့ မှာတဲ့လေ၊
                       ကြိုးမည့်နောင်တာ၊ ရိုးပြာမြေ၀ယ် မြေ့စေတော့လေး...."
               ဟု ဖွဲ့နွဲ့ထားရာတွင် "ရိုးပြာမြေ၀ယ် မြေ့စေတော့လေး...." ဟူသော အသုံးသည် "ရိုးမြေကျ" ဆိုသော စကားရပ်နှင့် အဓိ ပ္ပါယ် တူပါသည်.... သို့သော် "မမြလေး" သည် ရိုးမြေကျဆိုသော စကားကိုဖွဲ့ရာတွင် ထပ်ဆင့်လှပစွာ  ဖွင့်ဆိုလိုက်သည့်...
"ရိုးပြာမြေ၀ယ် မြေ့စေတော့လေး...." ဆိုသော ပါတ်ပျိုးပါ စကားအင်္ဂါသည် ၀ုတ္တိအလင်္ကာ မြောက်သွားစေပါသည်...ပိုလှပ သိမ်မွေ့သွား
စေသော ယင်းစကားစုသည် အဓိပ္ပါယ်အားဖြင့် အကျယ်ချဲ့ပြောရသော်..... အတိသယ၀ုတ္တိအလင်္ကာ.. မြောက်သော စာအစုအဝေးတစ်
ခု ဖြစ်သွားပါသည်..။ 
                ရိုးမြေကျ ဟု သုံးလိုက်လျှင် စကားသည် ရိုးသွားမည် ဖြစ်သော်လည်း ထိုစကားကိုမှ "ရိုးပြာမြေ ၀ယ် မြေ့စေတော့လေး."
ဟု ပြောင်းလဲဖန်တီးသုံးစွဲလိုက်ရာ...လေးနက်သော ပုံယောင်အသွင်ကိုလဲ ဆောင်သွားပါတော့သည်... ထိုကဲ့သို့ ဆောင်သော ပုံယောင်
စကားစုကို နိမိတ်ပုံယောင်ဟုလည်း ခေါ်ပါသေးသည်....
     နိမိတ်ပုံ ဆိုသည်မှာ....... ကိုယ်ပြလိုသော ကဗျာတွင်း  ထဲ့သွင်းထားသော အကြောင်းအရာကို ဖတ်သူအား ဒဲ့မပြပဲ  သွယ်ဝိုက်၍
လှပစွာ အတွေးပေး၍ ချပြ  ရေပြပေးခြင်းဖြစ်ပါသည်....။ dedicate--စာရေးသူက တစ်စုံတစ်ဦး (ဖတ်သူမှ) သိစေရန် သူဖန်တီးသောစာ
တွင် နှစ်မြုပ်ထားသော ကဗျာသည် နိမိတ်ပုံယောင်ပါသော ကဗျာ ဟု ဆိုပါသည်...။
      နိမိတ်ပုံယောင်နှင့်ပါတ်သတ်၍ အရှင်းဆုံး ဥပမာ ပြုရလျှင်.... ကကြီးတို့ မြန်မာနိုင်ငံမှ ကမ္ဘာကျော် မြန်မာ့ရုပ်ရှင်ကားများထဲမှ
ဇတ်ကွက်တချို့နှင့် ပြပါမည်.... ဇတ်လမ်းထဲတွင်.... မင်းသမီးအား လူကြမ်းကြီးမှ အဓမ္မ ပြုကျင့်သောအခန်းတွင်  အဓမ္မပြုကျင့်မည့်
ဟန်ရိုက်ပြပြီးနောက်  ချက်ချင်း မြင်ကွင်းပြောင်းကာ ပန်းကလေးအား ရေနွေးပူလောင်းလိုက်ခြင်း....သို့မဟုတ် ပန်းကလေး ကြွေကျ
သွားပုံ ကိုပြလိုက်ခြင်းသည်... နိမိတ်ပုံယောင်သင်္ကေတ ကို သုံးလိုက်ခြင်းဖြစ်ပါသည်... မလျော်ရာကို ချမပြလိုသည့် အတွက် ကြည့်ရှု့
သူ အော်တိုမစ်တစ် တွေးခေါ်သဘော ပေါက်သွားအောင်  နိမိတ်ပုံဆောင်ပေးလိုက်ခြင်းဖြစ်ပါသည်...။
        အချုပ်ဆိုရသော် နိမိတ်ပုံဆိုသည်မှာ အဖြောင့်သဘောစာကြောင်းနှင့် ရေးဖွဲ့သော စာမျိုးမဟုတ်ပဲ ဖတ်သူက သူဘာသာ သူတွေးခေါ် ၍ ပေါ်လာစေနိုင်သော အကြောင်းအရာ (message) ပေး ဖော်ပြခြင်းပါဝင်စေခြင်း ဖြစ်ပါသည်..။
                 ဒီလောက်နှင့်ဤပိုစ့်ကို နားခွင့်ပြုရင် ကကြီး စာကိုဖတ်မိသော ကဗျာချစ်သူ၊ မြတ်နိုးသူ၊ ဖန်တီးသူအပေါင်း ကဗျာနှင့် ပါတ်သတ်သော အတွေးအမြင် ဗဟုသုတတွေ ရရှိပါစေ....။
                                                                   ကကြီး။ kyagee13@gmail.com(7.3.2012)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...